သင်္ကြန်ကို ပဲခူးဘုရားပွဲကရင်း ဖြတ်သန်းမယ့် စွမ်း

0
323

Swanစွမ်းကဒီနှစ် သင်္ကြန်ကို ပဲခူးရွှေမော်ဓောဘုရားပွဲကြီး ဗုဒ္ဒပူဇနိယ ပွဲတော်မှာ ဇာတ်ကရင်း ဖြတ်သန်းသွားမှာ ဖြစ်ပါ တယ်။ နှစ်ဆန်း ၁ ရက်နေ့မှာတော့ အလှူ အတန်းတွေ ပြုလုပ်သွား ဖို့ရှိပြီး သူကိုယ် တိုင်လည်း ဘုရားသွားပြီး ကုသိုလ် ယူသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။သူ့အနေ နဲ့ဒီနှစ်မှာ ဆိုရင် တော့ သင်္ကြန်ရက်ကို ဇာတ်မကဘဲ နားချင်ပေမယ့်လည်း ပရိသတ်တွေကို ဦးစား ပေးပြီး ကပြဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ “ကျွန် တော်တို့က တစ်နှစ်လုံးမှာမှ သင်္ကြန်ရက် လောက် ပဲ ပွဲနားရတာလေ။ သင်္ကြန်တွင်းဆိုရင် ကျွန်တော်က ဘုရားဖူး ထွက်တယ်။ ပြည်ပခရီးတွေ ထွက်ဖြစ်တယ်။ ဒါပေမဲ့ ဒီနှစ်က တော့ လုံးဝ မနားလိုက်ရဘူး” လို့ စွမ်းကပြောပါတယ်။

လက်ရှိအချိန် မှာလည်း သူ့အနေနဲ့ ပဲခူး ဘုရားပွဲမှာ ဇာတ် ကပြနေပြီလည်း ဖြစ်ပါတယ်။  ဒီနှစ် ပဲခူးဘုရားပွဲ မှာတော့ ပြဇာတ် အသစ်တွေကို ညတိုင်းကပြ သွားမှာဖြစ်ပြီး အနည်း ဆုံးပြဇာတ်အသစ် ၅ထုပ်လောက်ကို ပြင်ဆင်ထား ကြောင်း၊ တင်ဆက်မှုပုံစံတွေ ဆက်တင် အခမ်းအနားတွေ အကုန်လုံးက လည်း အသစ်တွေချည်းပဲ ပရိသတ်တွေ အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ကြောင်း သူကပြောပါတယ်။

“အကောင်းဆုံး ဖြစ်အောင် ကျွန်တော် ကြိုးစားပါ့မယ်။ ဇာတ်ရုံ ကအစ အကောင်းဆုံးဖြစ်အောင်  ကျွန်တော်ပြင်ဆင်နေ တယ်။ ဒါကြောင့်လည်း ပရိသတ်တွေအနေနဲ့လည်း အားပေး စေချင်ပါတယ်” လို့ စွမ်းက ပရိသတ်တွေကို ဖိတ်မန္တကပြုပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here