အကောင်းဆုံး ကြိုးစားမယ် ဆိုတဲ့ ဆန္ဒမျိုးနဲ့ Miss Myanmar World 2017 ဆုကိုလိုချင်တဲ့ အလှမယ် ခြူးစစ်ဟန်

0
173

Chuu-Sit-Hanဒီနှစ် Miss Myanmar World 2017 ပြိုင်ပွဲကိုတော့ Face of Beauty Myanmar 2015  အလှမယ် ခြူးစစ်ဟန်လည်း ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။ အလှမယ် ခြူးစစ်ဟန်က ထိုင်ဝမ်နိုင်ငံမှာ ကျင်းပတဲ့  Face of Beauty Myanmar 2015  ပြိုင်ပွဲ ကို မြန်မာ ကိုယ်စားပြု အနေနဲ့  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Best in Talent ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ ရှိသူတစ်ဦး အနေနဲ့ Miss Myanmar World 2017  ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ပုံ ကိုတော့ ခြူးစစ်ဟန်က…

“၂ဝ၁၅မှာ Face of Beauty ဆုကိုရရှိပြီး နိုင်ငံ ခြားမှာ သွားပြိုင်တယ်။ ကိုယ့်ရဲ့ကြိုးစားမှု အရ နိုင်ငံပေါင်း ၆၉ နိုင်ငံ မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ Talent  ဆုကို ရရှိခဲ့တယ်။ အခုဒီ ၂ဝ၁၇ မှာ Miss World ကို ယှဉ်ပြိုင်တဲ့ အခါမှာ ကိုယ့်ရဲ့ Talent နဲ့ နောက်ထပ် ထပ်ပြီးတော့ Big 4 စာရင်းဝင် အလှမယ်ပြိုင်ပွဲကို ပြိုင်ချင်တယ်။ ဒါကြောင့် တတ်နိုင်သလောက် ကြိုးစား ယှဉ်ပြိုင်မယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ ဝင်ပြိုင်ဖြစ်တာပါ။ တကယ်လို့ ညီမသာ ဒီဆုကို ရခဲ့မယ်ဆိုရင် ကိုယ်က အရင်တုန်းက ပြိုင်ခဲ့တဲ့ အတွေ့အကြုံလည်း ရှိတယ်။ ကိုယ် ဘာတွေ လိုအပ်ချက်ရှိလဲ ဆိုတာကို အကောင်း ဆုံး ပြန်လည် ပြင်ဆင်ပြီးတော့ ကိုယ့်မှာရှိတဲ့ Talent  တွေနဲ့  Miss World ပွဲကို တခြားနိုင်ငံတွေနဲ့ သွားပြိုင်တဲ့အခါ ဆုလေးတစ်ခုတော့ ရနိုင်အောင် ကြိုးစားချင်တယ်။ အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ ဆန္ဒမျိုး နဲ့ ဒီဆုကို လိုချင်ပါတယ်” လို့ ပြောပါတယ်။

Miss Myanmar World 2017 ပြိုင်ပွဲမှာ ဝင် ရောက် ယှဉ်ပြိုင်ဖို့ အတွက်လည်း အရင်တုန်းက အ တွေ့အကြုံ လိုအပ်ချက် တွေကို ထပ်ဖြည့်ပြီး ကြိုး စားပြင်ဆင်သွားမှာ ဖြစ်ကြောင်း ကိုလည်း အလှမယ် ခြူးစစ်ဟန်က…”၂ဝ၁၅မှာ Face of Beauty ဆုကိုရရှိတုန်းက ပထမဦးဆုံး ဝင်ပြိုင်ခဲ့တာပါ။ အတွေ့အကြုံလည်း မရှိဘဲနဲ့ အကောင်းဆုံး ကြိုးစား ခဲ့တယ်။ ဆုရရှိခဲ့တယ်။ Miss Golden Land ကရရှိခဲ့တဲ့ အတွေ့အကြုံ အရည်အချင်းတွေ ဗဟုသုတတွေကို ထပ်ဖြည့်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ Talent  ပိုင်းရော၊ Body Beauty Brain၊ စိတ်ဓာတ်ပိုင်းရော Team work နဲ့ လုပ်ရတဲ့အတွက် ညီအစ်မတွေ အပေါ်မှာ ဘယ်သူ့အပေါ် မှာပဲဖြစ်ဖြစ် စိတ်ထား ကောင်းရမယ်။ စာနာ တတ်ရမယ်။ အဲဒီအချက်တွေ ပြင်ဆင်ပြီး အကောင်းဆုံး ကြိုးစား သွားမှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here