ကျွန်တော်တို့က မဏ္ဍပ်တွေပေါ်မှာပဲ DJ ဖွင့်ချင်တာပါ DJ Wine

0
303

Dj Wine

သင်္ကြန်ကျတော့မယ်ဆိုတာနဲ့ နှစ်စဉ်ရိုးရာမပျက် DJ Wine တို့၊ DJ သမားတွေ လက်စွမ်းပြရမယ့် ကာလတစ်ခုကို ရောက်ရှိလာခဲ့ပြန်ပါပြီ။ ဒီနှစ်ကတော့မဏ္ဍပ်ကိစ္စနဲ့ ပတ်သက်လို့ သင်္ကြန်လမ်းညွှန်ချက်တွေ၊ ခွင့်ပြုမိန့်တွေကြောင့် Organizers တွေ၊ အနုပညာရှင်တွေ၊ မဏ္ဍပ်ထိုင်ချင် သူတွေဆီကအသံတွေများစွာကြားနေရပါတယ်။ DJ Wine ကတော့ ဒီနှစ်သင်္ကြန် Barrack မှာရှိမှာ ဖြစ်သလို TMF မှာလည်း တစ်ရက်ရှိပါမယ်လို့ ဆိုပါတယ်။ သူကသင်္ကြန်ဆိုရင် မဏ္ဍပ်ပေါ်မှာ တီးရတဲ့ မုဒ်ကို အကြိုက်ဆုံးပါလို့ ပြောပြီး သူ့ခံစားချက်ကို

” ကျွန်တော်တို့က မျှော်စင်ကျွန်းထဲမှာပါ။ သူက Festival ဖြစ်သွားပြီ။ မဏ္ဍပ်မဟုတ်တော့ဘူး။ မဏ္ဍပ်မုဒ်တော့ ပြန်ပေးမှာပေါ့။ တကယ်တမ်း ကျွန်တော်တို့က မဏ္ဍပ်တွေမှာပဲ ဖွင့်ချင်တာပါ။ ပင်တော့ပင်ပန်းတယ်။ ဒါပေမဲ့ ငယ်ငယ်တုန်းကမုဒ်ပေါ့။ အင်းလျားလမ်း၊ ဆရာစံလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့ ခေတ်ကိုပြန်ပြီး တော့ လွမ်းတယ်။ အဲဒီလိုပဲ ပြန်လုပ်ချင်တယ်။ Festival ပွဲက လူသက်သာတယ်။ ဒါပေမဲ့ မဏ္ဍပ်လောက်မကြိုက်ဘူး။ မဏ္ဍပ်ကလူတွေနဲ့က ထိတွေ့မှု၊ ရင်းနှီးမှုပိုရှိတယ်။ လေးရက်စလုံး ကိုယ့်မိသားစုလိုဖြစ်နေတယ်” လို့ ပြောပြပါတယ်။ သင်္ကြန်မှာသူတို့ ဖွင့်မယ့်သီချင်းပုံစံတွေ အကြောင်းကိုလည်း DJ Wine က..

” ဒီနှစ်ကတော့ Future House တွေ ဖွင့်မယ့်နှစ်ပါ ပဲ။ ပုံမှန် ကျွန်တော်တို့စတိုင်တွေပါပဲ။ သိပ်အပြောင်းအလဲ မရှိပါဘူး။ Debris လာမယ်ဆိုတော့ Debris နဲ့ ကျွန် တော်တို့က Back to Back ဖွင့်နေကျ။ အတူတူဖွင့်မယ်။ သီချင်းတွေလည်း သင်္ကြန်ပြီးရင် ထုတ်ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။ ထူးခြားတာတစ်ခုကို ပြောရမယ်ဆိုရင် DJ Wine က သင်္ကြန်မှာ မွေးဖွားလာသူပါ။ ငယ်ငယ်ကတည်းက သင်္ကြန်မှာ မွေးဖွားလာသူဆိုတော့ သင်္ကြန်ပိုးက သူ့မှာ အပြည့်ရှိပါတယ်။ သင်္ကြန်အကျနေ့ ဧပြီလ ၁၅ရက်မှာ ကျရောက်မယ့် ဒီနှစ် မွေးနေ့အတွက်ကော အစီအစဉ်ဆွဲ ပြီးပြီလားလို့ မေးတဲ့အခါ ..

” နှစ်တိုင်းကျွန်တော့်အိမ်ကပဲ အလှူလုပ်ပေးနေကျပါ။ ကျွန်တော်တို့ အိမ်နားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ သင်္ကြန်တွင်းတရားစခန်းဝင်နေတဲ့ ယောဂီတွေကို ဆွမ်း လှူတာပေါ့။ အမေကလည်း သင်္ကြန်တွင်း တရားစခန်းဝင်နေတော့လေ။ ပြီးရင် ကျွန်တော့်ကို လှမ်းသတင်းပို့တယ်။ ကျွန်တော်က သာဓုခေါ်ပေါ့။ ဒီနှစ်လည်း လှူဖြစ်မှာပါ” လို့ DJ Wine က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here