ငယ်စဉ်က စစ်ဗိုလ်ဖြစ်ချင်ခဲ့သူ မိုးယံဇွန်

0
260

Moe-Yan-Zunသရုပ်ဆောင် မိုးယံဇွန် ပါဝင် သရုပ်ဆောင်ထားတဲ့ ရတနာပုံ ဇာတ်လမ်းတွဲက ဧပြီလတွင်းမှာ ရုပ်သံတစ်ခုက နေ ထုတ်လွှင့်ပြသတော့ မှာဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ လူနေမှု ပတ်ဝန်းကျင် ပုံစံတွေကို မြင်တွေ့ရမယ့် ဒီဇာတ် ကားထဲမှာ မိုးယံဇွန်က အေးဝတ်ရည်သောင်း ရဲ့ချစ်သူ၊ ပိုးထည်တိုက် ပိုင်ရှင် နေရာက ပါဝင်ထားတယ်လို့ သိရ ပါတယ်။ ၅ကား မြောက် ရိုက်ကူးခွင့်ရတဲ့ ဒီဇာတ် လမ်းတွဲနဲ့ ပတ်သက်ပြီး

” ဒီဇာတ်လမ်းတွဲက ကျွန်တော် အတွက် ၅ကားမြောက်ပါ။ ဒီဇာတ် ကားလေးက မန္တလေးမြို့ နောက်ခံဇာတ်ကို အခြေခံပြီး မြို့ရဲ့ရှုခင်း ပုံလေးတွေနဲ့ ပုံဖော်ပြီး ရိုက်ကူးထားတယ်။ မန္တလေး တက္ကသိုလ်က ကျောင်းသားတွေရဲ့ အချစ် ဇာတ်ကားလေးပါ။ ဒီဇာတ် ကားက မန္တလေးမှာရော၊ ရန်ကုန်မှာရော ရိုက်ကူးတဲ့ အပြင် စစ်ကိုင်း၊ မေမြို့အထိပါ သွားပြီး ရိုက်ကူးထား တာရှိပါတယ်။ ကျွန်တော့် အတွက် အခက်အခဲ တော့ သိပ်မရှိပါဘူး။ ကျွန်တော်တို့ သရုပ်ဆောင်တွေ အတွက် လည်း ခရီးသွားပြီး ရိုက်ကူးရတဲ့ အတွက် ပျော်ပါတယ်။ ပရိသတ်တွေ လည်း ပုံစံသစ်၊ Location အသစ်တွေနဲ့ မြင်တွေ့ရမှာပါ။ အရသာသစ် ဖြစ်တာပေါ့” လို့ မိုးယံဇွန် က ပြောပါတယ်။

မကြာမီရုံတင် ပြသတော့မယ့် “ကွမ်းလုံ ရက်၎ဝ” ရုပ်ရှင်ဇာတ်ကား ကြီးမှာတော့ မိုးယံဇွန်ကို ရဲဘော် တစ်ဦးနေရာ က မြင်တွေ့ ရဦးမှာ ဖြစ်ပါတယ်။ ငယ် ငယ်တည်းက စစ်ဗိုလ် ဖြစ်ချင်ခဲ့တာကြောင့် သရုပ် ဆောင် တဲ့အခါ ယူနီဖောင်း ဝတ်ရရင် ပျော် နေရတယ်လို့ မိုးယံဇွန်က ဆိုပါတယ်။

“ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုက Army Captain ပါ။ ဒီဇာတ်ကား ထဲမှာတော့ ရဲဘော် တစ်ယောက် အနေ နဲ့ ပါဝင်ထားပါတယ်။ ရဲဝတ်စုံ တို့ စစ်အရာရှိ ဝတ်စုံတို့ ဝတ်ရရင် ကျွန်တော်ပျော်တယ်။ ဒီဇာတ်ကား ထဲမှာက ကျွန်တော့်ပါဝင်ရတဲ့ အခန်းက နည်းပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ သရုပ်ဆောင်ကွက်တွေကို သတိထား မိအောင်၊ မှတ်မိအောင် အစွမ်းကုန် ကျွန်တော်ကြိုး စားထားပါတယ်”လို့ မိုးယံဇွန်က ပြောပါတယ်။

မိုးယံဇွန်က မတ်လ ၂၈ရက်နေ့ မှာ ကစားမယ့် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ မှာလည်း Model FC ရဲ့ ခေါင်းဆောင်အဖြစ် ပါဝင် သွားမယ့်အပြင် သင်္ကြန်အပြီး မှာလည်း ဇာတ်လမ်းတွဲ တစ်ကားထပ်မံ ရိုက်ကူးသွားဦး မယ်လို့ သိရပါတယ်။

 မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here