ဘရာစီယာ မပါဘဲ သူမအလှကို ထုတ်ကြွားလိုက်တဲ့ Gigi Hadid

0
326

gigiGigi Hadid ရဲ့ဆွဲဆောင်မှုတွေက တစ်စစ နဲ့ တိုးပွား လာပါတယ်။ သူမဟာ မနက်ခင်း အကြော ဆန့်နေတဲ့ ပို့စ်မျိုး ပေးထားတဲ့ အဖြူ အမဲ ဓာတ်ပုံကို သူမရဲ့ Instagram တင်ခဲ့ပါတယ်။ ထူးခြားတာက Gigi  က အတွင်းခံ ဝတ်ဆင်မထားဘဲ သူမရဲ့ ရင်သား ကို ဖော်ပြခဲ့တယ် ဆိုတာပါဘဲ။ ဆွဲဆောင်မှုရှိတဲ့ အဲ့ဒီဓာတ်ပုံမှာ သူမ ဝတ်ဆင်ထားတဲ့ ဖက်ရှင်ကတော့ ဗိုက်ပေါ် crop top  ဒီဇိုင်းမျိုး ဝတ်ဆင်ထားပြီး ဘောင်းဘီ ကိုတော့ ဂျင်း ဝတ်ဆင်ထားခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ အဆိုတော် Zayn malik နဲ့ ချစ်သူက ဓာတ်ပုံကို ““Morning Sketch” ဆိုတဲ့ စာသားနဲ့ တင်ခဲ့ပြီး သူမရဲ့ ပရိသတ် တွေကိုလည်း “Happy Tuesday” လို့ ဆုမွန်ကောင်း တောင်းပေး ခဲ့ပါတယ်။

Gigi  က မကြာသေးခင်ကပဲ Versus Versace  အတွက်  မော်ဒယ် လုပ်ပေးခဲ့ပါတယ်။ “မင်း တစ်ယောက်တည်း အထီးကျန်နေချိန် မှာ ဘေးမှာ ဘယ်သူ့ ကို ရှိနေစေချင်လဲ” လို့ Gigi က Zayn ကို မေးခဲ့ပါတယ်။ Zayn က ချက်ချင်းအဖြေပေးလိုက်တာက “မင်း” လို့ မဆိုင်း မတွ ဖြေလိုက်ပါတယ်။ Gigi  က ကျေးဇူးတင်စရာ ပြောခဲ့ရာမှာ သူမတို့ရဲ့ ခွေးလေးတွေလည်း အတူ ရှိနေစေချင်လို့ ဆိုပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here