ဒီနှစ်သင်္ကြန် နေတိုး ဘယ်မှာရှိမလဲ

0
319

Nay-Toe-(2)ဒါရိုက်တာ သြရသ ရိုက်ကူးပြီး နေတိုး၊ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟု ရန်မေ၊ ထွန်းထွန်း၊ ခင်ဝင့်ဝါ တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကား ကတော့ ရိုက်ကူးမှု ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဘဝဆန်ဆန် ပုံဖော် ထားတဲ့ ဒီဇာတ်ကားမှာ ဗီယက်နမ် မင်းသမီး နဲ့အတူ သရုပ်ဆောင်ရတဲ့ အပေါ် အခက်အခဲ မရှိခဲ့ဘူးလို့ နေတိုးက ဆိုပါတယ်။ ငုရင်နဲ့ အတူတွဲ သရုပ်ဆောင်တဲ့ အပေါ် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး နေတိုးက…

“ကျွန်တော်တို့ သူနဲ့တွဲပြီး အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ ကျွန် တော်တို့ မရိုက်ကူးခင် Workshop  တွေလည်း အများကြီး လုပ်ထားကြတယ်။ ဘာသာစကား အခက်အခဲ တွေလည်း မရှိခဲ့သလို၊ စိတ် အနှောင့်အယှက်ဖြစ် တာမျိုး လည်းမရှိပါဘူး။ ဒီဇာတ်ကားက ကြို တင်ပြင်ဆင်ချိန် လည်း အများကြီး ရခဲ့တယ်။ သူလည်း သရုပ်ဆောင်ပိုင်းမှာ အများကြီး ကြိုးစားတယ်။ ဇာတ်လမ်း ထဲမှာဝင်ပြီး သရုပ်ဆောင် ရတာလည်း အဆင်ပြေ ကြပါတယ်။ ရှုတင်ကလည်း ခန့်မှန်းထားတဲ့  Schedule အတိုင်း ပြီးစီးပါတယ်” လို့ ပြောပြပါတယ်။

နေတိုးက နောက်ထပ်လည်း စွန့်စားခန်းတွေ ပါဝင်မယ့် Adventure ဆန် ဆန်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စတီးလ်နဲ့အတူ မေမြို့မှာ သွားရောက်ရိုက် ကူးဦးမယ်လို့ သိရပါတယ်။ သင်္ကြန် အချိန်လည်း နီးကပ်လာပြီ ဖြစ်တဲ့အတွက် နေတိုး သင်္ကြန်ကို ဘယ်မှာ ကုန်ဆုံးမလဲ မေးမြန်းတော့ “ကျွန်တော် သင်္ကြန်ကတော့ အိမ်မှာပဲရှိမှာပါ။ မိသားစုနဲ့ပဲပေါ့။ ဘယ်မှတော့ သွားမှာ မဟုတ်ပါဘူး။ ပရိသတ်ကြီး လည်း နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြ ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်” လို့ နေတိုး က ပြောပါတယ်။ နေတိုးက ၈လပိုင်းမှာလည်း နှင်းဆီအဖွဲ့နဲ့အတူ အမေရိက ပရိသတ်တွေ အတွက် တစ်လ ကြာ သွားရောက် ဖျော်ဖြေပေး ဦးမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here