သင်္ကြန် မဏ္ဍပ်ဂယက် နဲ့ အနုပညာရှင်တို့ အသံ

0
164

ဒီနှစ်၂ဝ၁၇ ခုနှစ် သင်္ကြန်မှာတော့ စီးပွားဖြစ်မဏ္ဍပ်များ ခွင့်မပြုဆိုတဲ့ ကြေညာချက်နဲ့  အတူ ရန်ကုန်မှာမဏ္ဍပ်တွေနည်းသွားခဲ့ပါတယ်။ လတ်တလောထိ မဏ္ဍပ်လာရောက်လျှောက်ထားမှု ၂၁ ခုပဲ ရှိခြင်းက မဏ္ဍပ်နည်းသွားမယ့် ရန်ကုန်သင်္ကြန်ရဲ့ အနေအထားကို ဖော်ပြနေပါတယ်။ ဒီလို မဏ္ဍပ်တွေ နည်းသွား ခြင်းအပေါ်မှာပြည်သူများရဲ့ အသံအမျိုးမျိုးလည်းကြားနေရပါတယ်။ဒါကြောင့် သင်္ကြန် ကာလ မဏ္ဍပ်တွေပေါ်မှာ တွေ့မြင်နေကျဖြစ်တဲ့ အနုပညာရှင်များထဲမှတချို့ရဲ့ မှတ်ချက်ပြုစကားများကို ဖော်ပြ ပေးလိုက်ပါတယ်။

Mg Seain Win

မဏ္ဍပ်နည်းသွားတယ်၊ များသွားတယ်ဆိုတာကတော့..
မောင်စိန်ဝင်း(ပုတီးကုန်း)

ဆရာက ငယ်ငယ်လေးကတည်းကစပြီး သင်္ကြန်ပိုးသိပ်မပါဘူး။ သင်္ကြန်တွင်းဆိုရင် မလည်ဖြစ်ဘူးပေါ့။ တစ်ခါတလေကားနဲ့ပတ်ပြီး ကြည့်ရုံလောက်ပဲရှိတယ်။ မဏ္ဍပ် နည်းသွားတယ်၊ များသွားတယ်ဆိုတာကတော့ လူငယ်တွေဘက် မှာ ပျော်စရာပါးစရာ နည်းတယ်လို့ အဲဒီလိုမျိုးပြောလို့ရသလို အုပ်ချုပ်သူ အစိုးရဘက်ကလည်း သူတို့မှာ တခြား point of view ပေါ့နော်။ အမြင်တွေ ရှိကောင်းရှိမှာပေါ့။

Grayhan

စီးပွားဖြစ်ဆိုတဲ့နေရာမှာ ဘယ်သူမှလည်း သင်္ကြန်မှာ မဏ္ဍပ်တွေ လုပ်ပြီးကားဝယ်သွားတာတို့ ..
ဂရေဟမ်

