ကိုယ်ပိုင် ဇာတ်လမ်းကို ဒါရိုက်တာ အဖြစ် ရိုက်ကူးပုံဖော်မယ့် ဟိန်းဝေယံ

0
154

Heain-Wai-Yan-(2)သရုပ်ဆောင် ဟိန်းဝေယံက သရုပ်ဆောင်တစ် ဦး အနေနဲ့နေ ဒါရိုက်တာလိုင်း ကိုပါ ခြေလှမ်း စတင် တော့မှာဖြစ်ပါတယ်။ ပထမဦး ဆုံး အနေနဲ့ “မာယာ ကကြိုး” ရုပ်ရှင် ဇာတ်ကားကြီးကို ကိုယ်တိုင်ဇာတ် လမ်း ရေးသားပြီး ဒါရိုက်တာ အဖြစ် ပုံဖော်ရိုက်ကူး သွားမှာဖြစ် ပါတယ်။ ဒါရိုက်တာ အတွေ့အကြုံ မရှိသေးတဲ့ အတွက် စိတ်လှုပ်ရှားရင် ခုန်နေမိတယ်လို့ ဟိန်းဝေယံက …
“တာဝန်လည်း ပိုကြီးပါတယ်။ တော် တော်များများလည်းလေ့လာ ထားတယ်။ ပြင် လည်း ပြင်ဆင် ထားပါတယ်။ ဒီလိုင်းက ကျွန် တော် လုပ်နေကျ လိုင်းမဟုတ်ဘူး။ ကျွန်တော့် အနေနဲ့ တော်တော်လေး ရင်ခုန်နေပါတယ်။ အတတ်နိုင်ဆုံးကြိုးစား ရိုက်ကူးသွားမှာပါ။ ဒီဇာတ်ကား ရုံတင်တဲ့အခါမှာ အားပေးကြပါ၊ ဝေဖန်ပေးကြပါ” လို့ပြောပါတယ်။

ကိုယ်တိုင် စဉ်းစားပြီး ရေးသားထားတဲ့ “မာယာကကြိုး” ဇာတ်လမ်းကို ကိုယ်တိုင် သဘောကျ နှစ်သက်သလို ကိုယ်တိုင်လည်း ပုံဖော် ရိုက်ကူး ချင်တဲ့အတွက် ဒါရိုက်တာ အဖြစ် ရိုက်ကူးရခြင်း ဖြစ်ကြောင်း ပြောပါတယ်။

ဒါရိုက်တာပညာ ကိုတော့ ဇာတ်ကား ရိုက်ကူးတဲ့ အခါတိုင်း ဒါရိုက်တာတွေ ဆီက လေ့လာဖြစ်သလို ဇာတ် ကား တွေကြည့်ပြီး လည်း လေ့ လာဖြစ်ကြောင်း ကို ဟိန်း ဝေယံက…

“ဒါရိုက်တာတွေ အားလုံးဆီက ကျွန်တော် ဇာတ်ကား တွေရိုက်ကူး တိုင်းလေ့လာပါတယ်။ အကုန်လုံး ဆီက ပညာ ယူတယ်။ သူတို့အား လုံးက ကျွန်တော့်ရဲ့ မြင်ဆရာ၊ ကြားဆရာ တွေပါပဲ။ တချို့ ကျွန် တော့်ကို သင်ပေးတာ လည်း ရှိပါတယ်။  ဗီဒီ ယိုဇာတ်ကားတွေ လည်း လေ့လာဖြစ် တယ်။ မြန်မာဇာတ်ကား တွေရော၊ နိုင်ငံခြားဇာတ် ကား တွေလည်းလေ့လာ ဖြစ်ပါတယ်။ ကျွန်တော် အခုလို ဒါရိုက်တာ အဖြစ် စရိုက်ကူးဖို့ အတွက် အများ ကြီး အထောက်အကူ ဖြစ်ပါ တယ်”  လို့ပြောပါတယ်။

အနုပညာနဲ့ ပတ်သက်ပြီး အမြဲတမ်းဆက်ပြီး လေ့လာ သွားမယ်လို့ ဆိုတဲ့ ဟိန်းဝေယံ က သရုပ်ဆောင်အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို ဒါရိုက်တာ အနေနဲ့ ရိုက်ကူးချင်တဲ့ ဇာတ်လမ်း မျိုးရှိရင်လည်း ရိုက်ကူးသွား မှာဖြစ်ကြောင်း ပြောပါ တယ်။ ဟိန်းဝေယံ ပါဝင် သရုပ် ဆောင်ထားတဲ့ “ရတနာပုံ ဇာတ်လမ်းတွဲ” ကလည်း ပြသနေပြီဖြစ်ပြီး ရိုက်ကူးရေး တစ်ဖွဲ့သားလုံး အကောင်းဆုံး ကြိုးစား ရိုက်ကူး ထားတဲ့အတွက် အားပေးစေချင် သလို ဝေဖန် အကြံပေး စေလိုကြောင်းလည်း ပြောပါတယ်။

ဟိန်းဝေယံက ဒီနှစ် သင်္ကြန်ကို ရန်ကုန်မှာ ဖြတ်သန်းခဲ့ တာဖြစ်ပြီး သင်္ကြန်တွင်းမှာ သူရိုက်ကူးမယ့် ရုပ်ရှင်ဇာတ် ကားအတွက်ပဲ ဦးစားပေး စီစဉ်ခဲ့တယ် လို့ ဆိုပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here