ကြော်ငြာရိုက်ကူးဖြစ်ပေမယ့် ရုပ်ရှင်တော့ မရိုက်ဘူးလို့ဆိုတဲ့ အောင်လအန်ဆိုင်း

0
177

Aung La

ကမ္ဘာကျော် MMA လက်ဝှေ့ကျော်တစ်ဦးဖြစ်တဲ့ အောင်လအန်ဆိုင်းက သူ့ရဲ့အသုံးအဆောင်ပစ္စည်းတွေကို လေလံတင်ပြီး မြစ်ကြီးနားမှာ အလှူလုပ်မယ်လို့ သိရပါ တယ်။

” ကျွန်တော်ရဲ့ အသုံး အဆောင် ပစ္စည်းတွေကို လေလံတင်မယ်လို့ လုပ်ထားတယ်။ ပစ္စည်းတွေက မြန်မာပြည်မှာ ထိုးသတ်ခဲ့တုန်းကဝတ်တဲ့ လက်အိတ်ပါမယ်။ ကျွန်တော်ကိုယ်တိုင် လေ့ကျင့် ခန်းလုပ် ထိုးသတ်ရင်းဝတ်တဲ့ ဘောင်းဘီပါမယ်။ အရင်တုန်းက အမေရိကန်မှာ ထိုးသတ်တုန်းက ဝတ်ခဲ့တဲ့ လက်အိတ်တွေပါမယ်။ ရရှိတဲ့ငွေတွေကို မြစ်ကြီးနားမှာ လှူဒါန်းမယ်” လို့ အောင်လအန်ဆိုင်းက ဆိုပါတယ်။

Lion အချိုရည်နဲ့အတူ ကြော်ငြာတစ်ခုကိုလည်း ရိုက်ကူးထားတဲ့ အောင်လအန်ဆိုင်းက သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်ပါ ဘူးလို့ဆိုပါတယ်။ ” ရုပ်ရှင်တော့ ကျွန်တော်မရိုက်ကူးပါဘူး။ မြန်မာစကားမှ သိပ်မပြောတတ်တာ။ ကြော်ငြာရိုက်ကူးတာက နည်းနည်းလွယ်တယ်။ ရုပ်ရှင်ရိုက်ကူးရအောင် ရုပ်ရှင်မင်းသားမှမဟုတ်တာ။ ကြော်ငြာတွေ ထပ် ရိုက်ကူးဖို့တော့ မရှိပါဘူး။ ကျွန်တော့်ရဲ့အိပ်မက်က ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ပါ။ မြန်မာပြည်ကို ကိုယ်စားပြု ချန်ပီယံတစ်ယောက်အနေနဲ့ အနုပညာ လောကထဲမှာ တွေ့ချင် လို့ တောင်းဆိုလာမယ်ဆိုရင် ရုပ်ရှင်တော့မရိုက်ကူးဘူး။ ကြော်ငြာဆိုရင်တော့ ရိုက်ကူးပေးမယ်” လို့ ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here