မြို့ တော်ဝန်မဏ္ဍပ်မှာ မြန်မာမှုကဏ္ဍတွေကို အဓိကထားဖျော်ဖြေတင်ဆက်သွားမယ့် သဘင်အစည်းအရုံး

0
81

thabin

အခုနှစ် ရန်ကုန်မြို့တော် ဝန်မဏ္ဍပ်မှာတော့ သဘင်အစည်းအရုံး(ဗဟို)မှ သင်္ကြန် ၄ ရက်လုံးမြန်မာမှု့တွေကိုဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဂီတပိုင်းကလည်း မနက်ပိုင်းတွေမှာ ၂ ရက်စီလာရောက်ဖျော်ဖြေပေးကြမှာဖြစ်ပြီး ညပိုင်းမှာတော့ သဘင်အစည်းအရုံးမှ နှစ်ပါးသွားနဲ့ အငြိမ့်တွေဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။

” ဒီနှစ်ကတော့ ဖျော်ဖြေရေးကို တာဝန်ယူပေးရတဲ့သဘောပေါ့။ သဘင်ရဲ့အလွှာတွေဖြစ်တဲ့ မျက်လှည့် တို့ဆက်ကပ်တို့ရုပ်သေးတို့ ပါမယ်။ ပြီးတော့ ရာမယဏကောက်နုတ် ချက်တွေကမယ်။ အပိတ်ကတော့ နှစ်ပါးသွားကမယ်။ အကြိုနေ့ကို ကိုဖိုးချစ်ကမယ်။ အကျနေ့ကိုတော့ အငြိမ့်ခန်းကဖို့စီစဉ်ထားတယ်။ ဒါလီလင်းတို့ ဟန်နွေငြိမ်းတို့ကပေးမယ်လို့ပြောထားတယ်။ အကြတ် နေ့မှာဇံဟိန်းကမယ်။ နောက်ဆုံး အတက်နေ့ကတော့ တင်မောင်ဆန်း မင်းဝင်းနဲ့ဟန်ဇာမိုးဝင်း တို့ကမယ်။မြန်မာသံသီချင်းဆိုတာတို့ပဒေသာကပွဲတို့လည်းပါမယ်” လို့ဖျော်ဖြေ ရေးပိုင်းနဲ့ပတ်သက်ပြီး သဘင် အစည်းအရုံး(ဗဟို) ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်ကပြောပါတယ်။ သဘင်အစည်းအရုံး(ဗဟို)အနေနဲ့ မြန်မာမှုပိုင်းကိုထိန်းသိမ်း ပြန့်ပွားအောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် ကြောင့်လည်းမြန်မာတို့ရဲ့သင်္ကြန် မှာလည်း မြန်မာ့မှုဇာတ်သဘင်ပိုင်းဆိုင်ရာတွေကို ဖျော်ဖြေတင်ဆက်သွားကြမှာဖြစ်ပါတယ်။

” မြို့တော်ဝန်အနေနဲ့ကလည်း သဘင်ကိုတာဝန်ပေးတယ်ဆိုကတည်းက မြန်မာမှုဘက်ကိုအလေးသာချင်လို့ပဲလေ။ အစ်မတို့ဘက်ကလည်း မြန်မာ့မှုတွေကိုပဲ လုပ်ထားတယ်။ ပဒေသာကပွဲအစီအစဉ်ဆိုရင်လည်းတော်တော်စုံစုံလေး စဉ်းစားထားတယ်။ ခေတ်၅ခေတ်ကမယ့် အကမျိုးတွေ၊ ပြီးရင်မနှစ်က ဦးမိုးမင်းကခဲ့တဲ့ ဒေါင်းအကကိုလည်း ဇံဟိန်းကမယ်။ မြန်မာ့သဘင်အခန်းကဏ္ဍကိုပီပီ ပြင်ပြင်လေးဖြစ်အောင် ဖော်ကျုး ပေးရမှာပေါ့။ ပြီးတော့ သဘင့်သီချင်းကိုလည်း ဖျော်ဖြေရေးအစတိုင်းမှာ “အမျိုးသားရေးအတွက်သဘင်”သီချင်းကိုသီဆိုသွားမယ်။ အကတွေ ဘာတွေနဲ့ပါဖောမန့်တွေလုပ်ပြီး တင်ဆက်သွားမယ်” လို့ မြန်မာ့မှုနဲ့ ပတ်သက်လို့ဖျော်ဖြေသွားမယ့်အ ကြောင်းကို ဒေါ်ပတ္တမြားကေခိုင်က ဆက်လက်ပြောပြပါတယ်။ သဘင်အစည်းအရုံး(ဗဟို)အနေနဲ့ မနှစ်က သင်္ကြန်ကလည်း အကြိုနေ့၊ ရန်ကုန် မြို့တော်ဝန်မဏ္ဍပ်မှာ ကပြဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here