မန္တလေးကို ခင်ပွန်း ကိုယ်တိုင် လိုက်ပါအားပေးလို့ အားတက်ခဲ့တဲ့ ငယ်ငယ်

0
141

Nge-Ngeရန်ကုန်မှာ ကျင်းပအောင်မြင်ခဲ့တဲ့ ၂ဝဝဝပြည့်နှစ် များဆီက ဂီတအဖွဲ့များရှိုး  (Back to Millennium Show)  က မန္တလေး မှာလည်း ထပ်မံ ကျင်းပတယ် ဆိုတော့ ငယ်ငယ်တို့ လည်း မန္တလေးကို ထပ်မံ ချီတက်ခဲ့ရပြန်ပါတယ်။ မန္တလေးပွဲက သူမ အတွက် ပိုပြီး အားတက်စေ ခဲ့တယ် ဆိုတဲ့အကြောင်းကို “ရှင်းရှင်းပြောရရင် အဘိုးကြီးတွေ၊ အဘွား ကြီးတွေ ပြန်ဆုံကြတဲ့ ပွဲပေါ့။ အရမ်းလည်းပျော် ဖို့ ကောင်းပါတယ်။ Excited လည်း ဖြစ်တယ်။ ပြီးတော့ အစ်မ အမျိုးသားကလည်း ဒီပွဲကို အရမ်း ကြည့်ချင်တာပေါ့နော်။ ပထမ ရန်ကုန်ပွဲတုန်းက လွတ်သွားတယ်။ အခုမန္တလေးပွဲ မှာတော့ သူကိုယ်တိုင် လိုက်အားပေးမှာပေါ့။ ယောကျာ်း ကိုယ်တိုင် လိုက် အားပေးတော့ ပိုအားတက် တာပေါ့(ရယ်လျက်)”လို့ သူမက ပြောပါတယ်။ ဧပြီလ၁ ရက်နေ့ Back to Millennium Show ပြီးလို့ရှိရင် ဧပြီ ၁ဝရက်နေ့ မှာလည်း စိုင်း စိုင်းမွေး နေ့ရှိုးရှိနေတာကြောင့် ငယ်ငယ်က မန္တလေးမှာ ဆက် လက် ဖျော်ဖြေရဦးမှာပါ။ စိုင်းစိုင်း ကို ကောမွေးနေ့ စကားလက်ဆောင် ဘာပြောချင်လဲ မေးတော့

“အခုလိုမျိုး ကျန်းကျန်းမာမာနဲ့ နောင်နှစ် ပေါင်းများစွာ နေနိုင်ပါစေလို့ပဲဆု တောင်းပေး ချင်ပါတယ်။ အသက်တွေ လည်းကြီး လာပြီ ဆိုတော့ ကျန်းမာရေး ဂရုစိုက်လို့” လို့ ဆုတောင်းစကားဆိုပါတယ်။ ငယ်ငယ်တို့၊ စိုင်းစိုင်းတို့ “သူငယ်ချင်းများ စွာ” သီချင်း ထဲကလိုပေါ့။ အချိန်ကာလတွေ များစွာလက်တွဲလာခဲ့ကြတဲ့ သူငယ်ချင်း တွေဆို တော့ ငယ်ငယ် သူငယ်ချင်း ဆိုတဲ့အပေါ် ဘယ်လို အဓိပ္ပာယ်ဖွင့်ချင်လဲ လို့မေးတော့ “သူငယ်ချင်း ဆိုတာ အစ်မအတွက် ကတော့ အရမ်းကိုအရေး ကြီးပါတယ်။ သူငယ် ချင်းဆိုတာ မိသားစုဝင် တစ်ယောက် လိုပါပဲ။ အဲဒါကြောင့်မို့လို့လည်း အကုန် လုံးတစ်ယောက် နဲ့တစ်ယောက်နဲ့ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပေါ့နော်။ သီချင်း သီဆိုရလာတဲ့ ပိုက်ဆံလေးက လမ်းဘေးမှာ မုန့်ထိုင်စားလိုက်ရင် ကုန်သွားတဲ့ ဘဝလေးကနေ အခုအခြေ အနေမျိုး အထိ ရောက်ရှိ လာကြတာပါ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here