ကိုရီးယားအဆိုတော် CL နဲ့အတူ Soulja Boy, Nelly တို့ရဲ့ ဖျော်ဖြေပွဲ မြန်မာနိုင်ငံမှာ မေ ၁၃ ရက်နေ့ ပြုလုပ်မည်

0
157

Sကမ္ဘာကျော် ကိုရီးယားအဆို တော် အမျိုးသမီးတစ်ဦးဖြစ်တဲ့ 2NE1 အဖွဲ့ဝင် CL နဲ့အတူ oulja Boy ၊ Nelly  တို့လာရောက်ဖျော်ဖြေ သွားမှာဖြစ်တဲ့ Under Dawg Festival  အမည်ရ ရှိုးပွဲတစ်ခုကို ရန်ကုန်မြို့ရှိ Thuwan abumi Event Park လာမယ့် မေ၁၃ ရက်နေ့ ညပိုင်းမှာ ကျင်းပပြုလုပ် သွား မှာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ လက်မှတ် ရောင်းချမှုတွေ ပြုလုပ် လျက်ရှိနေပြီး လူငယ် ပရိသတ် အများအပြား လာရောက် ဝယ်ယူ လျက်ရှိနေကြောင်း သိရပါတယ်။ အခုရှိုးပွဲကိုတော့ Living Sound Entertainment ကနေပြီး စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။ လက်မှတ် ဈေးနှုန်းတွေကို တော့ VIP (Standing)  ကို ကျပ်သုံးသိန်း၊ VIP (Sitting)  ကျပ်နှစ်သိန်း၊ CUBE-A အတွက် ၆၆ဝဝဝ ကျပ် ၊ CUBE-B အတွက်၃ဝဝဝဝ ကျပ် တို့အသီးသီး သတ်မှတ်ထားကြောင်း သိရပါတယ်။

Living Sound Entertainment ရဲ့ စီအီးအို ဖြစ်သူ ကိုဂျော်မရမ် ကတော့ “CL ကို ခေါ်ယူရတာတော့ အတော်လေးကို အခုထိ ခက်ခဲနေ ပါသေးတယ်။ သူလိုချင်တဲ့ Art Design အထိဖြစ်အောင် ပြင်ဆင်ပြီးတော့ ပို့ပေးနေတာ ဖြစ်တယ်။ CL ကအရမ်း ကိုကွာလတီကို ဦးစားပေးတယ်။ ဂရမ်ဆု ၃ ဆု တိတိရထားတဲ့ Nelly လည်းပါဝင်တယ်။ ပြီးတော့ Soulja Boy  ဟာဆိုရင်လည်း ထိပ်တန်း အဆိုတော် တစ်ဦးဖြစ်ပါတယ်။ အဓိက ကတော့ ဟစ်ဟော့ပ် ပရိ သတ်တွေကို ဦးတည်တာ ဖြစ်ပါတယ်။ အခုလာမယ့် သူတွေက ထိပ်တန်း အဆင့်တွေ ချည်းဖြစ်ပါတယ်။ သူတို့ အားလုံးက တော်ရုံတန်ရုံ စတိတ် စင်ပေါ်ကိုလည်း တက်မှာမဟုတ် ပါ ဘူး။ ကျွန်တော်အခု စတိတ်ဒီဇိုင်း ကအစ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ စတိတ် ဒီဇိုင်း နဲ့ တင်ပြမှု ပုံစံက ဒီပွဲမှာ အဓိက ကျပါလိမ့်မယ်။ မြန်မာ လူမျိုးတွေ တစ်ခါမှ မကြည့်ဖူးသေးတဲ့ စတိုင်မျိုး တွေကို ကြည့်ရှု့ခံစားရမှာ ဖြစ်ပါ တယ်”လို့ ပြောပြပေးပါတယ်။

အဆိုတော်တစ်ဦး ကိုတော့ တစ်နာရီခန့်စီ ဖျော်ဖြေမှာဖြစ်တဲ့ အပြင် ရှိုးပွဲပြီးသွား ပါကလည်း After Party ကို ပြုလုပ်ပေး သွားမှာ ဖြစ်ပါ တယ်။ “အဓိကကတော့ လူငယ်တွေ များများ လာကြည့်နိုင်အောင် ဈေးနှုန်းကို လည်းအသင့်အတင့်ဆုံး ပြုလုပ်ထားပါတယ်။ ဒေါ်လာ ၂ဝ ဝန်းကျင်၊ ဒေါ်လာ ၅ဝကျော် ဝန်း ကျင်နဲ့ ကြည့်နိုင်တာ ဆိုလို့ မြန်မာ ပြည်မှာပဲ ရှိပါတယ်။ အရမ်းတန်တဲ့ ဈေးပါ။ တခြား ၃သိန်းတန် နဲ့ ၂ သိန်းတန် လက်မှတ်တွေမှာ ပေးထား တဲ့အစီအစဉ်တွေ မတူလို့ပါ” လို့ ပြောပြပေးပါတယ်။

Soulja Boy ကတော့ ဖျော်ဖြေ ရေး မတိုင်မီ ၅ ရက်လောက်အလို ကတည်းက မြန်မာနိုင်ငံကို ကြိုတင် ရောက်ရှိလာမှာဖြစ်ပြီး Nelly က တော့ ဖျော်ဖြေရေး မတိုင်ခင် ၃ ရက် အလိုမှာ ရောက်ရှိလာမှာ ဖြစ်ပါ တယ်။ CL ကတော့ မေ ၁၁ ရက်နေ့ မှာ ရောက်ရှိ လာမှာ ဖြစ်ပြီး သူတို့တွေ အားလုံးဟာ ရွှေတိဂုံစေတီတော် မြတ်ကြီးဆီကို သွားရောက် လည်ပတ် သွားမှာ ဖြစ်ပြီး တခြားလည်ပတ် စရာ အစီအစဉ်တွေလည်း ပါဝင် နိုင်သေးကြောင်း သိထားရပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here