ရုပ်ရှင်ကလည်း သိပ်တော့အခြေခိုင်ခြင်း မရှိသေးချိန်မှာ ဗီဒီယိုဆိုတဲ့ အရာတစ်ခု ပြိုပျက်သွားတာကတော့ စိတ်မကောင်းစရာပါ ဦးဇင်ဝိုင်း

0
180

Zin Wine

အကယ်ဒမီ ဦးဇင်ဝိုင်းဟာ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ် နေပြီး ဒါရိုက်တာဦးဟိန်းစိုး ရိုက်ကူး နေတဲ့ “ပျားရည်အိုင်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်လျက် ရှိနေပါတယ်။ ဗီဒီယိုရိုက်ကူးမှုတွေ မရှိသလောက်နည်းလာခဲ့ပြီး ရုပ်ရှင် ရိုက်ကူးမှုတွေ မြင့်တတ်လာနေခြင်းဟာ ကောင်းခြင်းလား၊ ဆိုးခြင်းလားဆိုတဲ့အပေါ်ကိုတော့ …

” ဗီဒီယိုက မရှိသလောက်တော့ ဖြစ်သွားခဲ့ပြီပေါ့။ ကျွန်တော် ရုပ်ရှင်ဥက္ကဋ္ဌအဖြစ် ၂ဝ၁၃ ခုနှစ်အထိ လုပ်ခဲ့စဉ်အခါတုန်းကတော့ ဗီဒီယို လောက အခြေအနေဟာ ၄ဝ ရာခိုင် နှုန်းအထိ ပျက်စီးနေပြီဆိုတဲ့ အသံတွေရှိလာခဲ့ပါတယ်။ အခုကတော့ လုံးဝကို ပြိုပျက်သွားခဲ့ပါပြီ။ အဲဒါ သည် ကောင်းတာလား၊ ဆိုးတာလား ဆိုတာကတော့ ဗီဒီယိုနဲ့ လုပ်ကိုင် စားသောက်ကြတဲ့ သရုပ်ဆောင်တွေ၊ ဇာတ်ပို့ဇာတ်ရံတွေ၊ စက်မှုအဖွဲ့ သားတွေ ဘက်ကတော့ အတော်လေး ကို ဒုက္ခအကြီးအကျယ် ရောက်ရပါ တယ်။ ဘာလို့လဲဆိုတော့ ဗီဒီယိုဆိုတာ လောကသား အများစု ရဲ့ထမင်းအိုးပါ။ ရုပ်ရှင်ဆိုတာက တော့ လောကသားအားလုံးမပါဝင် နိုင် သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ တစ်စုတစ်ဖွဲ့လောက်ကိုပဲ အထောက် အကူပြုနိုင်ပါသေးတယ်။ ဒါပေမဲ့ လည်း ရုပ်ရှင်လောကကြီးကို ခိုင်ခိုင်မာမာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလို့ ဗီဒီယိုတွေ ပျောက်ပျက် သွားတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုအချိန်ကာလကတော့ ရုပ်ရှင် ကလည်း သိပ်တော့အခြေခိုင်ခြင်း မရှိသေးတဲ့အချိန် ဗီဒီယိုဆိုတဲ့ အရာ တစ်ခုပြိုပျက်သွားတာကတော့ စိတ်မ ကောင်းစရာပါ။ ဒါဟာကောင်းတဲ့ အလားအလာတစ်ခု တော့မဟုတ်ဘူး။ ဒါပေမဲ့ ရုပ်ရှင်ကို ဒီထက် ပိုပြီးတော့တည့်မတ် အောင်ကြိုးစားပြီးတော့ လမ်းမှန်ကမ်းမှန်နဲ့ သွားနိုင် ကြဖို့လိုပါတယ်။ ဒါက အရေး အကြီး ဆုံးပါပဲ။ ရုပ်ရှင် သာ ပြိုပျက်သွားခဲ့ မယ်ဆိုရင်တော့ တိုးဝင် စရာဘာမှ မရှိတော့ပါဘူး” လို့ အကယ်ဒမီ ဦးဇင်ဝိုင်းက သုံးသပ် ပြောပြပေးပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ ရုံတင်ပြသမှုစနစ်တစ်ခုမှာ ရုပ်ရှင်ရုံပိုင်ရှင်က ရွေးချယ်တဲ့ ဇာတ်ကားတွေကို သာလာမယ့် စက်တင်ဘာလက စတင်ပြီး ရုံတင်ပြသ ရတော့မယ်ဆိုတဲ့အကြောင်း အရာနဲ့ ပတ်သက်လို့ကတော့ ..

” ဖေ့စ်ဘုတ်တွေ အပေါ်မှာ အဲကိစ္စ ကိုတင်နေကြတာတော့ တွေ့ရပါ တယ်။ ဒါပေမဲ့ တရားဝင်ထုတ်ပြန်ခြင်း တော့ မတွေ့ရသေးပါဘူး။ ဆိုလိုတာက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့ ပြသညှိုနှိုင်းအဖွဲ့တို့ ကနေပြီး တရားဝင်ထုတ်ပြန်တာမျိုး မတွေ့ရသေးတော့ တကယ်ဟုတ်၊ မဟုတ်တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့တစ်ချိန်ကျရင်တော့ ဖြစ်သင့်တာအမှန်ပါပဲ” လို့ မှတ်ချက်ပြု ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here