သိန်း၁သောင်း ထီဆုကြီး လက်မှတ်များကို သတ်မှတ်ဈေးနှုန်း ထက် ပိုရောင်းနေသော ဆိုင်များကို ဘယ်လို လုပ်ဆောင် သွားမလဲ

0
141

မတ်လက စတင်ခဲ့တဲ့ အောင် ဘာလေထီ မှာတော့ သိန်း တစ် သောင်းဆုကြီး အထိ တိုးမြင့်ခဲ့တဲ့ အပြင် ဆုကြေးတွေ လည်း ထပ်မံ တိုးမြင့် လာတဲ့ အတွက် လူတွေရဲ့ စိတ်ဝင်စားမှု က မြင့်တက် လာခဲ့ပါ တယ်။

“ထီရောင်းချရမှုကို ပြန်ကြည့် မယ် ဆိုရင် ကျပ် ၂ဝဝတန် ထီတုန်း က ကျွန်တော်တို့ အက္ခရာ ၄၂လုံးပဲ ရောင်းချ ရတာပေါ့နော်။ ဒီကျပ်၅ဝဝ တန်ထီမှာ ကျွန်တော်တို့ အရင်က ခန့်မှန်း တာကတော့ အလုံး ၂ဝနဲ့ ၃ဝကြားပဲ ရောင်းရမယ်လို့ ခန့်မှန်း ကြတယ်။ ဒါပေမဲ့ ပထမ အကြိမ်မှာ အက္ခရာ ၃၆လုံး ရောင်းရ တယ်။ အခု ဧပြီလမှာလည်း အက္ခရာ ၃၃လုံး ဝန်းကျင်ကို ကျွန်တော်တို့ ရောင်းနေ ရတယ်။ ကျပ် ၅ဝဝတန်ထီ ကို ပြည်သူတွေ တော်တော်ကြီးကို စိတ်ဝင်စားတာ တွေ့ရပါတယ်” လို့ အောင်ဘာလေသိန်းဆု ဌာနခွဲမှ ညွှန် ကြားရေး မှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။ ကျပ် ၅ဝဝ တန် ထီမှာ အကြိမ်ရေနဲ့ ရက်စွဲ မပါရှိမှု ကိုလည်း ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်နေ တယ်လို့လည်း သိရ ပါတယ်။ မတ်လက စတင် ရောင်းချ ခဲ့တဲ့ ကျပ် ၅ဝဝ တန်ထီကို အောင် ဘာလေသိန်းဆု ဌာနက သတ်မှတ် ဈေးနှုန်းထက် ပိုမရောင်းချ ဖို့ သတ်မှတ်ခဲ့ပေမယ့် ပြင်ပမှာ တချို့ အရောင်းဆိုင်တွေမှာ ဈေးနှုန်းပိုမို ရောင်းချတဲ့ အသံတွေ လည်း ကြား နေရပါတယ်။ ဒီအကြောင်းနဲ့ ပတ် သက်ပြီးတော့လည်း ဦးထွန်းထွန်း အောင်က “သတ်မှတ်ဈေးထက် ပိုရောင်း လို့ တိုင်ကြား လာတဲ့ ကိုယ် စားလှယ် တွေကိုတော့ အဆင့်သုံးဆင့်နဲ့ ကျွန်တော်တို့ ဆောင်ရွက်နေ ပါ တယ်။ ပထမ အဆင့် ကတော့ ဈေးနှုန်း ပိုမရောင်းဖို့ ဆွဲဆောင် စည်းရုံး သိမ်းသွင်းတဲ့နည်း။ ဒုတိယ ကတော့ သူတို့ကို သတိပေးမယ်။ တတိယ အဆင့် ကတော့ ကျွန်တော် တို့ သတင်းစာ ထဲမှာ ကြော်ငြာထားတဲ့ အတိုင်း သူ့ရဲ့ Deposit ကိုသိမ်းမယ်။ နာမည်ပျက် သွင်းမယ်။ ထီဝယ်ခွင့် ကို ကျွန်တော် တို့ ရုပ်သိမ်းမယ်” လို့ ၄င်းက ပြောပါတယ်။ လာရောက် ထုတ်ယူခြင်း မရှိတဲ့ ထီဆုများ ကို ပြည်သူ့ဘဏ္ဍာ သိမ်းငွေ အဖြစ် တစ်လ လျှင် သန်း ၄ဝဝ ဝန်းကျင်ထိ ရှိကြောင်း လည်း သိရပါတယ်။ ဒီဘဏ္ဍာငွေ တွေကို တော့နိုင်ငံတော် ရဲ့လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ ကာကွယ် ရေးစတဲ့ နိုင်ငံတော် ကဏ္ဍ အသီးသီး မှာ အသုံး ပြုတယ်လို့လည်း သိရပါတယ်။  အချိန် မအားလပ်လို့ပဲ ဖြစ်ဖြစ်၊ ထီတိုက်ရမှာ အခက်အခဲ ရှိလို့ပဲဖြစ် ဖြစ် ထီတိုက်ဖို့ အဆင် မပြေ သူတွေ အတွက်လည်း  e-lottery စနစ်ကို မကြာမီအကောင် အထည် ဖော်သွားဖို့ ရှိပါတယ်လို့လည်း သိရ ပါတယ်။

“တခြားနိုင်ငံ ထီလက်မှတ်များ နည်းတူ ဘားကုတ်တွေ၊ QR ကုတ် တွေပါမယ်။ အဲဒါလေးတွေကို ဘား ကုတ်ရီဒါနဲ့ ဖတ်လိုက်တာနဲ့ ကိုယ့်ထီ က ပေါက်မပေါက် ဆိုတာ သိရှိနိုင် အောင်e-Lottery စနစ်ကျင့်သုံးတဲ့ အခါမှာ ကျွန်တော်တို့ လုပ်ဆောင် သွားမှာဖြစ်ပါ တယ်”လို့ ညွှန်ကြား ရေးမှူးဦးထွန်းထွန်းအောင်က ပြော ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here