Emily Brand အတွက် ရုံးခန်း ဖွင့်လှစ်မယ့် အိမ့်ချစ်

0
199

Eaint-Chitအဆိုတော် အိမ့်ချစ်က သူ့ရဲ့ Emily Store ကို အမှတ် ၁၅၃၊ ဦးချစ်မောင် လမ်းမပေါ်၊ ဗဟန်းမြို့နယ်မှာ မကြာခင်မှာ ဖွင့်လှစ်တော့ မယ်လို့ သိရပါတယ်။ ဖွင့် လှစ်ဖြစ်ခဲ့ ပုံနဲ့ ပတ်သက်ပြီး အိမ့်ချစ်က …

“ဆိုင်တော့မဆိုင်ပါဘူး။ ရုံးခန်းဖွင့်တာပါ။ အိမ့်ချစ်ရယ်၊ အိမ့်ချစ် အစ်ကိုတစ်ယောက်ရယ်၊ မောင်နှမ၂ယောက် ပေါင်း ပြီးတော့ MH Mobile  ဆိုင်လည်း ဖွင့်မယ်။ အောက် ထပ်မှာက  Mobile ဆိုင်၊ အပေါ်ထပ်မှာက Emily ရုံးခန်းပါ။ အင်္ကျီတွေ ပြထားမယ်။ လက္ကား လည်း လာဝယ် လို့ရတယ်။ လက်လီလည်း လာဝယ်လို့ရတယ်။ ရုံး ခန်းလို့ ဘာလို့သုံးလဲ ဆိုရင် ဆိုင်လို မျိုး အကျယ်ကြီး မဟုတ်ဘူး။ အင်္ကျီ လေးတွေပဲ နည်းနည်းပဲ ပြထား မယ်။ အိမ့်ချစ် အင်္ကျီလေးတွေက များသော အားဖြင့် Whosale တွေ လာယူကြတာများတော့ Whosale လာယူတဲ့ သူတွေ အဆင်ပြေအောင် ဖွင့်လိုက် တာပါ”လို့ ပြောပါတယ်။

အိမ့်ချစ်ရဲ့ တတိယ တစ်ကိုယ်တော် စီးရီး “အိမ့်ချစ်ဟုခေါ် သည်” စီးရီးရဲ့ MTV ကို တော့ လက်ရှိမှာ ရိုက် ကူးနေပြီး ဒီ၂ဝ၁၇ ခုနှစ် အတွင်းမှာ ထွက် ရှိမယ်လို့လည်း သိရ ပါတယ်။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here