၂၇ နှစ် ပြည့် မွေး နေ့ ဟယ်ပင် ကလေးဆေး ရုံမှာ ပရိသတ်တွေ နဲ့အတူ အလှူလုပ်ခဲ့တဲ့ ပိုင်ဖြိုးသု

0
172

PaingPhyoThuသရုပ်ဆောင် ပိုင်ဖြိုးသုက ဧပြီလ ၅ရက်နေ့မှာ ကျ ရောက်တဲ့ သူမရဲ့ ၂၇နှစ်ပြည့် အမှတ်တရ အဖြစ် We Love Paing Phyo Thu Group  နဲ့အတူ ဟယ်ပင် ကလေး ဆေးရုံက ကလေးတွေ အတွက် ငွေ သား သွားရောက်လှူဒါန်း ခဲ့ပါတယ်။ ဒါ့ပြင် ပရိသတ်တွေ က လည်း မွေးနေ့ ညသန်းခေါင် အချိန်မှာ Birthday Suprise လည်း လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့မှာ We Love တွေနဲ့ ပထမဆုံး ပြုလုပ်ဖြစ်တဲ့ အလှူ အကြောင်းကို

“ညီမက အမှန်တော့ ဒီနှစ် နယ်ဘက်က မိဘမဲ့ ကလေးကျောင်းတွေကို သွားလှူချင်တာပါ။ ညီမရဲ့ အခု ရှုတင်က ပုလဲမြို့သစ်မှာ တည် ထားတာကြောင့် သွားလှူဖို့ အချိန်မရှိဘူး။ ဒါကြောင့် ကလေး ဆေးရုံမှာ လှူဖြစ်တယ်။ ဒါက ပထမဆုံးပါပဲ။ ညီမလည်းမွေးနေ့ မှာ ထွေထွေထူးထူး ဘာမှ မလုပ်ဖြစ်ပါဘူး။ ညကျတော့ ၁၂ နာရီလောက်ကြီး လည်း မန္တလေးက We Love တွေရော၊ ဒီကရောလာပြီး Suprise  လုပ်ကြတယ်။ ညီမထင်လည်း ထင်မထားဘူး။ အိပ်ချင်မူးတူး နဲ့ မျက်နှာ ပြောင်နဲ့ပါ။ ညီမပျော်လည်း ပျော်တယ်။ ဘာမှ သွေး မတော် သားမစပ်ဘဲ ညီမကို ချစ်ပေးကြတဲ့ We Love က ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ပိုင်ဖြိုးသုက လတ်တလောမှာ “ပန်းနှစ်ပွင့်စီးချင်း” လို့ အမည်ပေး ရတဲ့ ရုပ်သံ ဇာတ်လမ်းတွဲကို ကိုကိုလင်းမောင်၊ စိုးရန်အောင်၊ မာကို၊ ထက်ကိုကိုလင်း၊ ထူးမွန်၊ မေဘရဏီသော် တို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲက သူ့အတွက် ပထမဆုံး ဇာတ်လမ်းတွဲဖြစ် ပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ – ပိုင်ဖြိုးသု ဖေ့စ်ဘုတ်မှ


LEAVE A REPLY

Please enter your comment!
Please enter your name here