ဝါးလုံးမှာ မိုက်ချည်ပြီး သီချင်းဆိုခဲ့ရတဲ့ မင်းသွေး ရဲ့အဖြစ်

0
196

Min-Thwayသရုပ်ဆောင်၊ အဆိုတော် မင်းသွေးက မတ်လဆန်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းဘက်က ရွာတစ်ရွာမှာ သီချင်းဆိုရင်း အမှတ် တရ ဖြစ်ရပ် တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါက တော့ စင်ပေါ်မှာ Mic Stand မရှိတဲ့ အတွက် ဝါးလုံးမှာ မိုက်ချည်ပြီး သီချင်း ဆိုခဲ့ရ တာပဲ ဖြစ်ပါတယ်။ သူ့ ရဲ့ ဖျော်ဖြေရေး အတွေ့အကြုံကို မင်းသွေးပြောပြတာက

“အဲဒီက အစကတော့ ရွာမဟုတ်ဘူး။ တဖြည်း ဖြည်း လူတွေ နေထိုင်ကြရင်းနဲ့ ရွာလေး ဖြစ်လာတာ ပေါ့။ ကျွန်တော်တို့ မင်းသွေး နဲ့ ဆွေမျိုး တစ်သိုက် ဆိုတဲ့ အဖွဲ့လေးက ကျောင်းလေး လှူဖူးတာ ရှိတယ်။ ဒီတစ်ခေါက် ကတော့ အဲဒီမှာ ဘုရား ထီးတင်ပွဲပေါ့။ အားလုံး ကလည်း လာစေချင် တော့ ကျွန်တော် သွားဆို ဖြစ်တယ်။ အဲဒီဘက် က နည်းနည်းလည်း လှမ်းတော့ ကျွန်တော် ဟော်လို ဂစ်တာလေး ယူလာမယ်။ အသံတွေ ဘာတွေ အဆင်မပြေရင် ဂစ်တာနဲ့  တီးဆိုမယ်ပေါ့။ ဟိုရောက်တော့ ကျွန်တော် CD နဲ့ဆိုကြည့် သေးတယ်။ ရယ်စရာကောင်း သလို ပျော်စရာလည်း ကောင်းပါတယ်။ ဆောင်း ဘောက်တွေက စင်အရှေ့မှာပဲ ရှိတယ်။ မော်နီ တာ မရှိဘူး။ ကျွန်တော့် အသံ ကျွန်တော် ပြန်မ ကြားရဘူး။ ပြီးတော့ မိုက်ကလည်း ဘုန်း ကြီးတရား ဟောတဲ့ မိုက်ဆိုတော့ Echo  သံတွေလည်း အ များကြီး ပဲ။ အဲဒီ တော့ အသံတွေက လည်း ယိမ်းနေ တယ်။ အဲဒါနဲ့ ဂစ် တာနဲ့ ဆိုမယ်ဆို တော့ လည်း Mic Stand  မရှိဘူး။ ဒါနဲ့ပဲ ဝါးလုံး မှာ မိုက်ချည်ပြီး အောက်ကတစ် ယောက်က ကိုင်ပေး ထားရတယ်။ ကိုင် ပေးထားရတော့ အောက်က လှုပ်တာနဲ့ ဘာနဲ့ ဆိုတော့ မငြိမ် ဘူး။ မိုက်နောက်ကို လူက လိုက်ပြီး ဆိုရတယ်။ ပျော်စရာလည်း ကောင်းပါတယ်။ အလှူပွဲလည်း ဖြစ် တော့ အားလုံး ပျော်ပျော် ပါးပါးပါပဲ” လို့ မင်းသွေးက ပြောပြ ပါတယ်။

မင်းသွေးက သူ့ အနေနဲ့ ရုပ်ရှင် သရုပ်ဆောင်ခြင်း နဲ့ သီချင်းဆိုခြင်း အနုပညာတွေမှာ သူကိုယ်တိုင် ဝါသနာ ပါတဲ့ အတွက် နှစ်ခုလုံး လုပ်ရတာ ပျော်ရွှင် ကျေနပ်တယ်လို့ ဆိုပြီး တခြားဝါသနာ ပါတာတွေ လည်း ရှိသေးတယ်လို့ ဆိုပါတယ်။

“ကျွန်တော်က နှစ်ခုစလုံးမှာ နှစ်သက်တဲ့ အတွက် ဒီနှစ်ခုထဲက ဘယ် အလုပ်မဆို လုပ်နေရ လုပ်နေရ ကျေနပ်ပါတယ်။ ဒါကတော့ လက်ရှိ လုပ်နေတဲ့ အလုပ်ပေါ့။ တခြား ဝါသနာပါတာတွေ ရှိသေးတယ်။ Edit လုပ်တာတို့ဘာတို့ စသဖြင့်ပေါ့။ ပရိသတ်ရှေ့  ကို ရောက်လာတာက တော့ သရုပ်ဆောင်နဲ့ အဆိုနဲ့ပေါ့”လို့  မင်းသွေးက ပြောပါတယ်။

ရဲရဲ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here