ဆင်ဆာကိစ္စ အရေး အတွက် အားလုံး အဆင်ပြေနိုင်မယ့် လမ်းကြောင်း တစ်ခုကို ရွေးချယ်ပြီး ဆက် လျှောက်သွား ရမှာ ဖြစ်ပါတယ် ရုပ်ရှင်ဥက္ကဌ ဦးလူမင်း

0
186

Lu-Minnဆင်ဆာကိစ္စ နဲ့ပတ်သက်ပြီး လတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေမှာ ဆင်ဆာဖြတ်တောက် တာ များလွန်းပြီး၊ ဒါဟာ အနုပညာ ဖန်တီးမှု အပေါ် မကြည့်ဘဲနဲ့ ဆင်ဆာဖြတ်တောက်မှု တွေဟာ များပြား လွန်းနေကြောင်း၊ အထူးသဖြင့် အခု နောက်ပိုင်း ဟာသ ဇာတ်ကားတွေ အရိုက်များလာ တဲ့အခါမှာ စကားလုံး အဓိပ္ပာယ် နှစ်ခွထွက်မှုတွေကို ဟာသ အမြင် နဲ့ကြည့်ပြီးတော့ မဖျက်ဘူး ဆိုတာ တွေကအစ ရုပ်ရှင်လောကသားတွေမှာ အတော် လေးဆန္ဒတွေ ပြင်းထန်နေကြကြောင်း ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းက ဆိုပါတယ်။ အဲ့ဒါ ကြောင့်လည်း ရုပ် ရှင်လောကသား တွေ ကိုယ်စား ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း ကနေပြီး ဒီလိုကိစ္စတွေကို ဖြေရှင်းပေးဖို့ အတွက် ပြန်ကြားရေး ဝန်ကြီးဌာနကို စာတင်ပြီး တော့ တောင်းဆိုထား တာ ရှိပါတယ်။ “ပြန်ကြား ရေးဝန်ကြီး နဲ့ ဒီမိုကရေစီရက် သတ္တပတ် ရုပ်ရှင်ပွဲ တော် ကိစ္စဆွေးနွေးကြ တုန်းက ဒီဆင်ဆာ ကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ အခါမှာ ဝန်ကြီး အနေ နဲ့ကတော့ သူကိုယ်တိုင် အနေနဲ့ ဖြတ်တောက် ခိုင်းနေတာ မရှိဘူး။ ဆင်ဆာ အဖွဲ့အနေ နဲ့ဖြတ် တယ်။ လောကသား တွေကလည်း လွတ်လွတ်လပ် လပ်ရိုက်ချင်တယ်။ ဒီနှစ်ခုကြားမှာ ဖြစ်သင့်ဖြစ် ထိုက်တဲ့ လမ်းကြောင်း တစ်ခုပါအောင်၊ လောက သားတွေက လည်း ဖြစ်ချင် တဲ့ဆန္ဒတွေ ကို တင်ပြ။ ဘယ်လောက် အထိ ဖြစ်ချင်သလဲ။ ဆင်ဆာ အဖွဲ့ကလည်း ဘယ်လိုဖြစ်သင့်တယ် ဆိုတာကို သူတို့ ဘက်ကတင်ပြ။ အဲ့ဒီမှာပြန်ကြားရေး ဝန်ကြီးကိုယ်တိုင် ထိုင်ပြီးတော့ ကြားနေ Third Party လို့ခေါ်တဲ့ လွှတ်တော် အမတ် တွေ ပါ ပါဝင် ဆွေးနွေး ပြီးတော့ ဆင်ဆာဟာ ဘယ်လိုတော့ ဖြစ်သင့်တယ်။ ဘယ် လောက် အတိုင်းအတာအထိ တော့ခွင့်ပြု သင့်တယ်။ ဘယ်လောက် အတိုင်း အတာ အထိတော့ ချန်ထားသင့်တယ်။ အဲ့ဒီလို သုံးပွင့်ဆိုင်၊ လေးပွင့်ဆိုင် အကုန်လုံးကြား နေ အကြံပေးနိုင်မှု ပုဂ္ဂိုလ်တွေ အပါအဝင် ဝိုင်းဝန်း ဆွေးနွေးသွားကြဖို့ သဘောတူ ညီမှု ရထားခဲ့ပါတယ်”လို့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူ မင်းက ပြောပြပေး ပါတယ်။

အခုဆွေးနွေးမှုဟာ လက်တလော ဖြစ်ပျက်နေတဲ့ ဆင်ဆာ ကိစ္စကို ဖြေရှင်း သွားကြမှာ ဖြစ်ပေမယ့်လည်း နောက် ပိုင်းမှာတော့ Rating စနစ်ကို ဦးတည် ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အနာဂတ်မှာတော့ Rating ဆို တဲ့စနစ်ကို မဖြစ်မနေ သွားရမှာပါပဲ။ ဒါပေမဲ့ လတ်တလော မှာကိုပဲ ဆင်ဆာ ကိစ္စ ကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာ အမိန့်အာဏာ တွေနဲ့ မဖြစ်မနေ ဖြတ်တောက်ရမယ် ဆိုတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ လွတ်လပ် စွာဖန်တီးမယ့် သူတွေဘက် ကလည်း မိမိဘာသာမိမိတို့ တာဝန်ခံမှု တာဝန် ယူမှုဆိုတာ ဘယ်လောက် အရေးကြီး တယ် ဆိုတာ လည်း သိဖို့လိုအပ်တယ်။ ဒီကြားထဲကနေပဲ ပရိသတ်ရဲ့ ဆုံးဖြတ် ပေးမှု ဆိုတာကလည်း ရှိပါသေးတယ်။ အားလုံး အဆင်ပြေနိုင် မယ့် လမ်းကြောင်း တစ်ခုကို၊ သဘောတူနိုင်မယ့် လမ်း ကြောင်း တစ်ခုကို ရွေးချယ်ကြပြီးတော့ ဆက်လျှောက် သွားရမှာဖြစ်ပါတယ်” လို့ပြောပြ ပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here