သား သိဒ္ဓိစစ်ရဲ့ ၂နှစ်ပြည့် မွေးနေ့အတွက် အလှူအတန်းတွေ ပြုလုပ်ခဲ့တဲ့ မယ်လိုဒီ

0
148

melody

သရုပ်ဆောင်မယ်လိုဒီက သားသိဒ္ဓိစစ်ရဲ့ ၂နှစ်ပြည့်မွေးနေ့အလှူကိုတော့ ဧပြီလ ၃ ရက် နေ့က ပြင်ဦးလွင်မြို့မှာရှိတဲ့ ဓမ္မသဟာယ သာသန စင်တာမှာ တစ်ရက်ဆွမ်း ကပ်လှူဒါန်းခဲ့ပြီး ညနေပိုင်းမှာတော့ မန္တလေးမှာရှိတဲ့ သူငယ်ချင်း၊ မိတ်ဆွေများကို ညစာကျွေးမွေးခဲ့ ကြောင်းသိရပါ တယ်။ သားလေးရဲ့ မွေးနေ့အလှူနဲ့ ပတ်သက်ပြီး မယ်လိုဒီက ..

” မေမြို့မှာ ပါချုပ်ဆရာတော် ဘုရားကြီးကို ဆွမ်းကပ်တယ်။ တစ်နေ့ကဆွမ်းလှူတယ်။ ပြီး တော့ မန္တလေးမှာရှိတဲ့သူတွေနဲ့ ညစာစားဖြစ် တယ်။ မန္တလေးက YGW မိဘမဲ့ကျောင်းမှာ သားသားအဝတ်အစားတွေလှူဖြစ်တယ်။ ဒီလောက်ပါပဲ” လို့ ပြောပါတယ်။ သားလေးရဲ့ဘဝမှာ အတတ်နိုင်ဆုံး အခက်အခဲမရှိဘဲ စိတ်ချမ်းသာဖို့အတွက်ပဲ မိဘတို့ဝတ္တရားအရ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း မယ်လိုဒီက ပြောပါတယ်။

” သူ့အပေါ်မှာ မျှော်လင့်ထားတာထက် သားသားဖြစ်ချင်တာကိုပဲ အစ်မတို့က လိုက်လုပ်ပေးမယ်။ သူ့ဘဝမှာ အတတ်နိုင်ဆုံး အခက်အခဲမရှိအောင်၊ စိတ်ချမ်းသာအောင်ကိုပဲ ပံ့ပိုးပေး မယ်။ ကျန်တာက သူရွေး ချယ်ချင်တာလေးတွေ သူရွေးချယ်၊ သူလုပ်ချင်တာလေးတွေသူလုပ်ပါ စေ။ အစ်မတို့က အကောင်းဆုံး ပံ့ပိုးပေးမယ်။ မိဘတို့ရဲ့ ထုံးစံအတိုင်း အကောင်းဆုံးတော့ သွန်သင် ရမှာပဲ။ အစ်မအမြင်မှာက တစ်ဦးတည်းလည်း ဖြစ်တော့ သူ့ကိုအခုအရွယ်မှာ အရမ်းဆော့တယ်လို့ ထင်တာ။ သူများတွေပြောတာတော့ သားသားက အရမ်းလိမ္မာ တယ်တဲ့။ ယောက်ျားလေးတစ်ယောက်က ဒါဆို ဆော့တယ်လို့ မခေါ်သေးဘူးပေါ့။ အခုအရွယ်ကတည်း က စာအုပ်တွေတွေ့ရင်ယူလာတယ်။ ယူပြီးရင် စာဖတ် တယ်။ စာဖတ်တာကသူ့ရဲ့အားသာချက်ပဲ။ အဲဒါက ပိုဝါသနာ ပါတယ်လို့ထင်တယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here