ရန်ကုန် ဧပြီအရူး

0
114

qn

နှစ်စဉ်နှစ်တိုင်း ဧပြီလဆန်း ၁ရက်နေ့သို့ ကျရောက်လာပြီဆိုလျှင် ရန်ကုန်ဧပြီအရူးကို ဒိန်းဒလိန်း နတ်ပူးကပ် ဖမ်းစားလေ့ရှိပါခေ သည်။ ယခုနှစ်မှာတော့ နည်းနည်း ကလေးပို၍ထူးခြားသည်ဟု ဆိုနိုင်သည်။ သူကသူ့ကိုယ်သူ “ရန်ကုန် အိုင်ဒေါ” ဟူ သော ဘွဲ့မည်ရည်တစ်ခုထပ်တိုးကာ သင်္ကြန်ပွဲတော်မှာ အစွမ်းကုန် နွှဲပျော်လိုက်မည်ဟု ကြုံးဝါးသည်။ ” မဏ္ဍပ်တိုင်းမှာ ရန်ကုန် အိုင်ဒေါရှိနေမယ်။ ဆုပေးမဏ္ဍပ်တိုင်းက ဆုတွေကို ရန်ကုန် အိုင်ဒေါက သိမ်းကျုံးယူမယ်” ဟု ရန်ကုန်ဧပြီ အရူးက တွေ့ သမျှလူတိုင်းကို လျှောက်ကြွားသည်။

” နာမည်နဲ့လိုက်အောင် ရူးပါ ပေ့”
” ထူးလည်းထူးတယ်။ ရူးလည်း ရူးတယ်။ မူးလည်းမူးတယ်ဆိုတဲ့ ကိုကြီးကျော်ထက်တောင် ရန်ကုန်ဧပြီအရူးက ဆယ်ပြန်ပိုပြီး မူးသေး၊ ရူးသေးကွာ”

“ထူးပေဆန်းပေသည်။ အရူးတွေ ဖမ်းကုန်ပြီဆိုတဲ့ သီချင်းအတိုင်း ဒီငနဲကို ဖမ်း ပြီး ရွာသာကြီးဆေးရုံပို့လိုက်မှ ငရို့နားအငြီး သက်သာ၊ မျက်စိအနောက်သက်သာမယ် တူတယ်ကွ”

ရန်ကုန်ဧပြီအရူးကို ကွယ်ရာ မှာကော၊ ရှေ့တွင်မှာပါတိုးတိုး တစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ဝေဖန် သံတွေ စီစီညံလာသည်။ ရန်ကုန်ဧပြီ အရူးက ဂရုမစိုက်။ ” အားလုံးဒုန်းဂဲ don’t care ဒုန်းဂဲ၊ ဒုန်းဂဲပေါင်းတစ်သန်း” ဟု လျှောက်အော်သည်။ “တီမိုကလေ စီခေတ်မှာ လွတ်လပ်စွာ ပျော်မယ်၊ ဒုန်းဂဲ” ဟု မူးသံကြီးဖြင့် ဟစ်သည်။ အဲဒီကဲ့သို့ ရန်ကုန်ဧပြီအရူး တစ်ယောက် မူးကြောင်ရူးကြောင် သောင်းကျန်းနေသည့်သတင်းကို ဆူးလေဘိုးဘိုးကြီး ကြားသိလေသော် လူကြီးပီပီ ရတက်မအေး၊ ရင်လေး ရပေတော့သည်။ ဆူးလေဘိုးဘိုးကြီးသည် တောင်ဝှေးစကြာကို တစ်ချက်မျှ ဝှေ့ယမ်းလိုက်ခြင်းအားဖြင့် ရန်ကုန်ဧပြီအရူးကို ဒူးတုပ်လျက်သားရောက်လာစေ၏။ ဧပြီအရူးမှာ အရူးဓာတ်အမူးဓာတ်တို့ဖြင့် “ဖီလင်” ရရှိနေရာ၊ ဆူးလေဘိုးဘိုး ကြီးကြောင့် (ခေတ်လူငယ်တို့၏ စကားအရ) Feelဖီးလ်ငုပ်သွားရလေ၏။

