ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲမှ ရရှိတဲ့ အကျိုးအမြတ် များထဲမှ ယန်းတစ်သန်းကို ပုဂံ ဘုရားများကို လှူဒါန်းမည်

0
195

Japan-1ဂျပန်နိုင်ငံ မှာတော့ မြန်မာ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ၃ကြိမ် မြောက် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ယှဉ် ပြိုင်ပြီးစီးချိန် မှာတော့ ပရိသတ်ရဲ့ မြန်မာ့ရိုးရာ လက်ဝှေ့အားပေးမှုနှုန်း သိသိသာသာ မြင့်တက်ခဲ့ပြီး တတိယ အကြိမ်မှာတော့ ပရိသတ်ရုံပြည့် ရုံလျှံ အားပေးခဲ့တယ်လို့ သိရပါ တယ်။ တတိယအကြိမ်အဖြစ် မြန်မာ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ LETWEI in Japan 3 GRIT ကိုတော့ ဧပြီလ ၁၈ရက်နေ့၊ ဒေသစံတော်ချိန် ည၆ နာရီခွဲအချိန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ တွဲဆိုင်း  ၇ဆိုင်း ပါဝင်တဲ့ အဆိုပါ ပြိုင်ပွဲမှာ တော့ မြန်မာ့လက်ဝှေ့ချန်ပီယံ ဟောင်း စောငမန်းက  Teruhiko  (ဂျပန်)ကို လည်းကောင်း၊ သားအသဲ တစ်ပွင့်(မြန်မာ)က Hikaru Hasumi (ဂျပန်)ကိုလည်းကောင်း၊ ဆလိုင်းချမ်းမြေ့ကို (မြန်မာ)က Baki (ဂျပန်)ကိုလည်းကောင်း၊ ကျားဘဟိန်း (မြန်မာ)က Cody Moberly (အမေရိကန်)ကို လည်းကောင်း အသီးသီး အနိုင်ရရှိ ခဲ့ကြပါတယ်။ ဖျံသွေး(မြန်မာ)နဲ့ ARANA (အမေရိကန်)၊ တိမ်တိုက် (မြန်မာ)နဲ့ Hamamoto Catyota  (ဂျပန်)တို့ ပွဲစဉ်မှာတော့ သရေရ လဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ဒေ့လက်ဒပ် (ကနေဒါ)နဲ့ ဗိနာ (သြစတေးလျ)တို့ ပွဲစဉ်မှာတော့ ဒေ့လက်ဒပ် (ကနေဒါ)က ဒုတိယအချီမှာ လက်ညှိုး တစ်ချောင်း ကျိုးသွားခဲ့ပေ မယ့် ၅ချီပြည့် ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး သရေရလဒ် သာရရှိခဲ့ပါတယ်။ အဆိုပါ လက်ဝှေ့ပြိုင်ပွဲက ရရှိတဲ့ အကျိုးအမြတ် များထဲမှ ယန်းတစ် သန်းကိုတော့ ပုဂံဘုရား ပြုပြင် ထိန်းသိမ်း စောင့်ရှောက်ရေး ရန်ပုံငွေအဖြစ် ပေးအပ် လှူဒါန်း သွားမှာ ဖြစ်ကြောင်းလည်း သိရပါ တယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here