ဆိုင်းဝိုင်း၊ တယော၊ DJ တို့နဲ့ ဖျော်ဖြေတင်ဆက်မယ့် သားစိုး ရဲ့ဖျော်ဖြေပွဲ

0
299

Thar-Soeသားစိုးက ဧပြီလ ၇ရက်နေ့ ည ပြင်သစ် ယဉ်ကျေးမှုဌာနမှာ မြန်မာ့ ဆိုင်းဝိုင်းကြီးနဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲ ကိုတော့ အပိုင်း(၃)ပိုင်း ခွဲခြားထားပြီး တစ်မူထူးခြားတဲ့ တင် ဆက်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ကြောင်း သားစိုးက ပြောပါတယ်။

“ပြင်သစ် ယဉ်ကျေးမှု ဌာနကလည်း ဆိုင်း ဝိုင်းကြီးနဲ့ လုပ် စေချင်တယ်။ ကျွန်တော်ကိုယ် တိုင်လည်းဆိုင်း ဝိုင်း ကြီးနဲ့ ဆိုကြည့် ချင် တယ်။ ဆိုင်းတစ်ခုတည်း မဟုတ်ပါဘူး။ တယော တွေလည်း ပါပါတယ်။ မယ်လိုဒီဆို မယ့်သူတွေ၊ ဟာမိုနီ ဆိုမယ့်သူတွေ လည်းပါပါတယ်။ ထူးထူးခြားခြား လေးတွေ လုပ်ထားပါတယ်။ ဂီတရဲ့ Evolution တွေကို ကျွန်တော် ဖော်ပြသွားမှာပါ။ ဆိုင်းတွေကနေ ဖြစ်လာမယ်။ ပြီးတဲ့ အခါမှာတယော ပါလာမယ်။ နှဲပါ လာမယ်။ ပြီးတော့မှ DJ နဲ့ ဖြစ်သွားတဲ့အထိပေါ့” လို့သားစိုး ကဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးပြော ပြပါတယ်။ ပထမပိုင်း ကိုတော့ ဆိုင်းဝိုင်းကြီး နဲ့သီဆိုမှု၊ ဒုတိယပိုင်း ကိုတော့ ဆိုင်းဝိုင်း၊ တယောနဲ့သီဆိုမှု၊ တတိယပိုင်း ကိုတော့ DJ၊ ဆိုင်း၊ တယော တို့နဲ့ ၉ နာရီခွဲ ကနေ ၁ဝနာရီ ခွဲ အထိ ဖျော်ဖြေ တင်ဆက်သွားမှာဖြစ် ကြောင်း၊ အခုလိုမျိုး ဖျော်ဖြေပွဲမျိုးကို တခြားသံရုံးတွေမှာ ဖျော်ဖြေတင် ဆက်နိုင်ဖို့ စကားပြောထားကြောင်း သားစိုးက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here