သက်ဆိုင်ရာ လူကြီးတွေကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ တအား ဆန့်ကျင်သရုပ်ပျက်မှာ စိုးလို့ပြော တဲ့ရည်ရွယ်ချက်ကောင်းလို့ ပဲ မြင်ပါတယ်။ ဒါပေမယ့် သင်္ကြန်ဆို တာက တော့လည်း မြန်မာလူမျိုးတွေ အား လုံးရဲ့ အထွတ်အထိပ်ပျော်ကြတဲ့ ပွဲ ပေါ့။ကျွန်တော်တို့အနုပညာသမားတွေ ဆိုလည်း သင်္ကြန်မှာပဲပိုပြီး အားပါးတရဖျော်ဖြေရတယ်ပေါ့။ ပြောချင်တာက ဒီဂယက်ထဲမှာ ကျွန်တော်တို့လည်းပြီးခဲ့တဲ့နှစ် ကတည်းက ခံခဲ့ရပါတယ်။ ရိုးရာကို ဆန့် ကျင်ပြီး တအားသရုပ်မပျက် ရင်တော့လည်းသင်္ကြန်ဆိုတာ လွတ်လပ်ခွင့်ပေးသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အနုပညာသမား ဖြစ်တဲ့အတွက် ကျွန်တော့် ရဲ့  Point Of View ကတော့ ဒီရေစီး ကြောင်း ရှင်သန်အသားကျလာတာ ဆယ်စုနှစ်ကျော်ပြီ ဖြစ်တဲ့အတွက် ရုတ်တရက်အပြောင်းအလဲမှာ အတော်များများက လက်ခံလို့မရဘူးပေါ့။ နောက်တစ်ခုကလူတိုင်းက သင်္ကြန်မှာ စတိတ်ရှိုးကို အခမဲ့ကိုယ်ကြိုက်တဲ့သူကိုယ်ရွေးကြည့်လို့ရတာ သင်္ကြန်ပဲ။ လူတန်းစား အားလုံးပျော် ကြတယ်ဗျာ။ စတိတ်ရှိုး တွေ ကလည်း အခမဲ့တွေပဲ။ ပြီးတော့ နောက်တစ် ခုက ကျွန်တော်လည်းမဏ္ဍပ်မထောင် ဖူးပါဘူး။ လူငယ်တွေလည်း ပျော်ချင်တဲ့အတွက်မဏ္ဍပ်တွေလုပ်တယ်။ စီးပွားဖြစ်ဆိုတဲ့ နေရာမှာဘယ်သူမှလည်း သင်္ကြန်မှာမဏ္ကပ်တွေလုပ်ပြီး ကားဝယ်သွားတာတို့ ခြံဝယ်သွားတာတို့မကြားမိပါဘူး။ ကုန်ကျစရိတ်တွေ ပါမစ်တွေအသုံး စရိတ် တွေရှိတယ်။အဲ့ဒီစရိတ်တွေ ကာမိ အောင်တော့ လုပ်ရတာပေါ့။ စီးပွား ဖြစ်ဆိုတဲ့နေရာမှာသင်္ကြန်ပြီးလို့ မြတ်တဲ့ဟာနဲ့ ကားဝယ်သွားတာ တို့ ခြံဝယ်သွားတာတို့ မကြားဖူးပါဘူး။

Moe Yan Zun

အရင်လို တီးဝိုင်းတွေဘာတွေနဲ့ မဏ္ဍပ်ပေါ်က ဖျော်ဖြေဖို့ အခက်အခဲတွေ ရှိပါတယ်…
မိုးယံဇွန်

အခုလိုမျိုး သင်္ကြန်မှာမဏ္ဍပ်တွေ နည်းသွားတယ်။ အထူးသဖြင့် ဖျော်ဖြေရေးမဏ္ဍပ်တွေ နည်းသွား ကြတယ်။ ဒါကြောင့် သင်္ကြန်အခါမှာ သီချင်းဆိုဖို့ အားခဲထားတဲ့ အဆို တော်တွေအတွက်တော့ နစ်နာစရာပါ။ တစ်ဖက်က ကြည့်ရင်လည်း ခေတ်တွေ တိုးတက်လာတယ်။ အနုပညာအပိုင်းနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေက ကမ္ဘာပေါ်မှာ လည်း ဖြစ်ပေါ်နေကြတယ်။ သင်္ကြန်မှာ DJ တွေ၊ EDM ကပွဲတွေ၊ RAVE တွေ အရမ်းများလာတော့ အဆိုတော်တွေအတွက် နေရာသိပ်အဆင် မပြေတော့ဘူး။ အရင်လို တီးဝိုင်းတွေ ဘာတွေနဲ့ မဏ္ဍပ်ပေါ်က ဖျော်ဖြေ ဖို့ အခက်အခဲတွေ ရှိပါတယ်။ ဒီလို အခက်အခဲတွေကြားထဲက အခုလို မဏ္ဍပ်တွေ နည်းသွားတဲ့အတွက် အနုပညာသမားတွေအတွက် အဆင်မပြေတော့ဘူး။ တစ်ဖက်ကလည်း လူကြီးတွေက ဘယ်လို Idea နဲ့ လုပ်သလဲဆိုတာ ကျွန်တော်တို့ ဝေခွဲမရပါဘူး။ ကျွန်တော်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားနဲ့ ရသမျိုးစုံ သီချင်းဆိုဖျော်ဖြေတဲ့ မဏ္ဍပ်တွေ၊ သံချပ်ကားတွေ၊ DJ ဖွင့်ပြီး ပျော်မြူး ကြသလို၊ ယိမ်းတွေကကြသလို မဏ္ဍပ်တွေ မြင်ရရင်ကောင်းတာပေါ့။

