ဂီတ ခံစစ်မှူးကြီး

0
144

Bo Ka Lay

နွေပူပူ၊လေပူပူမှာ ပိတောက်တွေဖူးနေပြီ။ တေးသံတွေကလည်း မြူးနေသည်။ ပိတောက်ဖူးလေးတွေ ငံ့လင့်နေသော မိုးကဘယ်ဆီမှာရောက်နေလေသည် မသိ၊ နှစ်ကတော့ကူးပေရော့မည်။ မိုးရွာရွာ၊ နွေပူပူတာသင်္ကြန်ကတော့ ကျပေရော့မည်။ တန်ခူးလပြည့်ကျော် ၂ရက်တာ သင်္ကြန်အကြို နေ့ဟု ပြက္ခဒိန်မှာ ရေးထားသည်။ ဧပြီလ ၁၃ရက်နေ့။ တာသင်္ကြန်ကြို သော မိုးက ဖိတ်ကြားခြင်း၊ ကြိုဆို ခြင်းမရှိလျှင် ပိတောက်ဖူးလေးက ရှက်စနိုးနှင့် ငုံမြဲငုံနေရပေဦးမည်။ ပိတောက်ဖူးလေးများ၊ မိုးငွေ့မိုးသက် မရလျှင် ငုံရာမှကြုံလှီညှိုးခြောက်ရ ပေဦးမည်။ သဘာဝကိုမှုစရာမလို သော လူသားတို့ကတော့ ဧပြီလ၁၃ ရက်နေ့ ရောက်လျှင် တာသင်္ကြန်ကို ကြိုကြပေရော့မည်။ အကြိုရက် မတိုင်မီကတည်းက သင်္ကြန်ကိုကြိုသော တေးတို့က မြိုင်ဆိုင်နေကြသည်။

မြို့ကြီးမြို့ငယ်၊ ရွာကြီးရွာငယ် တွေအနှံ့ သင်္ကြန်အကြိုတေးတွေက နွေအပူကို အံတုဖက်ပြိုင်လျက်ရှိ ကြသည်။ ပြင်ပယဉ်ကျေးမှုလှိုင်းတွေ ရိုင်းစိုင်းစွာ ဝင်ရောက်လာကြသည် ဟု လူတွေကပြောကြသည်။ မြန်မာ့ ရိုးရာတွေ ပျောက်ကွယ် တော့မည်ဟု စိုးရိမ်သူတွေက စိုးရိမ်ကြသည်။ သို့သော် တာသင်္ကြန်ရောက်သည်နှင့် သင်္ကြန်တေးတို့က တစ်ပြည်လုံးမှာ မြိုင်ဆိုင်စွာ ပျံ့လွင့်လာကြသည်ကို ကြားရ သောအခါ ရင်အမောတို့ ပြေ လျောစရာ ဖြစ်ရပေတော့သည်။ ယခုနှစ်သင်္ကြန်အတွက် ယဉ်ကျေး မှုတွေထိန်းရန် သရုပ်ပျက်ကခုန်မှု တွေ တားဆီးရန် ဟူသော ဟူသော အပြော အပြောတွေနှင့် အစိုးရမင်း တို့ အာဏာစက် သုံးနေသံကြား ရသည်။

မည်သို့ပင်ဖြစ်စေ သရုပ်ပျက် တေးသံတွေ၊ ဝတ်စားဆင်ယင်မှုတွေ၊ ကခုန်မှုတွေကြားမှာ အားပြည့်မာန် ပြည့်ရင်ဆိုင်နေရာယူခဲ့သော တာသင်္ကြန် ရှေးရိုးတေးသီချင်းများ က အသံတိမ်သည်မရှိ၊ အသံတိတ် သည်မရှိ၊ အသံဆိတ်သည်မရှိ။ ယခု လည်း မြန်မာ့ရိုးရာတေးများ မြန်မာ ပြည်တစ်လွှားနေရာယူ မင်းမူဆဲဖြစ် သည်။ သင်္ကြန်ဒိုးသံလေးကြားလိုက် ရသည်နှင့် မန်းအက၊ မန်းအလှကို မျက်စိထဲ မြင်ယောင်လာရသည်။ မြန်မာ့ယဉ်ကျေးမှု လှုံ့ဆော်တေးတွေ ထဲမှာ အဓိကအားဖြင့် နှစ်မျိုးတွေ့ရ သည်။ အတာရေသဘင်၏ အေးမြမှု ကို ဖွဲ့သီသော မေတ္တာတေးနှင့် နှစ်ဦးကို ကြိုဆိုသော အားပြုတေးဟူ၍ တွေ့ရသည်။ “ရွှဲစိုအောင် ပက်လိုက်တော့ မောင်မောင်ရေ” ဟူ သော တေးသားလေးကြားလိုက်ရချိန် မှာ ပုခုံးလေးတွန့်ကာ၊ ခေါင်းလေးငဲ့ ကာ၊ ခါးလေးနွဲ့ကာ ကနေမည့် သမီးပျိုလေးများကို မြင်ယောင်နေမိသည်။

