၂ဝ၁၇ ခုနှစ် အတွင်းမှာ မင်္ဂလာပွဲ ကျင်းပတော့မယ့် ခင်ဇာခြည်ကျော်

0
262

IMG_6690ယခု ၂ဝ၁၇ခုနှစ် အတွင်းမှာ သရုပ်ဆောင် ခင်ဇာခြည်ကျော်က မင်္ဂလာပွဲ ကျင်းပဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ ချစ်သူ ကတော့ ပြည်ပမှာ နေထိုင် သူတစ်ဦး ဖြစ်ပြီး ဟိုမှာနေထိုင်တာ နှစ်၂ဝနီးပါး ရှိပြီဖြစ်တာကြောင့် မင်္ဂလာပွဲ ကိုတော့ ဘယ်မှာလုပ်ဖြစ်မလဲ ဆိုတာတော့ သေချာမပြောနိုင်သေးဘူး လို့ ခင်ဇာခြည်ကျော်က ဆိုပါတယ်။

“သူလည်းအနုပညာကို ချစ်တယ်။ အဝေးမှာနေတယ် ဆိုပေမယ့် နားလည် ပေးပါတယ်။ သူ့ဘက်ကလည်း အကုန်လုံးကို သိတယ်။ နားလည်ပေးတယ်။ သားသမီးတွေ အပေါ်မှာလည်း နားလည်ပေးနိုင်တယ်။ မေတ္တာပေးနိုင် တယ်” လို့ ပြောပါတယ်။

မကြာခင်မှာလည်း အိမ်ထောင်ပြုတော့မယ့် ခင်ဇာခြည်ကျော် ကို သားသမီးတွေနဲ့ ဘယ်လို ညှိနှိုင်းရတာတွေ ရှိလဲဆိုတော့ “အစ်မက ဟိုး အရင်ကတည်း က သားသမီးတွေကို အရမ်းကို အချိန်ပေးခဲ့တယ်။ ငယ်ငယ်လေး ကတည်းက အဖေဆိုလည်း ဟုတ်တယ်။ အမေ ဆိုလည်း ဟုတ်တယ်။ သားသမီးတွေက ကိုယ့်ရဲ့ generation ဆိုတော့ အရမ်း အရေးကြီးတယ်။ အစ်မဘဝ အတွက် သူတို့က ပထမ အရေးကြီးဆုံးပဲ။ အမြဲတမ်း ကလေးတွေရင်ထဲက စိတ်မထိခိုက်အောင် သူတို့လိုအပ်တာ မှန်သမျှကို အကုန် ဖြည့်ဆည်းပေးခဲ့တယ်။ အစ်မ သူတို့ ငယ်ငယ်တုန်းက ဆိုရင် လုံးဝဇာတ်ကား မရိုက်ကူးဘူး။ ဇာတ်ကား ရိုက်ကူးတာ နားထားတယ်။ အခုကျတော့ သူတို့လည်း လူပျိုပေါက်၊ အပျို ပေါက်တွေ ဖြစ်လာပြီဆိုတော့ အမေကိုလည်း နားလည်တယ်။ နောက်ပြီးတော့ အမေကလည်း သူတို့ လိုချင်တဲ့ အမေ ပုံစံမျိုး ဆိုတော့ အစ်မအနေနဲ့ သားသမီးနဲ့ အစ်မကြားမှာ ဘာမှညှိနိုင်း စရာမရှိပါဘူး”လို့ ခင်ဇာခြည်ကျော် က ပြောပါတယ်။ လတ်တလော မှာ ခင်ဇာခြည်ကျော်က ဒါရိုက်တာ စတီးရိုက် ကူးတဲ့ “ငါ၏ အမိန့်” ရုပ်ရှင် ဇာတ်ကားကို မြင့်မြတ်၊ ထွန်းထွန်း၊ နေမျိုးအောင် ၊ မိုးဟေကို၊ မေကဗျာ တို့နဲ့အတူ ပါဝင် သရုပ်ဆောင်နေကြောင်း သိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here