အလှအပ ထိန်းသိမ်းလျှို့ ဝှက်ချက်ကို ဝေမျှလိုက်သူ HyunA

0
257

HyunA2အဆိုတော် HyunA က သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှကို မေလထုတ် “Cosmopolitan” မှာ ဖော်ပြလိုက်ပါတယ်။ သူမဟာ ရိုးရိုး တီရှပ်အဖြူ တစ်ထည်ကို ဝတ်ဆင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ပေမယ့် သူမရဲ့ အလှအပတွေက တော့ ကွယ်ပျောက်မသွားပါဘူး။ သူမရဲ့ အလှအပ ထိန်းသိမ်းနည်း အချို့ကို အင်တာဗျူးမှာ ပရိသတ်တွေအတွက် မျှဝေခဲ့ပါတယ်။

“ကျွန်မက ရိုက်ကူးရေးမရှိတဲ့ နေ့တွေကို အခြေခံလောက်ပဲ လိမ်းပြီး နှုတ်ခမ်းနီကတော့ အဓိက အချက်ပါ။ ဒါကြောင့် ကျွန်မက Tinted Lipstick ကိုရွေးချယ်တာများပါတယ်။ Tinted Lipstick က သဘာဝဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံကို ဖော်ဆောင်လို့ပါ” လို့ ပြောပြခဲ့ပါတယ်။

အဆိုတော်မလေး HyunA ရဲ့ လျှို့ဝှက်ချက်ကို သိရပြီဖြစ်တဲ့အတွက် အလှအပ ကြိုက်တဲ့ပရိသတ်တွေ ပျော်ရွှင်မယ်လို့ ထင်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here