အခက်အခဲတွေရှိပေမယ့် အနုပညာလမ်းကို ဆက်လျှောက်သွားမယ့် ခိုင်သဇင်ငုဝါ

0
317

Khaing Thazin

မော်ဒယ်ခိုင်သဇင်ငုဝါက မော်ဒယ်အောင်ရဲထိုက်နဲ့အတူ သီဆိုထားတဲ့ “လွမ်းတဲ့အခါ”သီချင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ အမှတ်တရအဖြစ် အွန်လိုင်းပေါ်မှာ ဖြန့်ချိခဲ့ပါတယ်။ အချိန် အနည်းငယ်အတွင်းမှာ စီစဉ်ခဲ့တဲ့အတွက် လိုအပ်ချက်တွေရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့ တုံ့ပြန်ချက် ကောင်းတွေကြောင့် ဝမ်းသာရတယ်လို့ ခိုင်သဇင်ငုဝါက ပြောပါတယ်။ ပထမဆုံးသီချင်းဖြစ်တဲ့အတွက် တွေ့ကြုံရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး…

” အစက စီစဉ်ထားတာတော့ အချစ်သီချင်းလေးပါ။ ပြန်စဉ်းစားတော့ Valentine Day မှာ ဝေးကွာ နေတဲ့ချစ်သူတွေလည်း ရှိတယ်ဆိုပြီး အဆွေးသီချင်းလေးပဲ လုပ်လိုက်တယ်။ စုံတွဲဆိုတဲ့အခါ ကီးအဆင်မပြေတာလေးတွေ ရှိခဲ့ပါတယ်။ သေချာပြန်တိုက်ပြီး ၁၃ ရက်နေ့မှာ အချောသွင်း၊ ဓာတ်ပုံအမြန်ရိုက်ပြီး အချိန်မီဖြန့်လိုက်ရတဲ့အတွက် ကိုယ်တိုင်စိတ်တိုင်းမကျဘဲ လိုအပ်ချက်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေအားပေးနားထောင်ကြတယ်။ သီချင်းလေး ကို Share ကြတဲ့အတွက် ဝမ်းသာပါတယ်။ နောက် ပိုင်းလည်း အဆိုတော်အနေနဲ့ ရပ်တည် နိုင်အောင် ကြိုးစားသွားမှာပါ” လို့ ခိုင်သဇင်ငုဝါက ပြောပါတယ်။ ခိုင်သဇင်ငုဝါက အနုပညာ လောကထဲစဝင်ရောက်ချိန်မှာ အစ်မဖြစ်သူခိုင်သဇင်ယုဝါနဲ့အတူ လုပ်ကိုင်ခဲ့ကြပြီး အစ်မဖြစ်သူက အနုပညာအလုပ်ကို ဆက်မလုပ်တော့တာကြောင့် သူ့အနေနဲ့ခက်ခဲမှုတွေရှိနေတယ်လို့ဆိုပါတယ်။ သို့ပေမယ့် တစ်ယောက်တည်းလည်း အနုပညာလမ်းကို လျှောက်ဦးမှာ ဖြစ်တဲ့ ခိုင်သဇင်ငုဝါက….

” ညီမက အစပိုင်းအလုပ်လုပ်ကတည်းက ယုဝါနဲ့အတူတူ ပွဲတွေသွားတယ်။ ဓာတ်ပုံ ရိုက်သွားရင်လည်း အတူတူပေါ့။ Post တွေကိုလည်း ယုဝါနဲ့ တိုင်ပင်ပြီးလုပ်တယ်။ အခုသူက ဒီအလုပ်တွေမလုပ်တော့ဘူးဆိုတော့ တိုင်ပင်ဖော်တိုင်ပင်ဖက် မရှိတော့ဘူး။ ညှိလို့လည်း မရတော့ဘူး။ ငုဝါကအပေါင်း အသင်း၊သူငယ်ချင်းသိပ်မရှိဘူး။ စကားနည်းတော့ ကိုယ့် ကိုယ်ကိုယ် စိတ်အားငယ်မိတယ်။ တချို့ပွဲတွေသွားတာမျိုးဆို တစ်ယောက်တည်းသွားတတ် အောင်ကျင့်တယ်။ အခက်အခဲတွေတော့ ရှိပါတယ်။ ယုဝါလည်းမပါတော့ အမေ့ကိုပါအောင် ခေါ်သွားတယ်။ ညီမတစ်ယောက်တည်းဆိုပေမယ့် ညီမဒီလမ်းကို ဆက်လျှောက်သွားမှာပါ” လို့ ပြောပါတယ်။

မြတ်မိုးပွင့်