အခါအခွင့်သင့်ရင် အနုပညာ အလုပ်တွေ ပြန်လုပ်ချင်ပါတယ် ကြည်လဲ့လဲ့ဦး

0
224

Kyii-L-L-Oသရုပ်ဆောင် ကြည်လဲ့လဲ့ဦးက နောက် ပိုင်းမှာ အနုပညာ အလုပ်တွေ ဆက်မလုပ်တော့ဘဲ မိသားစုနဲ့ သား သမီးတွေ အတွက်ပဲ အချိန် ပေးနေတယ်လို့ သိရပါတယ်။ သူ့အတွက်တော့ သရုပ်ဆောင် မင်းသမီး အဖြစ်နဲ့ မိခင် ကြည်လဲ့လဲ့ဦး အဖြစ် နှစ်ခုမှာ ကွာခြားမှုများ စွာရှိတယ်လို့ ဆိုပါတယ်။ မိသားစုအတွက် ဘဝ ကို မြှုပ်နှံသွားချင်တယ်ဆိုတဲ့ ကြည်လဲ့လဲ့ဦးက

“မိသားစုက အစ်မဘဝ အတွက် နံပါတ် ၁ ပါပဲ။ ကိုဇာနည်နဲ့ သားသမီး သုံး ယောက် အတွက်ပါ။ သူတို့ပြီးမှ အစ်မ အတွက်ပေါ့။ အရင်က နဲ့ အခု အများကြီး ကွာသွားတယ်။ အရင်ကဆို အစ်မက ဘယ်အရာ ပဲဖြစ်ဖြစ် အမေ့နောက်ကပဲ။ ဆန်ဘယ်ကရလဲ လို့မေးရင် အမေ့ဆီက ရ တယ်ပဲ သိခဲ့တယ်။ ၁ဝတန်း အောင်ပြီးတော့ လည်း အနုပညာလောကထဲ ချက်ချင်းရောက် တယ်။ ဘာမှကို မသိခဲ့ဘူး။ ပြီးတော့ ဗြုန်း ဆိုပြီး အိမ်ထောင် ကျတယ်။ အနုပညာ အလုပ်လည်း အဆုံးထိ မရောက်ခဲ့လိုက်ဘူး။ အခု ကလေးလည်း ၃ ယောက် ရှိတယ်။ ရိုက်ကွင်းပေါ် ရောက်ရင်တောင် အစ်မရဲ့ ကားပေါ်မှာ ကလေးတွေ အမြဲပါတတ်တယ်။ ကလေးတွေ ကိုတော့ ပညာတတ် ကြီးတွေ ဖြစ်စေချင်တယ်။ အစ်မ ကိုယ်တိုင်ကလည်း အလိုလိုက်တဲ့ အမေထဲမှာ ပါတယ်။ သူတို့အရွယ် ရောက်လာရင်တော့ သူတို့ဖြစ်ချင် တဲ့လမ်းကြောင်းကို အစ်မ တင်ပေးမှာပါ”လို့ ကလေးတွေ အပေါ် ကြည်လဲ့လဲ့ဦး ရဲ့ စိတ်သဘောကို ပြောပြပါတယ်။

ဆက်လက်ပြီး မိသားစု အတွက်ပဲ အချိန်ပေးနေတာ ကြောင့် သရုပ်ဆောင် အလုပ်ကို ပြန်လုပ်ဦးမလားလို့ ကြည်လဲ့လဲ့ဦး ကို မေးမြန်းတော့ “သရုပ်ဆောင် အလုပ် ကိုတော့ အစ်မ အရမ်းဝါသနာပါတယ်။ အနုပညာ ကိုလည်း တအားချစ်တယ်။ Feeling တစ် ခုပေါ့။ ရိုက် ကွင်းပေါ် ရောက်ရင် ပျော်တယ်။ အဓိကက အစ်မ ဇာတ်ကြိုက်ရင် ရိုက်လိုက်တယ်။ ဝါ၊ စိမ်း၊ နီလိုမျိုးလေးပေါ့။ အခုလည်း ကလေးတွေ နဲ့ဆိုတော့ အရင်က အစ်မ အနုပညာအလုပ် လုပ်ခဲ့တာတွေ၊ ဖြစ်ခဲ့တာတွေက အိပ်မက်လို ဖြစ်သွား တယ်။ အခုတော့ ကလေးတွေ အတွက်ပဲပေါ့။ ဒီအလုပ်ပြန် လုပ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ နောက်ထပ် အခါ အခွင့်သင့်လို့ အနုပညာအလုပ်တွေ လုပ်ခွင့်ရရင် လုပ်ချင်ပါသေးတယ်”လို့ ပြောပါတယ်။

မြတ်မိုးပွင့် ၊
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here