” ဘိုးဘိုးကြီးဟာ လူကြီးဖြစ်တိုင်း လူငယ်တွေရဲ့ ခံစားပျော်ရွှင်မှုကို မစာနာဘူး။ ရာသက်ပန်ကမ္ဘာ ဆုံးတိုင်ရာထူးယူထားတော့လည်း ဘိုးဘိုးကြီးကို ရွေးကောက်ပွဲမှာ ကန့်ကွက်မဲနဲ့ ဖြုတ်ချလို့မရဘူး။ ခက် တာပဲ။ ၂ဝဝ၈ ခြေ/ဥကို ပြင်ဖို့ထက် တောင်ခက်လှချေသေး ဟူး ဝူး ဝူး” ဟု ရန်ကုန်ဧပြီအရူးက ခြူသံပါ အောင် ညည်းပြလိုက်သောအခါ ဆူးလေဘိုးဘိုးကြီးသည် ပို၍ဒေါသထွက်ကာ တောင်ဝှေးကိုမြှောက်လိုက်သည်။ ” ဗာလနံလူမိုက်တော့ နာချင်ပြီ မှတ်တယ်။ သင်္ကြန်တောင် မကျသေးဘူး။ ဒင်းက သင်္ကြန်ပိုးထနေပြီ ဟုတ်သလား”

” ကျွန်တော်မျိုးက သင်္ကြန် အလုပ်ပိတ်ရက်၁ဝရက်နဲ့ အားမရလို့ ကြိုတင်ပြီးပျော်နေတာ။ ကိုယ့် ကိုယ်ကိုယ် ရန်ကုန်အိုင်ဒေါဘွဲ့တပ် ပြီး မဏ္ဍပ်တိုင်းမှာ လျှောက်မြူးမလို့ ဘိုးဘိုးရဲ့။ အမှန်ဆိုရင် အစိုးရ လူကြီးမင်းများက ဧပြီလတစ်လလုံးကို ဂေဇက်တက်ရုံးပိတ်ရက်ရှည်အဖြစ် သတ်မှတ်ကြေညာပေးသင့် တာပါ ဘိုးဘိုးကြီး” ဆူးလေဘိုးဘိုးကြီးသည် တောင်ဝှေးကို မြှောက်ရွယ်လိုက် ပြန်ရာ ရန်ကုန်ဧပြီအရူးမှာ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ” သယ် ဒီငမိုက်သားတော့ ငါ့ တောင်ဝှေးစကြာနဲ့ နှစ်ပါးသွားချင် ပြီမှတ်တယ်။ နင်တို့တစ်တွေဟာ လေ ဆင်းရဲတဲ့၊ မွဲတဲ့ကြားက အပျော်အပါးကို မလျှော့ချင်ကြဘူး”

” မျိုးချစ်စိတ်ရှင်သန် ထက်မြက် တဲ့ မြန်မာ့ဓလေ့ပါ ဘိုးဘိုးရဲ့။ မြန်မာ့ အစဉ်အလာ ၁၂ရာသီပွဲတော်တွေ ရှိနေကြတာကိုကြည့်ပါ။တခြားဘယ် လူမျိုး၊ ဘယ်တိုင်းပြည်မှာမှ မရှိတဲ့ ဓလေ့။ အဲသဟာ ဝိသေသထူးခြားတဲ့ မြန်မာ့ကားချား Culture ပါချင်ဗျား”