Min Thway

သီချင်း မဆိုရတာကို မကြိုက်ဘူး။ မဏ္ဍပ် တွေနည်းသွားတာကို မကြိုက်ဘူး
မင်းသွေး

ဒီနှစ်မှာ မဏ္ဍပ်တွေတော့ နည်းသွားတယ်။ ဒါကလည်း ကိုယ့်ထက် ဥာဏ်အမြော်အမြင်ကြီးတဲ့ လူကြီးတွေ စီစဉ်တာဆိုတော့ ကျွန်တော်လည်း သိပ်မပြောတတ်ဘူး။ မဏ္ဍပ်တွေ နည်းသွားတယ် ဆိုပေမယ့် EDM ပွဲတွေတော့ အများ ကြီးပဲ။ ရန်ကုန်လို နေရာမျိုးမှာ လူ၆ သန်းရှိတယ်ဆိုရင် ၁ သန်းလောက်ပဲအလွန်ဆုံးသွားနိုင်မယ်။ ကျန်တဲ့ ၅ သန်းက မဏ္ကပ်တွေလည်း နည်းသွားပြီ ဆိုတော့ဘယ်သွားကြမလဲ။ အရင်ကဆို ဂျစ်ကားတွေဘာတွေ ငှားနေကြပြီ။ အခုအဲ့ဒီအရသာလေး တွေတော့ ပျောက်သွားတာပေါ့။ ပြောရရင် ပြည်သူကလည်း နိုင်ငံ တော်က ချမှတ်ထားတဲ့ စည်း ကမ်း လေးတွေ အတိုင်းသွားသင့် တယ်။ အစိုးရကလည်း ပြည်သူတွေကို ထိန်းကျောင်းတဲ့အနေနဲ့ပဲတစ် ယောက်နဲ့တစ်ယောက်ဖေးဖေးမမနဲ့သွားသင့်တယ်ထင်တယ်။ အရင်ကသင်္ကြန်ဆို ပြဿနာတွေ အများကြီးရှိတယ်ပေါ့။ ဒါလေးတွေ ကိုတော့ လုံခြုံရေး အနေအထားအရ စိစစ်ကြပ်မတ်သင့်တာပေါ့။ ပြီးတော့ ကျွန်တော်ကြားတာတစ်ခုရှိတာ ဟုတ်မဟုတ်တော့ သေချာမသိသေး ပါဘူး။ မိသားစုမဏ္ဍပ်ဆောက် ခွင့် ရှိတယ်။ ဖျော်ဖြေရေးထည့်လို့ မရဘူး။ အဲ့ဒီမှာကျွန်တော်တစ်ခု မေးချင်တာက ကျွန်တော်သူငယ် ချင်းတွေနဲ့အတူ မိသားစုတွေမဏ္ဍပ် ဆောက်မယ်။ ကျွန်တော့်မှာ သီချင်းဆိုတဲ့သူငယ်ချင်းတွေရှိတယ်။ သူတို့ကလာကူ ပေးကြတယ်။ လာဆို ပေးကြတယ်။ ဒါမိသားစုမဏ္ဍပ်ပဲ။ ဒါပေမဲ့ ဖျော်ဖြေရေးပါတယ်။ အခွန် တော့ဆောင်ရမှာပေါ့လေ။ အဲ့ဒီ သဘောဖြစ်နေတယ်။ ဘာပဲပြော ပြောကျွန်တော့်အနေအထားအရ ပြောရရင်သီချင်းဆိုချင်တဲ့သူ ဖြစ်တဲ့ အတွက်သီချင်းမဆိုရတာကိုမ ကြိုက်ဘူး။ မဏ္ဍပ်တွေနည်းသွားတာကို မကြိုက်ဘူး။

