ကိုရီးယား အဆိုတော်အဖွဲ့ BTSရဲ့ အမာခံပရိသတ်လို့ ဆိုလာတဲ့ ဟောလိဝုဒ်မင်းသမီး Kylie Rogers

0
269

Kylieအမေရိကန်ကလေး သရုပ်ဆောင် Kylie Rogers က မတ်လ ၂၅ ရက်နေ့က သူမရဲ့   Twitter  အကောင့်မှာ BTS အဖွဲ့ရဲ့ သီချင်းကို တင်လိုက်တဲ့ အချိန်မှာတော့ ပရိသတ်တွေက သူမဟာ BTS  အဖွဲ့ရဲ့ အမာခံ ပရိသတ်ဖြစ်နေတာကို သိရှိခဲ့သလို အံ့သြလည်း သင့်ခဲ့ပါတယ်။Kylie Rogers က ရုပ်ရှင်ပေါင်းများစွာ မှာကလေး သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပြီး The Whispers  ဇာတ်လမ်းမှာ သူမပါဝင်ခဲ့ရတဲ့ ဇာတ်ရုပ်ကြောင့် လူသိပိုများ လာပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ပို့စ်အောက်မှာ  BTS အဖွဲ့ကို ဘယ်လို သိရှိတာလဲ၊ အဖွဲ့ဝင်တွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံးလဲ ဆိုတဲ့ မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။

အဲ့ဒီနောက် Kylie Rogers က “သူမဟာ လွန်ခဲ့တဲ့ နှစ်က Youtube  မှာ တွေ့ရှိခဲ့ပြီး အားပေးခဲ့တာပါ။ ဘယ်သူ့ကို အကြိုက် ဆုံးလဲဆိုတာတော့ မသိသေးပါဘူး။  Jimin ၊ Jungkook ၊Suga  တို့ ကတော့ သူမ အကြိုက်ဆုံး ၃ယောက်ပါ” လို့ ဖြေကြားထား ပါတယ်။

Kylie Rogers က Twitter  မှာ အနီရောင် ARMY လို့ ရေးထားတဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ပြီး ဗွီဒီယိုဖိုင် တင်ခဲ့ပါတယ်။ မင်းတို့သာ Anaheim မှာ ကျင်းပမယ့်  BTS ရဲ့ ပွဲကို သွားရင် မင်းသမီးလေး Kylie Rogers ကို တွေ့နိုင်မယ် ထင်ပါတယ်။ Coolio ကလည်း BTS ကို အားပေးတဲ့ စကားကို သူရဲ့ Twitter မှာ တင်ခဲ့ပါတယ်။ ဒါကတော့ ပထမဆုံး အကြိမ်တော့ မဟုတ်တော့ပါဘူး။ BTS  နဲ့ Coolio  တို့က Mnet American Hustle Life ရိုက်ကူးရင်းနဲ့ သိကျွမ်းခဲ့တာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here