အနဂ္ဂတို့ စီစဉ်တဲ့ ONE MIC: FREESTYLE RAP BATTLE ပြိုင်ပွဲ

0
165

J-Meအနဂ္ဂနဲ့ Fresh Entertainment Myanmar  တို့ ပူးပေါင်း စီစဉ်တဲ့ NE MIC FREESTYLE RAP BATTLE  ပြိုင်ပွဲကို မတ်လ ၂၆ရက်၊ ညနေ၄ နာရီက မြကျွန်းသာကန်ပေါင် အနီးရှိ FUSAN BASKETBALL COURT  မှာပြုလုပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကတော့  FREESTYLE RAP ကိုဝါသနာ ပါကြတဲ့ လူငယ် တွေအတွက် အားထား ရာပွဲ တစ်ပွဲပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာတော့ အစီ အစဉ် တင်ဆက်သူ အဖြစ် အနဂ္ဂက ဆောင်ရွက်ခဲ့ပြီး ဒိုင်များ အဖြစ် ဘာဘူ၊ ဂျေမီ၊ G.Tone တို့က လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၁၆ယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး နောင်နောင် က အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ဆုအနေ နဲ့ကတော့ ONE MIC FREESTYLE RAP BATTLE  မှပေးအပ်သော ဆုငွေကျပ် သုံးသိန်း၊ ပရိသတ် များကပေး အပ်သော ဆုငွေကျပ် ၁၂ဝ၄ဝဝ နဲ့ Area -02- Prize  အနေဖြင့် ကျပ် ၁သိန်း စုစုပေါင်း ၅၂ဝ၄ဝဝ ကိုပေးအပ်ပါတယ်။

” Main Stream ပေါ်တက်ချင်တဲ့ တကယ့် Artist တွေနေရာမရ ဖြစ် နေတာ ကိုလည်း တွေ့နေရတယ်။ နောက်တစ်ခုက ကိုယ်တွေ ဟစ်ဟော့သမား တွေကြားထဲမှာ ဟိုလူကောင်းတယ်၊ ဒီလူကောင်းတယ် ဆိုပြီး ငြင်းနေကြတဲ့ အချိန်မှာ တကယ့်ပြိုင်ပွဲမှာ လာပြီးတော့ ပြောဆိုလိုက်ရင် ဘယ်သူကောင်း တယ်ဆိုတာ အဖြေပေါ် သွားတာပေါ့။ ပြီးတော့ သူတို့မှာ သီချင်းတွေ လုပ်ပြီး သွားပြီ၊ သူတို့မှာ Skil တွေရှိတယ် ဆိုလည်း ချပြဖို့နေရာ မရှိတဲ့သူတွေ အတွက် ကိုလည်း အဓိက လုပ်ပေးချင်တာပါ” လို့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အနဂ္ဂကပြော ပါတယ်။ အဆိုပါနေ့ ပြိုင်ပွဲကတော့ FREESTYLE RAP BATTLE (Round -1) ဖြစ်ပြီး( Round -2) ကိုတော့ မကြာခင်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here