ရုပ်ရှင် ဇာတ်ကားကြီးတွေ အရိုက် များလာတာ ကောင်းပေမယ့် ဗီဒီယိုလည်း မပျောက်သင့်ဘူး ဆိုတဲ့ သန်းသန်းစိုး

0
319

Than-Than-Soeအနုပညာ သက်တမ်း ၃ဝ ကျော်နေပြီ ဖြစ်တဲ့ သရုပ်ဆောင် သန်းသန်းစိုး က သူ့အနေနဲ့ ရိုက်ကူးရတဲ့ ကာရိုက်တာ လေးတွေ ပြည့်စုံနေပြီ ဆိုတဲ့ အကြောင်း နဲ့ အနုပညာလောက ထဲ ဝင်ရောက်လာတဲ့ အကြောင်းကို ပြောပါတယ်။

“အခုချိန်ကာလ ထိ သန်းသန်းစိုး ဆိုပြီး ဖြစ်လာတဲ့အပေါ်မှာ ကျေနပ်မှုတော့ ရှိတယ်။ အန်တီ ရိုက်ကူးရတဲ့ ကာရိုက်တာလေးတွေလည်း စုံနေပါပြီ။ အန်တီ အနုပညာ သက်တမ်း ၃ဝကျော်နေပါပြီ။ အနုပညာ လောကထဲ ဝင်လာရတာ အခက် အခဲတွေတော့ အများကြီး ကြုံခဲ့ရပါတယ်။ အန်တီက သရုပ်ဆောင်ပြိုင်ပွဲက ဆုရရှိပြီး အနုပညာ လောကထဲကို ဝင်ရောက်လာတာပါ။ ဒါရိုက်တာ ပုသိမ်ဦးပါ ရိုက်ကူးတဲ့ “ချောစု”ဇာတ်ကားအတွက် ဒုတိယနေရာမှာ သရုပ်ဆောင် အဖြစ် ပါဝင် ရိုက်ကူးခဲ့ပါ တယ်”လို့ ဆိုပါတယ်။  အခုခေတ် ကာလမှာ ရုပ်ရှင်လောက ပြောင်းလဲလာတာကို တွေ့ရ ပေမယ့်၊ ဗီဒီယိုဈေးကွက် မပျောက်သင့်တဲ့ အကြောင်းနဲ့ ဇာတ်ပို့ ဇာတ်ရံ တွေနေရာ ရလာတယ် ဆိုပေမယ့် ရွေးချယ်ခွင့်မရှိတဲ့ အကြောင်းကို သရုပ် ဆောင် သန်းသန်းစိုးက….

“အခုခေတ် ကာလမှာ ရုပ်ရှင်လောက လည်း ပြောင်း လဲလာတာကို တွေ့ရပါတယ်။ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးတာ များလာ တာကို တွေ့ရတယ်။ အမှန် တကယ်တော့ ဗီဒီယိုကလည်း မပျောက် ကွယ်သင့်ဘူး။ ဗီဒီယို ရှိနေတယ် ဆိုရင် အနုပညာလောက သား များ ပိုပြီး အလုပ်လုပ်နိုင်မယ်လို့ အန်တီ ထင်တယ်။ အန်တီတို့ ဇာတ်ပို့   ဇာတ်ရံတွေ နေရာ အခွင့်အလမ်းတွေ ရှိလာပြီ ဆိုပေမယ့် လည်း တကယ် တမ်းကျတော့ အန်တီတို့မှာ ရွေးချယ်ခွင့် မရှိဘူး။ ဒါရိုက်တာ ချပေးတဲ့ ဇာတ်ရုပ်ပေါ်မှာပဲ အန်တီတို့က လှုပ်ရှား ရတယ်။ သူတို့က အန်တီ တို့ကို လုပ်ကွက်တွေ ပေးမယ်ဆိုမှ အန်တီတို့မှာ အခွင့်လမ်းတွေ ရပါတယ်”လို့ ပြောပါတယ်။

သရုပ်ဆောင် သန်းသန်းစိုးက အခု လတ်တလောမှာ ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ “ပက်ပက်စက်စက် ညှို့” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူး နေတာဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေလည်း ဆက်လက် ရိုက်ကူးဖို့ရှိကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here