” နှစ်သစ်ကူးမို့ချစ်ဦးကို ရှာဖွေ … ဘယ်ရပ်ဌာနေ ဘယ်ဆီများသွားပါလိမ့် နေစိမ့်တဲ့သူရေ .. ပန်းပိတောက်ဝါတွေ … ရွှေရည်လူး ဖူးပွင့်ခဲ့ပြီလေ ချစ်ဦးသူရေ … ပန်းပွင့်ကို လှမ်းလင့်ခါချွေ … ပေးချင်လှပေ ပေးချင်လှပေ … ချစ်သူ ချစ်သူ မဉ္ဇူ … ချစ်ဇဗ္ဗူ ဤမြေ … ကုန်ခါဆုံးစေတော့ မတွေ့ရင်မောင်မနေ … မြတ်ဘုရား ထံပါးမှာတည်ထားသက်သေ … တောင်းဆြုေ>ွခ … တောင်းဆြုေ>ွခ …. နှစ်သစ်ချစ်ဦး ပျော်မြူးရွှင်စွာ တွေ့ပါရစေ နှစ်သစ်ချစ်ဦးရေ …. နှစ်သစ်ချစ်ဦးရေ …မောင်ခေါ်ရင် မယ်ထူးစေ … မယ်ခေါ်ရင် မောင်ထူးပါမယ်လေ… ဟူသောတေးက နှစ်ဦးနှင့် ချစ်ဦး ကြိုဆိုငံ့လင့်သော တေးဖြစ်သည်။ သည်သီချင်းကို နားထောင်ရင်း သင်္ကြန်မဏ္ဍပ်ပေါ်မှ လှလှပပကနေမည့် သမီးပျိုကလေးများကို မြင်ယောင်နေသည်။ လက်ဖျား လေးမြှောက်ကာ ခြေဖျားလေး ထောက်ကာနှင့် မေးလေး မော့လိုက်၊ ခါးလေးကော့လိုက်၊ ရင်လေးမို့မိြု့<ွကလို့ တင်ကလေး မခို့တရို့လှုပ်ကာက နေမည့်ပုံ မြင်ယောင်သည်။ သည် အကသရုပ်ဖော်တေးနှင့်အက သည် နှစ်ပေါင်းခြောက်ဆယ်ကျော်က ရန်ကုန်သင်္ကြန်မှာ အလွန်ခေတ် စားခဲ့သည်။ ရန်ကုန်မြို့လယ်ရှိ ဝင်းဝင်းပြဇာတ်ရုံမှာ ပြဇာတ်ခေတ် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ သော အချိန်က ဇာတ်ဝင်တေး ဖြစ်ခဲ့ သည်။

ဓာတ်ပြားရတေးဖြစ်သည်။ ထိုဓာတ်ပြားဟောင်းကို လက်ဝယ်ရထားသူကမကြာမီက Facebook မှာတင်လိုက်သည်။ ထိုသို့တင်လိုက်သော လွှင့်ထုတ်မျှဝေလိုက်သော ဓာတ်ပြားဟောင်းတွင် ဗိုလ်ကလေး တင့်အောင်၊ ဂီတလုလင်မောင်ကိုကို၊ မင်းသား မျိုးချစ်၊ ခင်မောင်မြင့်၊ မင်းသမီး ကြည်ကြည်ဌေးနှင့် မေချစ် တို့သီဆိုထားကြောင်း မှတ်တမ်းရှိခဲ့သည်ဟု သမီးလေးစိုးစိုးထံမှ သိရသည်။

၁၉၅၁ခုနှစ် ကျွန်တော့် အသက်တစ်ဆယ့်ခြောက်နှစ်သား အရွယ် ညီမလေးမသက်က တစ် ဆယ့်လေးနှစ်အရွယ် ဆယ်ကျော် သက်က ထင်ရှားခဲ့သောတေး၊ ကျော် ကြားခဲ့သော တေးဖြစ်သည်။ ပြဇာတ် ဒါရိုက်တာ ဗိုလ်ကလေးတင့်အောင် တင်ဆက်သော =နှစ်သစ်ချစ်ဦး+ ပြဇာတ်မှာ ဇာတ်ဝင်တေးအဖြစ် ဗိုလ်ကလေးတင့်အောင် ရေးစပ်ခဲ့သော သီချင်းဖြစ်သည်။