” ကားပဲချားချား၊ နွားလှည်းပဲချားချား၊ ဆိုက်ကားပဲချားချား၊ နင်တို့ ဟာ လွန်လွန်းတယ်။ အလုပ်လုပ်ဖို့ မစဉ်းစားကြဘူး။ ကမြင်းကြော၊ နန့် ကြောထဖို့ပဲ စဉ်းစားနေကြတယ်။ အခု ကြည့်ပါလား။ ချစ်သူများနေ့ ဆိုတာကြီးက ဝင်လာပြန်ပြီ။ နောက်တစ်ခါ ကိုယ်နဲ့ဘာမှမဆိုင်ဘဲနဲ့ ဟက်ပီးနယူးယီးယားဆိုပြီး အရူးထကြ သေးတယ်။ နင်တို့ဟက်ပီးနယူးယီး ယားအစစ်က သင်္ကြန်နှစ်သစ်ကူးပွဲတော်ဟဲ့” ဆူးလေဘိုးဘိုးကြီး တောင်ဝှေးတစ်ရမ်းရမ်းနှင့် ဟိန်းဟောက်နေစဉ် ရန်ကုန်ဧပြီအရူးမှာ ” ဂလိုဘယ်လိုက် ဇေးရှင်းကို ဘိုးဘိုးကြီး နားမလည်ဘူး။ လုံးဝနားမလည်ဘူး” ဟု ညည်း နေလေသည်။ ” ဘာလို့နားမလည်ရ မှာတုံးဟဲ့အကောင်ရဲ့။ ကုလားပြည်က ပါလာတဲ့ သင်္ကြန်ဓလေ့ကို နင်တို့မြန်မာတွေကောင်းစွာ အသုံးချတတ် ဖို့လိုသဟဲ့။ သင်္ကြန်ဓလေ့ကို ကောင်း စွာအသုံးမချတတ်တော့ ပုဂံခေတ် ကတည်းက ပြဿနာပေါ်ပါရောလား”

” ဘိုးဘိုးကြီးရယ် ရိုးရိုးပဲ ပြောပါ။ သမိုင်းနဲ့တော့ ကိုင်မပေါက် လိုက်ပါနဲ့ အဟီး”ဟု ရန်ကုန်ဧပြီ အရူးက မရဲတရဲ ထေ့လိုက်၏။ ” ပုဂံ ပြည်မှာ ရှင်ဘုရင်တစ်ပါးက သင်္ကြန် ကျတော့ သူ့မိဖုရားကို ရေခဲရေနဲ့ ပက်သတဲ့” “အဲသည်ခေတ်က ရေခဲမှ မပေါ်သေးတာပဲ ဘိုးဘိုးရဲ့”” ပေါ်ပေါ်၊ မပေါ်ပေါ်၊ ငါကသမိုင်းအရပြောတာ။ ငါပြောချင်သ လိုပြောမှာပဲ။ ရေခဲရေနဲ့ အပက်ခံရ တဲ့ မိဖုရားက စိတ်တိုပြီး ဘုရင်ကို အဆိပ်ခတ်သတ်ဖို့ ကြံစည်သတဲ့။ ဘုရင်ကသိသွားတော့ မိဖုရားကို နိုင်ငံတော်လုပ်ကြံမှုပုဒ်မနဲ့ သေဒဏ် ပေးလိုက်သတဲ့”

” ဟာ ဘိုးဘိုးကြီးကလည်း၊ အဲ သည်ခေတ်က နိုင်ငံတော်လုပ်ကြံမှု ပုဒ်မဆိုတာ စိတ်ကူးထဲမှာတောင် မရှိသေးပါဘူး”

” ရှိရှိ၊ မရှိရှိ ငါကသမိုင်းအရ ပြောတာ။ ငါပြောချင်သလိုပြောမှာ ပဲ။ ဆိုတော့ကာ ပုဂံခေတ်က စလိုက်တဲ့ သင်္ကြန်ကျိန်စာဟာ ခုခေတ်ထိ တောက်လျှောက်အဆက်မပြတ် ရှင်သန်နေတယ်။ သင်္ကြန်တွင်းဆို မူးရူး ပြီး ရန်ဖြစ်ကြပြီ။ မူးရူးပြီး ကားတွေ၊ ဆိုင်ကယ်တွေတိုက်ကြပြီ။ သင်္ကြန် တွင်းဆို ဆေးရုံ၊ သင်္ချိုင်း၊ ရဲစခန်း တွေမှာ အကုန်အလုပ်ရှုပ်ကြကရော။ နင်တို့လို ငမူး၊ ငမြူးတွေဟာ မြန်မာ့ နှစ်သစ်ကူး ထူးမြတ်တဲ့ မဟာသင်္ကြန် ယဉ်ကျေးမှုကို ဖျက်ဆီးနေတဲ့ အဖျက်သမားတွေပဲ။ နင်တို့ဟာ ပြည်ပအားကိုး ပုဆိန်ရိုးတွေထက် ဆယ်ပြန်ပိုဆိုးသေးသကွ” ဆူးလေဘိုးဘိုးကြီး ကရုဏာ ဒေါသဖြင့် စိတ်မာန်တက်ြ<ွကနေမှန်း ရိပ်မိကာ ရန်ကုန်ဧပြီအရူးသည် ပါးနပ်စွာ အလိမ္မာသုံးရတော့သည်။