Phyu phyu

ဖြူဖြူမဏ္ဍပ်ရခြင်း၊ မရခြင်း၊ သီချင်းဆိုရခြင်း၊ မဆိုရခြင်းထက်…
ဖြူဖြူကျော်သိန်း

ဖြူဖြူတို့နိုင်ငံက နိုင်ငံရေးအခင်းအကျင်း၊ အပြောင်းအလဲ၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲတွေ ခဏခဏ ဖြစ်တတ်တဲ့ နိုင်ငံ၊ အဲဒီလိုလှုပ်ရှားမှု တအားများတဲ့ နိုင်ငံပေါ့။ ပြီးတော့ ဖြူဖြူတို့ သက်တမ်းဆို ၁၃နှစ်ကျော်ခဲ့ပြီ။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှု၊ မတည်ငြိမ်မှု အမျိုးမျိုးကိုလည်း ဖြတ်သန်းခဲ့ရပြီးပြီ။ အရင် တုန်းကလည်း -ဥပမာ တိုင်းပြည် မငြိမ်သက်လို့ ညမထွက်ရ အမိန့်တွေ ရှိလို့ စတိတ်ရှိုးမပြောနဲ့ မင်္ဂလာ ဆောင်မှာပဲဆိုလို့ရတဲ့ အခြေအနေမျိုးမှာတောင်မှ မင်္ဂလာ ဆောင်မှာတောင် ဆိုလို့ မရတဲ့ အခြေအနေမျိုးတွေ ကြုံခဲ့ ဘူးတယ်။ ကိုယ်ကသီချင်းဆိုမှုနဲ့ပဲ အသက် မွေးဝမ်း ကြောင်းပြုတာကိုး။ အဲဒီ အချိန်မှာ စတိတ်ရှိုးပွဲတွေ တောင် လုပ်လို့မရလို့ မင်္ဂလာဆောင် လောက်ပဲ အားကိုးပြီး ဆိုရတာကိုဆိုလို့မရတဲ့အခြေ အနေမျိုးဆိုတာကို ကြုံခဲ့ဖူးတယ်။ ဖြူဖြူတို့ အလုပ်ုကလည်း ကိုယ့်နိုင်ငံ တည်ငြိမ် အေးချမ်း၊ လုံခြုံပြီးတော့ လူတွေ စားဝတ်နေရေးအတွက် စိတ်ချ လုံခြုံ မှုရှိတယ်ဆိုတဲ့ အနေအထားရှိ မှသာ ဖြူတို့ အသက်မွေးဝမ်း ကြောင်းမှုက အလုပ်ဖြစ်တဲ့အလုပ်ပါ။ သူများတွေ ရဲ့ ပျော်ရွှင်မှုအပေါ် မှာမူတည်နေတာလေ။ အရေးကြီးဆုံး အလုပ်လည်းမဟုတ်ဘူးပေါ့နော်။ ကိုယ့် အတွက်သာ ဒါနဲ့အသက်မွေးဖို့ ဒါနဲ့ ရှာစားတဲ့အတွက်ကြောင့် ကိုယ် ရဲ့ ပင်မအသက်မွေးဝမ်း ကြောင်း ဖြစ် နေတာ။ သို့သော်လည်းပဲ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းမှုသည် ဖျော်ဖြေရေးဆိုတဲ့အခါ ဖျော် ဖြေရေး သည် လူတွေက ကိုယ့်ဘဝ သာယာ ပျော်ရွှင် လုံခြုံမှသာ လုပ်နိုင် ကြ တာ။ အဲဒီအခါကျတော့ ဒီနှစ်မှ သာ ပွဲမရလေခြင်းဆိုပြီး လုံးဝ မစဉ်းစားဘူး။ မတွေးထင်ပါဘူး။ ဘာလို့ လည်းဆိုတော့ နိုင်ငံရဲ့ အပြောင်းအလဲတွေမှာ ဖြူတို့ဘဝတွေလည်း ဒီလိုပဲ ကြံ့ကြံ့ခံပြောင်းလဲရမယ်။ ရုန်းကန်လှုပ်ရှားရမှာပဲ။