နှစ်ပေါင်းခြောက်ဆယ့်ခြောက် နှစ်ရှိပြီ။ ယခုထက်တိုင် မတိမ်ကော သေး၊ မပျောက်ကွယ်သေး။ တစ်နှစ် ပြီးတစ်နှစ် ကူးလာခဲ့သောနှစ်သစ် တွေ ရောက်လေတိုင်း ပိတောက်ဖူး လေးများလို ဤသီချင်းကပေါ်လာ သည်။ ပိတောက်ကိုချစ်သူ၊ တာ သဘင်ကိုချစ်သူတိုင်း နှစ်ဟောင်း ကုန်၍ နှစ်သစ်ကူးချိန်မှာ ဒီသီ ချင်းမျိုးတွေ ကြားရပေလိမ့်မည်။ ဗိုလ်ကလေးတင့်အောင်ဟူသော နာမည်တစ်လုံးနှင့် ၁၉၄၉-၅ဝခုနှစ်မှ ၁၉၅၅ခု ပြဇာတ်တစ်ခေတ်လုံးမှာ ဇာတ်ကားပေါင်းများစွာ တင် ဆက်ခဲ့သည်။ ဇာတ်ဝင်တေးများစွာ ရေးခဲ့သည်။ နှစ်ပေါင်းခြောက် ဆယ်ကျော်ကာလမှာ ပြင်ပယဉ် ကျေးမှုတွေ ကူးဝင်လာမှု၊ ကျူးဝင် လာမှုများစွာရှိခဲ့သည်။ ထိုသို့ပြင်ပမှ ကူးလာသမျှ၊ ကျူးလာသမျှ ကြံ့ကြံ့ခံ တွန်းလှန်ခဲ့သော မြန်မာမှုတေးရေး ဖွဲ့သူများကို ဖော်ထုတ်သင့်သည်ဟု ထင်သည်။

တာဝန်ရှိသူတို့မှ အသိအမှတ် ပြုသင့်သည်ဟုထင်သည်။ သင်္ကြန် မဏ္ဍပ်ပေါ်သို့ တိုးဝင်လာသော ပြင် ပယဉ်ကျေးမှုကို သင်္ကြန်မဏ္ဍပ်ပေါ် မှ ပြန်လည်ယှဉ်ပြိုင်ဖို့ လိုပါမည်။ သင်္ကြန်တေးပေါင်းများစွာရှိသည်။ ဗိုလ်ကလေးတင့်အောင် ရေးခဲ့သော ၆၆နှစ်သက်တမ်းရှိ ယဉ်ကျေးမှုခုခံ တွန်းလှန်ရေးတေးများလို အခြား အခြားသော ပညာရှင်များ ရေးဖွဲ့ ခဲ့သောတေးများစွာရှိပါသည်။ တေးသီချင်းဟူသည် ရေးဖွဲ့သူရင်ထဲ မှ တစ်စက်စီကျလာသော သွေးစက် များပါတည်း။ နှစ်ပေါင်း ခြောက် ဆယ်ကျော်၊ ခုနှစ်ဆယ်နီးပါး မြန်မာ မှုကိုချစ်သော၊ သင်္ကြန်ကို ချစ်သော မြန်မာများရင်ထဲ စွဲငြိစေခဲ့သော၊ အနုပညာချစ်စိတ်ကို ညှို့ငင်ဖမ်း စားနိုင်ခဲ့သော သင်္ကြန်တေးများ လေထဲမှာ ဝေ့ဝဲလျက်ရှိနေပါသည်။

ရေးစပ်သီဖွဲ့သူ ပညာရှင်များ ကို မေ့ထားရန်မသင့်ပါ။ ပျောက် ကွယ်မသွားစေသင့်ပါ။ ထိုတေးသီ ချင်းမျိုးရေးဖွဲ့သူတို့သည် ” မြန်မာ့ယဉ် ကျေးမှုခုခံစစ်၏ ခံစစ်မှူးကြီး” များ ဖြစ်ပါသည်။ ဗိုလ်ကလေးတင့် အောင်သည် ၁၉၄၉ခုနှစ်မှစ၍ မြန်မာ့ပြဇာတ်လောကသို့ တိုးဝင်ခဲ့ ပြီး စာပေရေးသည်။ ဂီတဖန်တီး သည်။ ပြဇာတ်ရုပ်ရှင်လောကမှာ တာဝန်ကျေခဲ့သည်။ မြန်မာနိုင်ငံ ဆိုကရေးတီးပြိုင်ပွဲများကို ဦးဆောင် တာဝန်ယူကျေပွန်ခဲ့သည်။

ယခု အသက် ၉၅နှစ်အထိ ဂီတ လောကရုပ်ရှင်လောကကို ထိန်းကျောင်းလျက်ရှိသည်။ အသက် ၆ဝ ပြည့်သည်အထိ တာဝန်ထမ်းခဲ့ သော ဝန်ထမ်းများအတွက် ပင်စင် ရှိသည်။ နှစ်ပေါင်းများစွာ အနုပညာ ခုခံစစ်မျက်နှာတွင် တာဝန်ယူခဲ့ သော အနုပညာရှင်ကြီးများ ဘာထောက်ပံ့ကြေးမှမရှိ။ ဘာစောင့် ရှောက်မှုမှမရှိ။ တာဝန်ရှိသူတို့ စဉ်း စားပေးကြပါရန် နှစ်သစ်ကူး နှစ်ဦး အမီ တင်ပြလိုက်ရပါသည်။ နှစ်သစ်မှာ စိတ်ကူးအသစ်များ ရကြပါစေ။

မောင်ဆွေသက်


LEAVE A REPLY

Please enter your comment!
Please enter your name here