ရုပ်ရှင်ရုံတစ်ရာ စီမံကိန်းရဲ့ လက်ရှိအခြေအနေ

0
177

100-Cinema-(2)ရုပ်ရှင်ရုံတစ်ရာ စီမံကိန်းရဲ့ ပထမဦးဆုံး ရုပ်ရှင်ရုံ ဖွင့်လှစ်ခြင်းကို ဇန်န ဝါရီလ၂၅ရက်နေ့က မှော်ဘီမြို့နယ်တပ်ကြီးကုန်းရက်ကွက်၊ ဦးပိုင်အမှတ် (၆/၃)၊ ရွာသစ်ကွင်း၊ အမှတ်(၅၈၄)မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး နောက်ထပ်ရုပ် ရှင်ရုံတွေကို ဆက်တိုက် ဖွင့်လှစ်သွားနိုင်ဖို့ အတွက် ကြိုးစား တည်ဆောက်လျက် ရှိနေကြောင်း သိရပါတယ်။

၂နှစ်အတွင်း မှာတော့ ရုပ်ရှင်ရုံတစ်ရာ အထိ တည်ဆောက်သွားမှာ ဖြစ်ပြီး ရုပ်ရှင်ရုံ မရှိသေးတဲ့ ဒေသတွေကို အဓိက ပစ်မှတ်ထားပြီး တည်ဆောက်သွား မှာဖြစ်ပါတယ်။ ရုပ်ရှင်ရုံတစ်ရာ စီမံကိန်းတည် ဆောက်မှုရဲ့ ရှယ်ယာ ပါဝင်မှု အထဲမှာ ရုပ်ရှင်လော ကသား အများစုရှယ်ယာ ထည့်ဝင်ထားတဲ့ “ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီ”ကလည်း ရှယ် ယာ၅ ရာခိုင်နှုန်း ထည့်ဝင်ထားတယ်လို့ အကယ် ဒမီလွင်မိုးက ဆိုပါတယ်။

“အခုလက်ရှိ မှာတော့ မုံရွာမြို့ ကရုပ်ရှင်ရုံနဲ့ ဖျာပုံရုပ်ရှင်ရုံ တွေက ပြီးနေပါပြီ။ MIC (Myanmar Investment Commission)  ရဲ့ ခွင့်ပြုချက်နဲ့ ပြန် ကြားရေး ဝန်ကြီးဌာနရဲ့ခွင့်ပြုချက်တွေကို စောင့် နေတာ ဖြစ်ပါတယ်။ လက်ရှိ တည်ဆောက်နေဆဲ က တစ်ပြိုင်နက်တည်းမှာ ၁၅ရုံအထိ ရှိနေပါတယ်။ အောင်ပန်း၊ မအူပင်၊ အေးသာယာ၊ ရွှေဘို၊ ချောက်၊ ရမည်းသင်း၊ ကျောက်ပန်းတောင်း၊ ဘိုကလေး၊ ကလေး၊ သထုံ တွေမှာလည်း တစ်ပြိုင်တည်း တည် ဆောက်နေပါတယ်။ အဲ့ဒီ ရုပ်ရှင်ရုံတွေက ၁၅ ရက် တစ်ရုံ ရက်၂ဝ တစ်ရုံနဲ့အဲ့ဒီလို ကပ်ကပ်လေးတွေ ပြီးသွားကြမှာပေါ့။ ၂နှစ်အတွင်း ရုံ တစ်ရာပြီးစီး သွားမှာ ဖြစ်ပါတယ်။ အခု ၁၅ ရုံဟာ ဆိုရင်လည်း ဇွန်လ လောက် ဆိုရင် ပြီးစီးသွားမှာ ဖြစ်ပါတယ်။ အခုလည်း မြေကြီး ငှားတာတို့၊ စာချုပ်ချုပ် တာတို့၊ တည်ဆောက်ရေး ကုမ္ပဏီရှာဖွေ အပ်နှံတာတို့ကို ဆက်တိုက် လုပ်ဆောင် နေပါတယ်”လို့ အကယ်ဒမီ လွင်မိုးက လက်ရှိ အခြေအနေကို ပြောပြပေး ပါတယ်။ အခု နှစ်အတွင်းမှာပဲ အဆင့်မြင့်ဒစ်ဂျစ် တယ် ရုပ်ရှင် ရုံစုစုပေါင်း ၄၅ရုံအထိ တည်ဆောက် သွားမှာဖြစ် တယ်လို့ ရုပ်ရှင်ရုံတစ်ရာ တည်ဆောက် ရေးစီမံကိန်း Paradiso Cinema ကုမ္ပဏီရဲ့CEO ဖြစ်သူ ဦးတင်မောင်ဝင်းက ပြောထားပါတယ်။

“လက်ရှိအချိန် အထိ မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ရှိနေတဲ့ ရုပ်ရှင်ရုံ အရေအတွက် စုစုပေါင်းဟာ ၅ဝ ရုံခန့်ပဲ ရှိ သေးတယ်။ အဲ့ဒီရုပ်ရှင်ရုံ ၅ဝခန့်ရဲ့ တစ် နှစ်လုံးရဲ့ ငွေကြေး လည်ပတ်မှုဟာ ၅ဘီလျံလောက် အထိပဲရှိနေပြီး ၂ဝ၁၇ ခုနှစ်မှာ Paradiso Cinema ရုပ်ရှင်ရုံ ၄၅ ရုံပေါ်ပေါက် လာပြီးပါက တစ်နှစ်ပတ်လုံး ငွေကြေး လည်ပတ်မှုဟာ ၁ဝဘီလျံ အထိ ငွေကြေး စီးဆင်းမှု ဖြစ်လာလိမ့်မယ်”လို့ ဦးတင်မောင်ဝင်းက သုံးသပ်ပြောပြပေးခဲ့ပါတယ်။

Paradiso Cinema ရုပ်ရှင်ရုံတစ်ရုံရဲ့ ကုန် ကျစရိတ်ဟာ ကျပ်သိန်းနှစ်ထောင် ကနေနှစ် ထောင့်သုံးရာအထိ ကုန်ကျစရိတ် ရှိတယ်လို့လည်း သိထားရပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here