ကျန်းမာရေး အခြေအနေကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေ ခဏနားထားတဲ့ သင်ဇာဝင့်ကျော်

0
168

ThinZar-Wint-Kyawသင်ဇာဝင့်ကျော်က မကြာခင်က ဒါရိုက်တာဝိုင်း ရိုက်ကူးပုံဖော်တဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ် ကားကြီးကို အလင်းရောင်၊ ဖွေးဖွေး တို့နဲ့အတူ ရိုက်ကူးခဲ့ ပါတယ်။ ဒီဇာတ်ကားမှာ အကောင်းဆုံး ကြိုးစားခဲ့တဲ့ သင်ဇာဝင့်ကျော်က ဇာတ်ကား ရိုက်ကူးစဉ်က အမှတ်တရနဲ့ ပတ်သက် ပြီးလည်း…”ကိုယ့်ကာရိုက်တာက အရမ်းကြီး ခက်ခဲတာ မဟုတ်ဘူး ဆိုတော့ အပြင်မှာ အရမ်း ကြီးလေ့လာစရာ မရှိပါဘူး။ သဘော ထားကြီးတဲ့ မိန်းကလေး တစ်ယောက်၊ စမတ်ကျကျ နေ တတ်တယ်။ သိပ်ထွေထွေ ထူးထူး လုပ်စရာမလိုဘူး။ ခက်ခဲခဲ့တာ သိပ်မရှိပါဘူး။ ကိုဝိုင်း ကိုယ်တိုင် ကလည်း သရုပ်ဆောင်ဘက်က လာတဲ့ ဒါရိုက်တာဆိုတော့ အိုက်တင် လည်း  detail  သင်ပေးနိုင်တဲ့ အတွက်ကြောင့် ကိုယ့် အတွက် လွယ်ကူပါတယ်။ ရိုက်ကူးတဲ့အချိန် အမှတ်တရ ကတော့ ဆီဒိုးနား ဟိုတယ်မှာ ရိုက်ကူးတဲ့အခါ ဆီဒိုးနား ဟိုတယ်မှာက သူတို့ ရက်နဲ့ စာချုပ်ချုပ်ထားတာ ဆိုတော့ အဲဒီမှာ ရိုက်ကူးသမျှ ဆင်းခ်တွေ အကုန်လုံးကို ဒီရက်အတွင်း ပြီးအောင် ရိုက်ကူး ရမယ်။ နေ့ရောညပါ ဆက်တိုက် တွေပဲ ရိုက်ကူးတော့ ဟိုဘက်မှာလည်း သင်ဇာက “ဗီဇ” ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူး လက် စ ဖြစ်နေတော့ ဒီမှာ လည်း night ဆင်းခ်တွေ ဝင်ပေးရ၊ ဒီဇာတ်ကားကိုလည်း ရိုက်ကူးရနဲ့ အဲဒီ ရက်ပိုင်းက တော်တော် ကြီးကို ပင်ပန်းခဲ့တယ်” လို့ ပြောပါတယ်။

သင်ဇာဝင့်ကျော်က ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ပုံဖော် ရိုက်ကူးမယ့် “ငဒူ” ရုပ်ရှင်ဇာတ်ကား ကြီးကို မြင့်မြတ် နဲ့အတူ ရိုက်ကူးဖို့ စီစဉ်ထားပေမယ့် နေမကောင်းလို့ ဆေးရုံ တက်လိုက်ရတာကြောင့် မရိုက် ကူးဖြစ်ကြောင်း သိရပါတယ်။ “ဒါပေမဲ့ သင်ဇာစိတ်မကောင်း တာက အခုဆေးရုံက ဆင်းရပေမယ့်လည်း အလုပ်တွေ ပြန်လုပ်လို့မရ သေးဘူး။ ဆရာဝန် ညွှန်ကြားချက် အတိုင်း ၂ပတ်လောက် full rest ယူရဦးမှာပါ။ အဲဒါကြောင့် အခု ရက်ပိုင်းမှာ ရွှေသောင်ယံ ကမ်းခြေမှာ ဒါရိုက်တာ ဦးညီအောင်၊ မြင့်မြတ် တို့နဲ့ ရိုက်ကူးမယ့် ၊ အောင်တိုင်းကျော် ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေးက ထွက်ရှိမယ့် “ငဒူ” ရုပ်ရှင်ဇာတ်ကားကြီးကို သင်ဇာ မရိုက်ကူးနိုင်တော့ပါဘူး။ ပရိသတ်တွေ အရမ်းကို ရိုက်ကူးစေ ချင်နေတဲ့ ဇာတ်ကားကြီး တစ်ကားကို မရိုက်ကူး  ခဲ့နိုင်တဲ့အတွက် လည်း တကယ်ကို ဝမ်းနည်း ရပါတယ်။ အားလုံး စီစဉ်ပြီးမှ အနီးကပ် မှအခုလို ဖြစ်ခဲ့ရတဲ့ အတွက် ဦးညီအောင်နဲ့ အောင်တိုင်းကျော် ထုတ်လုပ်ရေးမှ အစ်ကိုများကို အဓိက တောင်းပန်ချင်ပါတယ်။ သင်ဇာ ဒုတိယအကြိမ် တာဝန်မကျေ ပြွန်သလို ဖြစ်ခဲ့လို့ တကယ်ကို တောင်းပန်ပါတယ်” လို့ သင်ဇာဝင့်ကျော် က သူ့ရဲ့ facebook စာမျက်နှာထက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

လတ်တလော မှာတော့ သင်ဇာဝင့်ကျော်က ကျန်းမာ ရေး သက်သာလာပေမယ့် ဆရာဝန် ညွှန်ကြားချက် ကြောင့် လည်း ဇာတ်ကား ရိုက်ကူး မှုတွေ ခဏနားထားပြီး အိမ်မှာ ပဲ အနားယူ နေကြောင်းလည်း သိရပါ တယ်။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here