” ရိုးရာယဉ်ကျေးမှု သင်္ကြန်ပီသ အောင် အကြံပြုတော်မူပါ ဘိုးဘိုး”

ရန်ကုန်ဧပြီအရူးက လိမ္မာပါး နပ်စွာ လျှောက်ထားတောင်းခံ သဖြင့် ဆူးလေဘိုးဘိုးကြီးသည် သင်္ကြန်ကာလအတွက် လိုအပ်သည် များ ကို ရှည်လျားပြည့်စုံစွာ မှာကြား လေသည်။ သင်္ကြန်ကာလသို့ ရောက်သော် ရန်ကုန်ဧပြီအရူးကို ထူးခြားသော ပုံစံဖြင့် တွေ့ကြရသည်။ သူသည် အမျိုးသားအများစုကဲ့သို့ ဘောင်းဘီ နှင့် တီရှပ်မဝတ်ဘဲ မြန်မာဆန်ဆန် ပန်းနုရောင်ပိုးပုဆိုးနှင့် ကော်လာ ခေါင်းတုံးရှပ်အင်္ကျီအဖြူ လက်ရှည် ဝတ်သည်။ မျက်နှာမှာသနပ်ခါးလူး ၍ ရပ်ကွက်ဓမ္မာရုံမှ ငှားလာသော ငွေဖလားကြီးကို ပိုက်ထားသည်။ ငွေဖလားထဲတွင် ဒေါနဆီပါသော ရေမွှေးရောစပ်ထားသည့် ရေ ထည့် ထားသော သပြေခက် တစ်ခက်ကို ရေ ထဲမှာ စိုက်ထိုးထားသည်။ ရေ ကစားမဏ္ဍာပ်တစ်ခုအနီးသို့ ရောက် လျှင်သူက သီချင်းအော် ဆိုသည်။

” ငွေဖလားနဲ့ရေကစားကြတာ xxx မြန်မာ့ရိုးရာပါ။ သပြေခက်နဲ့ ရေပက်ကြတာ xxx မြန်မာ့သင်္ကြန်ပါ” မကြာမီ ဘီယာမူးနေသော လူငယ်များက ” အခြောက်ကြီး၊ အခြောက်ကြီး” ဟု ဝိုင်းအော်ကာ ရန်ကုန်ဧပြီအရူးကို ရေပိုက်တွေဖြင့် ပြင်းပြင်းထန်ထန် ဝိုင်းပက်ကြသည်။ ကောင်မလေးတွေကလည်း “အရူး အရူး” ဟု ဝိုင်းအောင်ရင်း ခွက်စောင်း ဝိုင်းခုတ်ကြသည်။ ရန်ကုန်ဧပြီအရူးမှာ ပိုးလုံချည် ကြီးကို ကွင်းသိုင်း၊ ငွေဖလားကြီးကို ပိုက်ကာ သေပြေးရှင်ပြေး ပြေးနေရ ရှာသည်။ ရေပက်မည့်သပြေခက်ကား အရာအထောင် ခြေဖဝါးတို့အောက် မှာ ကြေမွနေလေပြီတည်း။

ကြူးနှစ်


LEAVE A REPLY

Please enter your comment!
Please enter your name here