ခရီးတွေထွက်ရင်း ချစ်သူကို ပါရမီဖြည့်ပေးနေတဲ့ နေဝင်း (Snare)

0
325

Nay Win

ချစ်သူနဲ့အတူ ခရီးတွေထွက်ရင်း ချစ်သူကို ဓာတ်ပုံလေးတွေရိုက်ပေးနေတဲ့ နေဝင်းတို့ စုံတွဲကိုကြည့်ရတာ သိပ်ကိုပျော်ဖို့ကောင်းပါတယ်။ နေဝင်းရဲ့ ချစ်သူကောင်မလေးကလည်း Travel Queen ဆိုတဲ့ ခရီးသွား ဘလော့လေးလုပ်နေတာဆိုတော့ အဲဒီအကြောင်းလေးကို နေဝင်းနဲ့တွေ့တုန်း မေးဖြစ်တဲ့အခါ..

” ကျွန်တော် နေမကောင်းတာလည်းပါပါတယ်ဗျ။ အခုဆို ကျွန်တော် ဆေးလိပ်လည်း မသောက်ဘူး။ အရက်လည်း မသောက်ဘူး။ ၆လလောက်တော့ရှိပါပြီ။ အဲဒီအချိန်မှာ ကျွန်တော်ကျန်းမာရေးအရ ခရီးတွေထွက်တယ်။ ရန်ကုန်မှာ လေကောင်းလေသန့် မရဘူးဗျ။ အဲဒါ ကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ကိုယ်မရောက်ဖူးတဲ့နေရာ လေးတွေဆီကို သွားတယ်။ ကျွန်တော့်ကောင်မလေးဆိုရင်လည်း ကိုယ့်စရိတ် ကိုယ်အိတ်စိုက်ပြီးတော့ ခရီးသွားတယ်။ ခရီးသွားအတွေ့အကြုံလေးတွေရေးတယ်။ ကျွန်တော်ကလည်း အနုပညာအလုပ်လေးတွေ တတ်သလောက်၊ မှတ်သလောက် လုပ်ရမှကျေနပ်တာဆိုတော့ ကျွန်တော်ကင်မရာလေးတွေ ဝယ်ပြီးတော့ သူ့ကို ကျွန်တော် ဓာတ်ပုံလိုက်ရိုက်ပေးနေတာ။ ဒီအတိုင်းပါပဲ။ အပျော်ပေါ့” လို့ ပြောပါတယ်။ နေဝင်းတို့ Snare အဖွဲ့ရဲ့ တတိယစီးရီးခွေကတော့သင်္ကြန်အပြီး ၆လ ပိုင်းလောက်ကျကာမှ ထွက်ရှိဖြစ်တော့မယ်လို့ နေဝင်းကပြောပါတယ်။ ” ပူးတွဲ ချန်ပီယံဆိုပြီး ပေးထားပါတယ်။ ကျွန်တော်တို့ Snare နဲ့လည်း လိုက်ဖက်မယ် ထင်ပါတယ်။ အဲဒီသီချင်းလည်း ပါပါတယ်။ အချိန်ကမတူတဲ့အတွက် ကျွန်တော်တို့ ဥာဏ်ကွန့်မြူးတာလည်း မတူပါဘူးဗျ။ သီချင်းလေးတွေကို သေသေချာချာ၊ စုံစုံလင်လင်လေးဖြစ်အောင်လုပ်ထားပါတယ်” လို့ နေဝင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here