ဒေါ်လာ ၁ဝဝဝဝ ကျော် လှူဒါန်းလိုက်တဲ့ G-Dragon ပရိသတ်အဖွဲ့

0
168

G-DragonG-Dragon ရဲ့ ပရိသတ်တွေက သူတို့ချစ်တဲ့ အနုပညာရှင်ကို ထောက်ပံ့ပေးဖို့ အမြဲ ကြိုးစားနေပါတယ်။ အခုလည်း အလှူငွေတွေ လှူဒါန်းပြီး သူတို့ဘယ်လောက် ချစ်လဲ၊ ဘယ်လောက် ထောက်ပံ့နိုင်လဲဆိုတာ သက်သေပြလိုက်ပါပြီ။  G-Dragon က စတိုင်လစ် ၊ အမြဲ ဆန်းသစ်နေတဲ့ ရက်ပ်ပါ အဆိုတော် တစ်ယောက်၊ အားလုံးနဲ့ ပြည့်စုံနေတဲ့ ချစ်စရာကောင်းတဲ့ အနုပညာရှင် လို့ ပြောလို့ရပါတယ်။ သူ့ အတွက် ဆိုရင် သူ့ရဲ့ပရိသတ်တွေက အကြောင်းအရင်း မျိုးစုံ နဲ့ လှူဒါန်းဖို့ဝန်မလေးကြပါဘူး။

၂ဝ၁၃ ကနေ ၂ဝ၁၆ထိ သူတို့လှူဒါန်းထားတဲ့ စာရင်းကို Always GD Twitter  အကောင့်မှာ GD ရဲ့ပရိသတ်တွေက တင်ခဲ့ပါတယ်။ ၃နှစ်တာအတွင်း GD ပရိသတ်တွေ လှူဒါန်းမှု စုစုပေါင်းက ၁၃ဝ,၅ဝ၁,၅ဝ၆ သန်းကျော်ရှိပါတယ်။
G-Dragon ကို ချစ်တဲ့သူတို့ရဲ့ အချစ်တွေက ကမ္ဘာကြီးကိုလည်း ကောင်းကျိုး များစွာ ပေးစွမ်းပါတယ်။ GD ရဲ့ ပရိသတ် တွေက ၃ နှစ်တာအတွင်း ပြုလုပ်ခဲ့တဲ့ အလှူအတွက် ဝမ်းသာပီတိ ဖြစ်နေသလို သူတို့ချစ်တဲ့ အနုပညာရှင်ကို သူတို့တတ်နိုင် သလောက် ထောက် ပံ့နိုင် လို့လည်း ဂုဏ်ယူနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here