သင်္ကြန်ဝိဉာဉ် သင်္ကြန်မိုးရုပ်ရှင်

0
389

မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်တဲ့ တန်ခူးလအတာသင်္ကြန် ရေသဘင်ပွဲတော်နဲ့ ပတ်သက်ပြီး ဇာတ် လမ်းဇာတ်အိမ်ဖွဲ့ကာ ဒါရိုက်တာ မောင်တင်ဦးက အနု ပညာဖန်တီးပုံဖော် ခြယ်မှုန်းရိုက်ကူးထားတဲ့ ‘သင်္ကြန်မိုး’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဘယ်အချိန်ဘယ်အခါပဲ ပြန်ကြည့်ကြည့် မရိုးသွားနိုင်ဘဲ မကြည့်ရမနေနိုင် လောက်အောင် စွဲမက်ဖွယ်ဂန္ထဝင် ရုပ်ရှင်ဇာတ်ကား တစ်ကားလို့ ဆိုရမယ် ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း အတာသင်္ကြန်ချိန်ခါရောက်တိုင်း မြန်မာ့ရုပ်မြင်သံကြား အစီ စဉ်ကနေ ပြန်လည်ထုတ်လွှင့်ပြသလျက်ရှိနေရာ နှစ်များစွာ ကြာရှည်သွားပေမယ့်လည်း ရုပ်ရှင်အနုပညာ အနှစ်သာရ အပြည့်နဲ့ ရသခံစားမှုနက်နဲစွာ ပေးစွမ်းကာ ပရိသတ်တို့ရဲ့ စိတ်နှလုံးသားကိုဖမ်းစားစွဲလှုပ်ကိုင်ထားမြဲပါပဲ။ ဒါကြောင့် ဂန္ထဝင် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘သင်္ကြန်မိုး’ ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး အကယ်ဒမီ ခင်သန်းနု၊ အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီ မေသန်းနုနဲ့ အဆိုတော် မေရွက်ဝါတို့က သင်္ကြန်မိုးရုပ်ရှင် ဇာတ်ကားအပေါ် အသက်ဝင်အနုပညာခံစားမှု အမှတ် တရစကားသံများကို စုစည်းဖော်ပြလိုက်ပါတယ်။

khin than nu

အကယ်ဒမီခင်သန်းနု

အိမ်မှာပဲနေမယ်။ ဘယ်မှ မသွားပါဘူး။ အိမ်မှာပဲ တရားနာမယ်။ ဥပုသ် စောင့်မယ်။ တရားထိုင်မယ်။ လူငယ်တွေက ပျော်ကြမယ်။ အန်တီကလူကြီးဆို တော့ ဒီအလုပ်ပဲရှိတယ်။ သင်္ကြန်မတိုင်ခင် ကတည်းက သင်္ကြန်မိုးဇာတ်ကား လာ နေတယ်ဆိုတော့ ဒီဇာတ်ကားလေးကို အမြဲသတိရတယ်။ တစ်နှစ်ကိုတစ်ခါ တော့ မှန်မှန်ကြည့်ဖြစ်နေတာပဲ။ ကြည့်တိုင်းလည်း ဘယ်တော့မှ မရိုးပါဘူး။ မန္တလေးက ပုံရိပ်ကလည်း ဒါမျိုးတွေ နောက်ကြည့်ရတော့မှာ မဟုတ်ပါဘူး။ ပြီးတော့ ကိုငြိမ်းမောင် ကိုယ့်ကိုလာမခိုး လို့ ကိုငြိမ်းမောင်မလာလို့ ခံစားပြီး ဒေါသဖြစ်ရတဲ့ ဇာတ်ဝင်ခန်းလေးကလည်း တကယ်ကိုအမှတ်တရနဲ့ လွန်းစရာကြီး ဖြစ်နေပါတယ်။ ခုခေတ်သင်္ကြန်မှာတော့ လူတွေက တအားများပြား စည်ကား နေတော့ ကြောက်စရာတောင် ကောင်းလှ ပါတယ်။ သူတို့ကတော့ မောရမှန်းလဲ မသိ၊ ကြောက်ရမှန်းလည်းမသိလည်ပတ်နေကြတယ်။ အားလုံးတော့ အန္တရာယ် ခပ်သိမ်းကင်းဝေးအောင် ရေကစားကြဖို့ မှာချင်ပါတယ်။

Zin Wine

အကယ်ဒမီ ဇင်ဝိုင်း

” သင်္ကြန်ကိုတော့ ဒီနှစ် အိမ်မှာပဲ ဖြတ်သန်းဖြစ်ဖို့ များပါတယ်။ ဦးဋ္ဌေးတို့ နေထိုင်တဲ့ တက္ကသိုလ်ရိပ် မွန် အိမ်ရာ ဝင်းထဲ ကနှစ်စဉ်လုပ်ဖြစ်တဲ့ သင်္ကြန် စတုဒိသာ ကျွေးမှုတွေကိုပဲ မိသားစုတွေ အနေနဲ့ လုပ်ဖို့ရှိပါတယ်။ မနေ့(ဧပြီ ၃ရက်) နေ့တုန်းကတော့ ရုပ်သံတစ်ခုကနေ သင်္ကြန်မိုး ဇာတ်ကား ပြသွားတယ်လို့ ကြည့်ဖြစ်သွားတဲ့ ပရိသတ်တွေက ပြောပြလာကြပါတယ်။ ဦးဋ္ဌေးကတော့ ရိုက်ကွင်းရှိနေတဲ့အတွက် ပြန်မကြည့်ဖြစ်လိုက်ရဘူး။ ဒီသင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားလေးက ကျွန်တော့်အတွက်တော့ ဘဝအမှတ်တရပါပဲ။ ကျွန်တော်တို့ ပူးပေါင်း ပါဝင်ပြီးတော့ လုပ်ဆောင်ခဲ့တဲ့ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော့် ရဲ့ ဆရာဒါရိုက်တာ ဦးတင်ဦးဖန်တီးခဲ့တဲ့ အနုပညာပစ္စည်းတစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကား အနုပညာတစ်ခုဟာ ပရိသတ်တွေအတွက် ဖျော်ဖြေမှုရသ ကောင်းတွေ ပေးစွမ်းနိုင်တုန်းပဲဆိုတာကို တွေးမိတိုင်း ဆရာဦးတင်ဦးကို ဂုဏ်ယူမိနေပါတယ်”

