‘မိုးစက်မေ’ဇာတ်ကောင် နဲ့ အကယ်ဒမီ ရခဲ့တာကြောင့် သမီးလေးကို လဝန်းမေလို့ အမည်ပေးလိုက်တဲ့ အကယ်ဒမီ သက်မွန်မြင့်

0
248

That-Mon-Myintထပ်ဆင့် အကယ်ဒမီ သက်မွန် မြင့်ရဲ့ ဒုတိယမြောက် သမီးလေးကိုတော့ “လဝန်းမေ” လို့ အမည်ပေးထားကြောင်း သိရပါတယ်။ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲမှာ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ “မိုးစက်မေ” ကာရိုက်တာ နေရာနဲ့ အကယ်ဒမီဆု ရရှိခဲ့တဲ့ အတွက်” မေ”ဆိုတဲ့ နာမည်ကို သမီးလေး အတွက် အမှတ်တရဖြစ် သွားအောင် “လဝန်းမေ” လို့အမည်ပေးလိုက်ခြင်းဖြစ် ကြောင်းသက်မွန်မြင့်က ပြောပါတယ်။

“လဝန်းမေ နာမည်က သက်မွန် အမျိုးသား ကိုစစ်နိုင်ပေးတာ။ ချင်းနာမည်က “San Mwai” လို့ သက်မွန်အမေ ပေးထားတယ်။ သက်မွန် က သူ့ကိုခွဲမွေးဖို့ due date လုပ်ထားတာ။ ဒါပေမဲ့ သူ့ due date မရောက်သေးဘဲ နဲ့ ဗိုက်နာပြီး သူ့ကို မွေးလိုက်တာ။ ပြီးတော့ သူ့ကိုမွေး တဲ့နေ့က လပြည့်နေ့ဆိုတော့ လဝန်းကတောင် ခစားတယ် ဆိုပြီး “လဝန်းခ” ပေးမလို့။ ဒါပေမဲ့ တွက်ချက်တဲ့အခါ မှာ “ခ” ပေးလို့ မရဘူး။ “မေ”ကျတော့ ကိုစစ်နိုင် က သက်မွန်ကို နောက်တယ်။ ဒီ “မိုးစက်မေ” ကာရိုက်တာနဲ့သာ အကယ်ဒမီ ရခဲ့ရင် သမီးလေး ကို “လဝန်းမေ” လို့ပဲ ပေးလိုက်တော့မယ်လို့ပြောတယ်။ ကိုယ်ကလည်း “မေ” ဆိုတဲ့ နာမည် ကာရိုက်တာနဲ့ အကျိုးပေးတယ်။ ပရိသတ်က လည်း “မေပါတဲ့ကာရိုက်တာ နာမည်ကို တော်တော် မှတ်မိကြတယ်။ ပြီးတော့ ဒီနှစ် “မိုးစက်မေ” နဲ့ အကယ်ဒမီ ရတယ် ဆိုတာ အမှတ် တရ ဖြစ်သွားအောင် “လဝန်းမေ” ဆိုပြီး ပေးလိုက်တာပါ”လို့ ပြောပါတယ်။

သမီးလေး “လဝန်းမေ” ကိုတော့ ဥာဏ်ပညာ ထက်မြက်ပြီး ဘာသာသာသနာ အကျိုး သယ်ပိုးနိုင်တဲ့ သမီးလေး တစ်ယောက် လည်း ဖြစ်စေ ချင်ကြောင်း ပြောတဲ့ သက်မွန်မြင့်က သားနဲ့သမီး တို့ရဲ့ အနေအထိုင်၊ အပြုအမူကွာခြားပုံနဲ့ ပတ်သက်ပြီးလည်း “မီးမီးက ခုမှ ရက်၁ဝဝပဲ ရှိသေးတော့ ဒီအချိန်မှာတော့ မသိသေးဘူး။ ကာရိုက်တာတွေ တော့ အများကြီး ယှဉ်လို့ မရသေးဘူး။ သားလေး အားချစ် ကတော့ အခု အများကြီး ပြောင်းလဲလာပြီ။ အခုမီးမီး လေးကျတော့ သက်မွန် နို့ပဲသောက်တယ်။ နို့ညှစ်ပြီး တိုက်လည်း မသောက်ဘူး။ သွားရ လာရလည်း ခက်ခဲတယ်။ အချိန်နည်းနည်း ကြာတဲ့ နေရာ တွေဆို သူ့ကိုခေါ်သွားရတယ်။ အားချစ်တုန်းက အိမ်မှာသက်မွန် မရှိလည်းအေးဆေးပဲ။ စိတ် သိပ်မပူရဘူး။ သူ့ဘာသာ သူနေတယ်။ မီးမီးလေး ကျတော့ သက်မွန်မှ သက်မွန်။ အဲဒါလေး တွေ ကွာသွားတယ်” လို့ ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here