မြန်မာပြည် ပြန်လာချိန် တိုင်း အကြိမ်ကြိမ် သွားရောက်ချင်ခဲ့ပေ မယ့် မအားမလပ်ခဲ့ဘဲ အလုပ်တွေ ကြားမှာ လှုပ်ရှားနေ ရတာမို့ မသွား ရောက်နိုင်ခဲ့ပါဘူး။ အသက် ၁ဝ၄နှစ် ရှိ အဘိုးအဘွားတွေ နဲ့ မတွေ့ရတာ ၁၄နှစ် ရှိပြီလို့ ဆိုလာသူကတော့ ကမ္ဘာကျော် MMA ဖိုက်တာ အောင်လအန်ဆိုင်းပဲ ဖြစ်ပါတယ်။
“ရင်ထဲမှာ ကျွန်တော်အရမ်း ဝမ်းသာတယ်။ အဘိုးအဘွား နဲ့ မတွေ့ရတာ ကြာပြီ။ သူတို့ကိုလည်း အရမ်း ချစ်တယ်။ ဒီလိုမျိုးတွေ့ရ မယ် ဆိုတော့ အရမ်းပျော်ပါတယ်” လို့ အောင်လအန်ဆိုင်းက ပြောပါ တယ်။ အောင်လအန်ဆိုင်း က သူ့ရဲ့ တိုက်ခိုက်မှု စွမ်းရည် လေ့ကျင့်တဲ့ လက်ဝှေ့အိတ်၊ အင်္ကျီ၊ ဘောင်းဘီ၊ ရွှေတံဆိပ်ဆု အပါအဝင် အသုံး အဆောင် ပစ္စည်း ၁၃ မျိုးကို လေလံတင် ရောင်းချခဲ့ရ မှာတော့ သိန်း ၆ဝ နည်းပါး ရရှိခဲ့ပါတယ်။ အဆိုပါ ငွေကြေးအပါအဝင် အလှူ ရှင်များက လှူဒါန်းတဲ့ ငွေကြေးများကို တော့ ရန်ကုန်မြို့ရှိ သုခရိပ်မြုံ မိဘမဲ့ ကလေးကျောင်းနဲ့ ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည် စခန်းများကို သွားရောက် လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
မျိုးကျော် (ကနောင်သွေး)