ကျန်းမာရေး ကောင်းမွန်လာပေမယ့် မျက်လုံးအတွက် ဆေးသောက်နေရဆဲ မန္တလေးသူ ရတနာဗို ဒါရိုက်တာ ဟိန်းဝေယံ အပေါ် အမြင်

0
217

Yadanar-Bo-(1)ဖေဖော်ဝါရီလ လယ်လောက်က ဆေးမှားထိုးမိ တဲ့ဒဏ်ရာကြောင့် ဘန်ကောက်မှာ ဆေးကုသမှုခံခဲ့ ရတဲ့ ရတနာဗိုက အခုဆိုရင် အနု ပညာ အလုပ် တွေကို ပုံမှန်ပြန် လုပ်နေပြီ ဖြစ်ပါတယ်။ ကျန်းမာရေး အခြေအ နေပြန်လည် ကောင်း မွန်လာပေမယ့် အသံက အရင်လို ပုံမှန်မဖြစ် သေး ဘူးလို့ ခံစားရပြီး မျက်လုံးအတွက် ဆေးထည့်ဆေး သောက်နေရ ဆဲဖြစ် ကြောင်းပြောပါတယ်။

ရတနာဗိုက ဟိန်းဝေယံ ဒါရိုက်တာအဖြစ် ပထမ ဆုံး ရိုက်ကူးမယ့် “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားမှာ စွာပြီး ဆိုရှယ် အရမ်းကျတဲ့ ခပ်ဟော့ ဟော့ မိန်းကလေး နေရာက ပါဝင်သရုပ် ဆောင်ဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ် ကားကို ရိုက်ကူးမယ့် ဒါရိုက်တာ ဟိန်းဝေယံ အပေါ် အမြင်နဲ့ ဇာတ် ကားအတွက် ပြင်ဆင်ထားမှုတွေ အပေါ်ကိုတော့ ရတနာဗိုက

“အစ်ကို့ကို ဒါရိုက်တာ အနေ နဲ့ တစ်ခါမှ မမြင်ဖူးဘူး။ အခုမှ ဒါရိုက်တာ အနေနဲ့ ရိုက်ကူး မယ်ဆိုတော့ ဝမ်းသာပါတယ်။ အစ်ကို တို့က စေတနာလည်း ကောင်းတယ်။ အလုပ် မှာလည်း တကယ်ကြိုးစားတယ် ဆိုတော့ ညီမတို့က အသစ် တစ်ယောက် အနေနဲ့ ဝမ်းသာတယ်။ ကြည်နူး တယ်။ ဒီထက်လည်း အစ်ကို လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဇာတ်လမ်းလေးကို သေချာဖတ် ပြီး ဇာတ်ကားနဲ့ ပတ်သက်တဲ့ ဖက်ရှင်ပိုင်းတွေ၊ ကိုယ်သရုပ် ဆောင်ရမယ့် ကာရိုက်တာ ပိုင်းတွေကို သေချာ ပြင်ဆင်ထားတယ်။ ဒါရိုက်တာဖြစ် စေချင်တဲ့ အတိုင်းလည်း အကောင်းဆုံး ကြိုးစား သရုပ်ဆောင်သွားမှာပါ” လို့ ဆို ပါတယ်။

မန္တလေးသူဖြစ်တဲ့ ရတနာဗိုက ဒီနှစ် မှာတော့ ထူးထူးခြားခြား ရန်ကုန် သင်္ကြန်ကို ဖြတ်သန်းဖြစ်ခဲ့ပြီး သူ့ရဲ့သင်္ကြန် အတွေ့ အကြုံ အနေနဲ့…

“ကိုယ်က မန္တလေးသူ ဆိုတော့ နှစ်တိုင်း မန္တလေးမှာပဲ သင်္ကြန်ကျ ဖြစ်တယ်။ ခါတိုင်း နှစ်တွေက သီချင်းဆိုတယ်။ ဒီနှစ် မန္တလေး မပြန်ဖြစ်ဘူး။ ရန်ကုန်မှာပဲ နှစ်ရက်လောက် မဏ္ဍပ် ထိုင်ဖြစ်တယ်။ အရင်ကဆို သင်္ကြန် မရောက်ခင် ၁၅ရက် လောက် အလိုကတည်းက သင်္ကြန် ဆိုတဲ့ ခံစားမှုကိုရတယ်။ အခုက ကိုယ် နေတဲ့ နေရာက လမ်းမနဲ့ ဝေး လို့လားတော့ မသိဘူး။ ဘာခံစားမှုမှ မရှိဘူး။ ပြီးတော့ မဏ္ဍပ် တွေဘာတွေ လည်း မရှိဘူး။ ဒီနှစ်မှ ထူးထူးခြား ခြား ရန်ကုန်မြို့ကြီး သင်္ကြန်ကို ကြုံရတာဆိုတော့ မပျော်ဘူး”လို့ ဆိုပါတယ်။

ထူးရွှေရည်ဝင်း
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here