House of the Disappeared ဇာတ်ကားမှာ ပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကောင်ကို နှစ်ခြိုက်နေတဲ့ 2PM အဖွဲ့ဝင် Taecyeon

0
199

Taceon2PM အဖွဲ့ဝင်  Taecyeon က မကြာခင် ထွက်ရှိတော့မယ် ဇာတ်ကား House of the Disappeared မှာ ခရစ်ယာန် ဘုန်းကြီးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ရတာက ရိုက်ကူး ရသမျှထဲမှာ အကောင်းဆုံး လို့ပြော ပြခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ SBS Power FMs Cultwo Show  မှာ Taecyeon က “ဒီကိုလာရောက်ခဲ့တာက ကျွန်တော့်ရဲ့ ဒုတိယမြောက်ပါ။ ပထမ တစ်ခါ Cultwo Show ကိုလာ ရောက်တုန်းက မင်းသား အနေနဲ့ လာခဲ့ဖြစ်ပြီး အခုတစ် ခါမှာတော့ ဘုန်းကြီးတစ်ပါး အနေနဲ့ပါ”လို့ စနောက် ခဲ့ပါတယ်။  House of the Disappeared  ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာက The Priests ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာနဲ့ အတူတူပဲလို့လဲ သိရပြီး ဒါရိုက်တာက ဘုန်းကြီးတွေကို အလွန် သဘောကျ နေပုံပါပဲ။

Taecyeon က ဒီဇာတ်ကားမှာ ပါဝင်ရတာ ကို ဘာလို့ ကြိုက်နှစ်သက်လဲ ဆိုတော့ ပါဝင်ခဲ့ တဲ့နေရာက ခရစ်ယာန် ဘုန်းကြီးတစ်ပါး ဆိုတော့ ဝတ်စုံကလည်း တစ်စုံတည်း ပါ။ ရွေးချယ်စရာ မလိုဘဲ တစ်စုံ တည်း   ဝတ်ဆင်ရတာ ဆိုတော့ ပိုပြီး သက်သောင့်သက်သာ ဖြစ်တယ်လို့ ခံစားရပြီး ကျွန်တော့် ကိုလည်း စိတ်ချမ်းသာ စေပါတယ်။ House of the Disappeared   ဇာတ်ကားကို ဧပြီလ ၅ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here