အန်ကယ်ကတော့ No ပါ သီချင်းမြန်မာပြည်သိန်းတန်နဲ့ တွဲဆိုရခြင်းအကြောင်း စိန်လင်း ပြော

0
280

Shein Lin

တေးသံရှင်ကြီး မြန်မာပြည်သိန်းတန်နှင့် စိန်လင်း (aroma) တို့ သီဆိုထားတဲ့ “အန်ကယ်ကတော့ No ပါ” တေးသီချင်း Mini album ကို ဧပြီလ ၃ရက်နေ့က ရတနာမြိုင် တေးသံသွင်းက စတင်ဖြန့်ချိခဲ့ပြီ ဖြစ်ပါတယ်။ စီးရီးခွေ စီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး အဆိုတော်စိန်လင်း (aroma) က..

” ဒီစီးရီးခွေက သီချင်း ၁ ပုဒ်တည်းပါဝင်တဲ့ album လေးပါ။ စီစဉ်ဖြစ်ပုံက အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့အချိန်မှာ ကြည့်ရှုသူ ၁ဝသိန်းကျော် လောက်လည်းရှိနေပြီး အားလုံးက ကြိုက်ကြတယ်။ ခွေလေးအဖြစ်ပုံဖော်စေချင်တယ်။ တချို့ကျ တော့လည်း အွန်လိုင်းပေါ်ကနေ download လုပ်ရတာ အဆင်မပြေကြတာတွေရှိတယ်။ တောင်းဆိုကြတဲ့အတွက် အနီးကပ်၂ရက်အတွင်းမှာပဲ ဒီခွေကို စီစဉ်ဖို့အတွက် တိုင်ပင်ပြီး ဆုံးဖြတ်လိုက်တာပါ။ ဒီခွေကို ကျွန်တော်တို့ ငွေကျပ်တစ်ထောင်နဲ့ ရောင်းချပေးပြီးတော့ ဒီခွေမှာ CD ၂ ချပ် ပါပါမယ်။ တစ်ချပ်က Audio CD ၊ နောက်တစ်ချပ်က မေတ္တာလက်ဆောင် DVD တစ်ချပ် ပါပါတယ်။ DVD က လောလောဆယ်မှာ ဓာတ်ပုံလေးတွေကိုပဲ စာတန်းထိုးပြီး လုပ်ပေးထားတယ်။ တကယ့် MTV Version ကတော့ သင်္ကြန်ပြီး တော့မှ ပုံဖော်ရိုက်ကူးသွားမှာပါ။ DVDတစ်ချပ်ထည့်ထားတယ်ဆိုတာက မေတ္တာလက်ဆောင် ထည့်ပေးထားတာပါ။ ရောင်းချထားတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here