၃ နှစ်ကျော် ကြာမြင့်လာခဲ့တဲ့ အမှုကိစ္စ အပေါ် ရုပ်ရှင်ဥက္ကဋ္ဌ အကယ်ဒမီ လူမင်း ရဲ့ ဖွင့်ဟချက်

0
126

Lu Min

၂ဝ၁၇ခုနှစ်ဧပြီ၎ ရက်နေ့တုန်း ကတော့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းဟာ (၂ဝ၁၃ ခုနှစ်ကတည်းက ဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါ်စန်း စန်းမော်ကို တာဝန်က ရပ်စဲခဲ့ရာက နေဆင့်ပွားဖြစ်ပေါ်ခဲ့တဲ့ အမှုကိစ္စ) အတွက် ရုံးချိန်းကိုလည်း သွားခဲ့ရပါ သေး တယ်။

” ရုံးချိန်းက ၃ နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ ရုံးချိန်းတွေသွားတိုင်း တရားသူကြီးကလည်း ပြောပါတယ်။ ကိုလူမင်းအနေနဲ့ မီဒီယာတွေမှာ ဒီအမှုက ၃နှစ်ကျော်ပြီလို့ ဖြေထား ပါတယ်တဲ့။ သူတို့တရားရုံးတွေက အလုပ်မလုပ်တာမဟုတ်ပါဘူးတဲ့။ အဲ့ဒါတွေကိုလည်း ပြန်ဖြေပေးပါဦးလို့ ပြောခဲ့တယ်။ အမှန်ပါပဲ။ တရားရုံး ကြီးကတော့ ရက်ချိန်းတွေယူပြီးရင် စစ်ဆေးပါတယ်။ ဒါပေမယ့် ဘာ သွားတွေ့ရလဲဆိုရင် တရားရုံးရဲ့ ပရိုစီဂျာကိုက အချိန်တွေကြာစေတာ ပေါ့နော်။ ဘယ်လိုကြာလာတာလဲဆို ရင် ဥပမာ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးကို တချို့တွေကျတော့ တစ်လွဲအသုံးချပြီး မကြာကြာအောင် မရှည်ရှည်အောင် ဥပဒေဘောင် အတွင်းက ရပိုင်ခွင့်အခွင့်အရေးအရ ဆောင်ရွက်လာတဲ့ အခါကျတော့ တရားရုံးကြီးကလည်း ခွင့်ပြုရပါ တယ်။ ဆိုလိုတာက မြို့နယ် တရား ရုံးက ဒီအမှုကို ပလပ်လိုက်တယ်ဆို ရင် တိုင်းတရားရုံးကို ထပ်တပ်ပြန် ရော။ တိုင်းရုံးက ထပ်စစ်ဆေးတယ် ဆိုရင် တိုင်းရုံးကို သွားရပြန်ကော။

အဲ့ဒီကနေ ခရိုင်၊ နေပြည်တော်အထိ တက်ခွင့်ရှိပြန်ရော။ အဲ့ဒီလို ဆိုတော့ အမှုတစ်ခုက ဆင်ခြင်တုံတရားနဲ့ ချက်ချင်းစီရင်ချက်ချလိုက်လို့ ဖြစ်နိုင်တဲ့ အမှုတစ်ခုမျိုးကိုတောင် အဲ့ဒီလို တရားရုံးတော်က ဥပဒေအရ ပေးထားတဲ့ အခွင့်အရေးကို တစ်ဖက်က အဲ့ဒါကို အသုံးချပြီးတော့ ဆင့်ကဲ ဆင့်ကဲတွေလုပ်တဲ့အခါ အစ်ကို့ အနေနဲ့လည်း မဖြစ်မနေနဲ့ကို ရင် ဆိုင်ရတယ်။ အချိန်တွေလည်း ကြန့် ကြာလာတယ်။ တရားရုံးတွေကတော့ အလုပ်မလုပ်တာမျိုးမဟုတ်ပါဘူး။ ရုံးချိန်းကတော့ အကြိမ်ပေါင်း များစွာ ရှိနေပြီပေါ့။ ဘာကြောင့် ဒီအမှုက ကြာနေရတာလဲဆိုရင် အဲ့ဒါတွေ ကြောင့်ပါ။ ဒီအမှုက အခုဆိုရင် ၃ နှစ်ကျော်နေပြီလေ။ တကယ်တော့ အစ်ကို့ဘက်က ကြောက်စရာဘာမျှ မရှိပါဘူး။တရားရင်ဆိုင်တဲ့အခါ ကျမ်းကျိန်ရတယ်လေ။ ကျမ်းကျိန်ရတာကို သဘောကျတယ်။ ကျိမ်းကျိန် တဲ့အခါ ကိုယ်က အမှန်အတိုင်းထွက် ဆိုရင် ကောင်းကျိုးကိုခံစားရမယ်။ လိမ်ညာထွက်တယ်ဆိုရင်အဲ့ဒီကျိန်စာတွေသင့်ပါတယ် ဆိုပြီးတော့ ကျမ်း ကျိန်ရတယ်လေ။ အစ်ကိုကတော့ သဘောကျတယ်။ အစ်ကိုကဘာမှ မဟုတ်တာမလုပ်ထားတဲ့ အတွက်ပဲ” လို့ တရားရင်ဆိုင်နေရဆဲကိစ္စနဲ့ ပတ်သက်ပြီးပြောပြပေးပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here