may than nu

အကယ်ဒမီ မေသန်းနု

မဆင့်ကတော့ ဒီနှစ်သင်္ကြန်မှာ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာပဲ ရှိမှာပါ။ အခုလည်း တီဗီမှာ သင်္ကြန်မိုးဇာတ်ကားလာတာကို ကြားပါတယ်။ သင်္ကြန် ရောက်တိုင်းလည်း ဒီဇာတ်ကားလေးကို သတိရတယ်။ သင်္ကြန်မိုးဇာတ်ကားက လည်း လူတွေရဲ့ ပါးစပ်ဖျားမှာ အမြဲစွဲနေ တယ်။ ဒါကြောင့် သင်္ကြန်ရောက်တိုင်း ပရိသတ်တွေရင်ထဲမှာ မဆင့်တို့ ရှိနေ တယ်။ ဒါကြောင့် ဒီဇာတ်ကားလေးက မဆင့်တို့အတွက် ကံကောင်းခြင်းလက် ဆောင်ပါပဲ။ ဘဝတစ်သက်တာမှာလည်း မမေ့နိုင်တဲ့ ဇာတ်ကားလေးပါ။ သင်္ကြန်မိုး လို့လည်း ခမ်းခမ်းနားနားရှိတဲ့ကားမျိုး ရိုက်ကူးခွင့်ရရင် ရိုက် ကူးချင်ပါသေးတယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ့်ယဉ်ကျေးမှု အတွက်လည်း ဒီဇာတ်ကားလေးက အမှတ်တရဖြစ်နေရတာပါ။ သင်္ကြန်မိုး ထဲမှာပါတဲ့ သီချင်းတွေကလည်း ဘယ်တော့မှ မရိုးသွားဘူး။ ဒီလိုကောင်းတဲ့ဇာတ် ကားမျိုးကိုလည်း ရိုက်ကူးစေချင်တယ်။ ဒီလိုဇာတ်ကားမျိုးတွေ၊ ဆန်းသစ်မှုတွေ ကို နောက်လာနောက်သားတွေအတွက်လည်း ကျန်ခဲ့စေချင်ပါတယ်။ နှစ်တိုင်း သင်္ကြန်ရောက်ပြီဆိုရင် သင်္ကြန်မိုး ရိုက်ကူး ခဲ့တဲ့ကာလကို ပြန်ရောက်သွားသလိုမျိုး မဆင့်ရင်ထဲမှာ ခံစားရပါတယ်။

may yauk war

အဆိုတော်မေရွက်ဝါ

ဒီနှစ်သင်္ကြန်ကတော့ ဖျော်ဖြေရေး အတွက် ထိုင်းကိုသွားမှာပါ။ မြန်မာ့ရိုးရာ အတာသင်္ကြန်ဆိုတော့ သင်္ကြန်မိုးထဲက ဇာတ်ဝင်သီချင်းတွေ၊ တခြားသင်္ကြန် သီချင်း တွေနဲ့ ဖျော်ဖြေမှာပါ။ သင်္ကြန်မိုး ဇာတ် ကားကိုတော့ အခုတလောအန်တီဝါ သိပ် မကြည့်ဖြစ်ဘူး။ မိသားစုလိုက်တော့ အခု ထိ အတူတူကိုမကြည့်ဖြစ်ဘူး။ ဒီဇာတ် ကားလေး ရိုက်ကူးခဲ့တဲ့ အနှစ် ၃ဝကျော်ကို ပြန်သွားကြည့်တော့ ရသတွေလည်း ကွာ ခြားသွားပါပြီ။ ဒီဘက်ခေတ်မှာ အဲဒီလို အရသာတွေမရှိ တော့ပါဘူး။ ဟိုခေတ် သင်္ကြန်မှာ တအားပျော်စရာကောင်းပြီး ရိုက်ရတဲ့ ရိုက်ကွင်းကအစ တကယ်ကောင်း ခဲ့တယ်။ ခေတ်အဆက်ဆက်မှာလည်း သင်္ကြန်မိုးထဲက သီချင်းတွေက ရှင်သန်နေ မှာပါ။ အန်တီတို့ ကြီးလို့ သားသမီးတွေ ခေတ်မှာလည်း ရှင်သန်နေဆဲပါ။ နောင် အနှစ်များစွာမှာလည်း သင်္ကြန်မိုးရဲ့ သီချင်းတွေက ပျံ့လွင့်နေဆဲပါ။ သူ့ကို ကျော်အောင်လုပ်မယ့် သီချင်းတွေ ထွက် လာဖို့ တော်တော်ရှားသွားပါပြီ။

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here