Lighting Festival နဲ့ အလှမယ် ပြည့်ဝတီမောင် ရဲ့ အလှပုံရိပ်များ

0
271

ZAW_6120အခုရက်သတ္တပတ်အတွင်း Hot  ဖြစ်နေတဲ့ အကြောင်းအရာ တစ်ခုကတော့ ရန်ကုန် မြို့၊ ပြည်သူ့ဥယျာဉ် မှာကျင်းပနေတဲ့Myanmar International Lighting Festival 2017  ပါပဲ။ ညဘက်ဆို လူမှုကွန်ရက် စာမျက်နှာထက်တွေမှာ  Lighting Festival က မီး အလှတွေနဲ့ အလှပုံတွေ တင်ရင်း ဖြတ်သန်းနေကြ တာတွေလည်း တွေ့နေ ရပါတယ်။ အဓိက ကတော့ လူငယ်တွေ အတွက် ခံစားချက်တွေ များစွာ ပေးစွမ်းနိုင်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် လူငယ် တစ်ယောက် အနုပညာရှင် တစ်ယောက်ဖြစ် တဲ့ ပြည့်ဝတီမောင် ရဲ့  Lighting Festival မှာဖြတ်သန်းဖြစ်ခဲ့တဲ့ အလှပုံရိပ်တွေကို ရိုက်ကူးတင် ဆက် မေးမြန်းဖြစ်ခဲ့ ပါတယ် ။ ပြည့်ဝတီ မောင် ကတော့ Miss Universe Magway 2016 အလှမယ်တစ် ယောက်လည်း ဖြစ်သလို ၂ဝ၁၆ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲရဲ့ ရွှေကြိုမယ် တစ်ယောက် လည်းဖြစ်ပါတယ်။ Lighting Festival နဲ့ သူမရဲ့ ခံစားချက်က…

“အခုလိုပွဲတော်တွေ ပေါ်ပေါက် လာတာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူ ငယ်တွေရဲ့ စိတ်ထွက် ပေါက်ပေါ့နော်။

စိတ်ထွက်ပေါက် ဆိုတာက လူငယ်တချို့ဆို Night Out တွေဘာ တွေထွက်တယ်။ Night Out ထွက်လို့မရတဲ့ လူငယ်တွေကျတော့ မိသားစု လိုက်လာတာ ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အပေါင်း အဖော်တွေနဲ့ပဲ လာတာပဲဖြစ်ဖြစ် ပျော်စရာလည်း ကောင်းတယ်။ ပြီးတော့ အခုခေတ်က Selfie ခေတ်ကို ရောက်နေတဲ့ အတွက် ဓာတ်ပုံလှလှလေး လိုချင်ကြတယ်။ တစ်ပုံနဲ့တစ်ပုံ မတူအောင် ဆန်းသစ်တဲ့ အမြင်တွေရယ်၊ ဆန်းသစ်တဲ့ post တွေရယ် အမျိုး မျိုးပြောင်းပြီးတော့ ရိုက်တတ်ကြတယ်။ ဒီပွဲတော်က လူငယ်တွေ အတွက်  စိတ်ဓာတ်ပျက်ပြားစေတဲ့ ပွဲတော်လည်း မဟုတ်ဘူး။ ဒီအတိုင်း ဓာတ်ပုံ ရိုက်ကြတဲ့ ပွဲတော်လို့လည်း ပြောလို့ရတာပေါ့နော်။ တစ်ထောင့် တစ်နေရာ တော့ စိတ်ကျေနပ်မှု ရရှိကြမှာပါ။ ဒီလို ပွဲတော်တွေ နောက် ထပ်ပေါ်လာ ခဲ့ရင်လည်း ကောင်း ပါတယ်”လို့ ပြည့်ဝတီမောင် က ပြောပါတယ်။

အဆိုပါ ပွဲတော်ကတော့ LED မီး အလုံးပေါင်း သန်း၇ဝ အသုံးပြုထားပြီး မီးအလှပြကွက် အမျိုးအစား ပေါင်း ၆ဝကျော် နဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ ဝင်ကြေး အနေနဲ့ ၃ဝဝဝကျပ် ပေးရပြီး မတ်လ၁၉ ရက်ကနေ စတင်ကာ ၆ပတ်ကြာ ကျင်းပပြုလုပ်နေခြင်း ဖြစ်ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here