အရင်လဲကြုံဖူးနေတာဆိုတော့ ဒါက တခြားသူရဲ့အမြင်တွေကို ပြောလိုတာမဟုတ်ပါဘူး။ ဒါက ဖြူဖြူတစ်ယောက်တည်းရဲ့ အမြင်ပါ။ ဖြူတော့ဒီလိုပဲ ခံယူတယ်။ ဖြူမျှော် လင့်တာက မျိုးစုံဝေဖန်သုံးသပ် ပြောဆိုနေကြတာရှိတယ်။ ကိုယ့်နိုင် ငံသူနိုင်ငံသားတွေ ကိုယ့်ရဲ့ ပရိသတ် တွေကိုလေသင်္ကြန်ပြီးသွားတဲ့ ကာလ ကျရင် ပိုပြီးကောင်းတဲ့ဘဝ၊ ပိုပြီး မြင့်မားတဲ့ဘဝ၊ ပိုပြီးလုံခြုံ စိတ်ချပြီး စိတ်ချမ်းသာတဲ့ ဘဝတွေ ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲပြီး တိုးတက်သွားတဲ့ ဘဝတွေကို ရစေ ချင်တယ်။ အဲဒါကပိုအရေးကြီး တယ်။ ဖြူမဏ္ဍပ်ရခြင်း၊ မရခြင်း၊ သီချင်းဆိုရခြင်း၊ မဆိုရခြင်း၊ ပိုက်ဆံ ရခြင်း၊ မရခြင်းတွေထက် ဒီသင်္ကြန် မှာ အားလုံးငြိမ်းငြိမ်းချမ်းချမ်း၊ လုံလုံ ခြုံခြုံ၊ အန္တရာယ်ကင်းကင်းနဲ့ ပိုပြီး ကောင်းမွန်တဲ့ အနာဂတ်ဆီကို တက်လှမ်းသွားနိုင်ဖို့ ပိုပြီးလိုလား တယ်။ အဲဒါ ဖြူရဲ့ရင်ထဲက ဆန္ဒပါ။ အဲဒီအရာက ပိုက်ဆံနဲ့တောင် တန်ဖိုးဖြတ်လို့မရဘူး။

gone

မဏ္ဍပ်တွေနည်းသွားတာက ရိုးရာနဲ့တူအောင် လုပ်နေတယ်လို့ပဲ ယူဆပါတယ်…
ဂုဏ်ရည်အေးကျော်

မဏ္ဍပ်တွေနည်းသွားတာက ရိုးရာနဲ့တူအောင် လုပ်နေတယ်လို့ပဲ ဂုဏ်ရည်ယူဆပါတယ်။ အရင်ကလည်း Facebook ပေါ်မှာ ကြားရတယ်။ မကျေနပ်တဲ့အသံတွေ၊ ဝေဖန်သံတွေ မျိုးစုံကိုပါ။ နောက် ဆုံးမှာလည်း ကောင်းတာကိုပဲ ကြား ရတယ်။ ဒီသင်္ကြန်ကိစ္စမှာလည်း ဘာမှမပြီးမြောက်သေးခင်မှာ မဝေဖန်ချင်ပါဘူး။ သင်္ကြန်ပြီးသွားရင် တော့ မနှစ်တုန်းကလိုပဲ သင်္ကြန်ပို ပီပြင်လာတယ်ဆိုတာမျိုးတွေ ပြော ကြတယ်။ ဒီနှစ်မှာလည်း အကောင်းဘက်ကနေ အသံတွေကို ကြားချင် ပါတယ်။

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here