ဟိန်းဝေယံ ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲ

0
248

Mar Yar Ka Kyoe (1)

သရုပ်ဆောင်ဟိန်းဝေယံက ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးမယ့် ” နှလုံးသားရှိသူတိုင်း အချစ်ရှိသည်” ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကို ဧပြီလ ၁၉ ရက်နေ့ မနက် ၁ဝ နာရီက ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မာန်ထက်ချီ ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးက ထုတ်လုပ်မယ့် ဒီရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ဟိန်းဝေယံ၊ ဇာတ်ညွှန်း မိုးစက်ဝိုင်တို့က ရေးသားထားပြီး သရုပ်ဆောင်များ အနေနဲ့ ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗိုနဲ့ သရုပ်ဆောင်များစွာ ပါ ဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဇာတ်ကားကန်တော့ပွဲ အခမ်း အနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းကလည်း တက် ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ့် ဟိန်းဝေယံအတွက် မုဒိတာစကား ပြောကြားပေးခဲ့ပါတယ်။

” ကျွန်တော်ကိုယ်တိုင်လည်း သရုပ်ဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်သလို ဟိန်းဝေယံကလည်း ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ရိုက်မယ်ဆိုတော့ တကယ်ကိုပဲ ဝမ်းသာပါတယ်။ ကိုယ့်ကုမ္ပဏီ၊ ကိုယ့် ဇာတ်ကား၊ ကိုယ် ဒါရိုက်တာ၊ ကိုယ် မင်းသားဆိုတော့ အားသာချက်အနေ နဲ့က ကိုယ်လုပ်ချင်တာတွေကို အကောင်း ဆုံးဖြစ်အောင် ဖန်တီးလို့ရတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွဲလုပ်ပြီ ဆိုရင် ကိုယ့်စိတ်ကိုယ် နှစ်ပိုင်းပိုင်း ထားနိုင်ဖို့ လိုပါတယ်။ ကိုယ့်မိဘ ကုမ္ပဏီက ထုတ်လုပ်ပြီး ကိုယ်တိုင် လည်း သရုပ်ဆောင်၊ ဒါရိုက်တာလုပ် မှာဖြစ်တဲ့အတွက် သာမန်အဖြစ် ရိုက် ကူးတဲ့ ဇာတ်ကားတွေထက် ကောင်း မယ်ဆိုတာ တွက်ချက်လို့ရပါတယ်။ ယုံယုံကြည်ကြည်နဲ့ ရဲရဲတင်းတင်းလုပ်ပါ” လို့ သူ့ရဲ့အတွေ့အကြုံတွေကို လည်း ပြောပြပေးခဲ့ပါတယ်။

” နှလုံးသားရှိသူတိုင်း .. အချစ်ရှိသည်” ရုပ်ရှင်ဇာတ်ကားကို ဧပြီလ ၂ဝရက်နေ့ကနေ စတင်ရိုက်ကူးနေပြီ ဖြစ်ပြီး ဇာတ်လမ်းကို ထူးထူးခြား ခြား ဖြစ်စေရန်အတွက် “မာယာက ကြိုး” အမည်နေနဲ့ ပြောင်းလဲ ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ထူးရွှေရည်ဝင်း ၊ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here