Jung Joon Young နဲ့ ချိန်းတွေ့နေတာကို ငြင်းဆိုလိုက်တဲ့ Jiyeon

0
191

Jiyeon-T-ARA-Jung-Joon-YoungSports Chosun က ထုတ်ပြန်ချက်အရ Jiyeon နဲ့ Jung Joo Young တို့ နှစ်ဦးဟာ ချိန်းတွေ့နေတာ ၁လလောက်ရှိပြီလို့ သိရပါ တယ်။ သူတို့ဟာ မကြာခဏ တွေ့ကြပြီး အချိန်တွေကို အတူကုန်ဆုံးလေ့ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ MBK Entertainment က အဲ့ဒီသတင်းကို ငြင်းဆိုလိုက်ပြီး အခုလို “Jiyeon က Jung Joo Young နဲ့ သတင်းထွက်နေတာ ပြီးခဲ့တဲ့လ ကတည်းကပါ။ ဒါကြောင့် သူတို့ တကယ်တွဲနေတာလား ဆိုတဲ့အချက်ကို ကျွန်တော်တို့ စစ်ဆေးခဲ့ပါတယ်။ Jiyeon နဲ့ တွေ့ဆုံပြီး မေးမြန်းခဲ့တာကြောင့် သူတို့တွဲနေတာ မဟုတ်ဘူးလို့ သိရပါတယ်။ ဝ.ဝဝဝ၁% လောက်တောင် ဖြစ်နိုင်ခြေ မရှိပါဘူး။ သူတို့နှစ်ဦးဟာ သူငယ်ချင်း ၁ဝယောက်နဲ့အတူ နိုင်ငံခြားခရီးစဉ်ကို သွားရောက်နေပါတယ်။ သူတို့ နှစ်ယောက်က တခြား နာမည်ကြီး သရုပ်ဆောင်တွေလိုပဲ အချင်းချင်း တွေ့ဆုံကြတာပါ။ သူတို့နှစ်ဦးက Oppa နဲ့ရော Dongsaeng နဲ့ပါ ရင်းနှီးကြပါတယ်” လို့ ဖြေရှင်းခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here