သင်္ကြန်မတိုင်ခင် ပရိသတ်တွေနဲ့ အလှူလုပ်မယ့် ဝတ်မှုံရွှေရည်

0
401

Witt-Hmoneဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ “ဂျုံးဂျုံးဂျက်ဂျက်” ရုပ်ရှင် ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က ဝိညာဉ်မလေး အဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။ စိုင်းစိုင်း ခမ်းလှိုင်နဲ့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့ပေမယ့် ရုပ်ရှင်အနေနဲ့ ပထမဆုံး ပြန်လည် ရိုက်ကူးဖြစ်ပုံ ကိုတော့ ဝတ်မှုံရွှေ ရည်က..

“ပရိသတ်တွေ အတွက် ရိုက်ပေးတာပေါ့။ ကိုဇော်နဲ့ကလည်း အ ကြာကြီးနေ မှပြန်ဆုံတဲ့ဇာတ်ကားပါ။ ကိုစိုင်းနဲ့က ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားပေါ့။ ဗီဒီယိုတွေတော့ ရိုက်ဖူးပါတယ်။ ပရိုဂျူဆာကလည်း ကမ်းလှမ်းတာရယ်၊ ကိုဇော်နဲ့လည်း ဖြစ်နေတယ်။ ပရိသတ်တွေ လည်း စိတ်ဝင်စားမယ် ထင်လို့ ရိုက်ဖြစ်တာပါ” လို့ ပြောပါတယ်။  ဒီဇာတ်ကားက ဝိညာဉ်ဟာသ ရိုမန့် ဇာတ်လမ်းဖြစ်ပြီး ဒီလို ဇာတ်လမ်းမျိုး တစ်ခါမှ မရိုက်ဖူးသေး ကြောင်း ပြောပါတယ်။ “အမှတ်တရ ကတော့ တစ်ကား လုံးက ရထားပေါ်မှာပဲ ဖြစ်သွားတယ်။ ဒီလို ဇာတ်ကားက ဆန်းဆန်းလေး ဖြစ်နေတာပေါ့။ ပြီးတော့ ကစ်သရုပ်ဆောင် ရတဲ့ပုံစံမျိုးကလည်း ဒီလိုကာရိုက်တာမျိုး မလုပ်ဖြစ်ဘူး။ ဒီလို ဇာတ်လမ်းမျိုး လည်း မရိုက်ဖူးသေးဘူး” လို့ ပြောပါတယ်။ ဒီဇာတ်ကား ကိုတော့ ဧပြီလ ၇ရက်နေ့မှာ ရုံတင် ပြသ သွား မှာဖြစ် ပါတယ်။ ဝတ်မှုံရွှေရည်က သင်္ကြန်မ တိုင်မီ ဧပြီလ ၈ ရက်နေ့မှာ We love Wutt Hmone Shwe Yee ပရိသတ်တွေနဲ့ အတူ အလှူ အတူတူ လုပ်ဖို့ အစီအစဉ် ဆွဲထားပါတယ်။ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံပြီး အလှူဒါနတွေ အတူ လုပ် သွားမှာဖြစ်ကြောင်းကို ဝတ်မှုံရွှေရည်က “ပရိသတ်တွေနဲ့ အလှူအတူ မလုပ်ရတာလည်း ကြာပြီ။ ပရိသတ် တွေကလည်း တွေ့ချင်တယ်။ ကစ် လည်း ပရိသတ်တွေ နဲ့ တွေ့ချင်တယ်။ တွေ့တာ ကိုလည်း ဒီအတိုင်း မတွေ့ချင်ဘူး။ အလှူလေးလည်း ဖြစ်သွားအောင် သူတို့တွေ နဲ့ လည်း ပျော်ပျော် ပါးပါး အလှူဒါနလေး လည်း ပြုချင်တယ်။ နောင်ဘဝ လည်း ရေစက် ပါအောင်ပေါ့”လို့ ပြော ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here