အိမ်ရှင်မတို့ ပြောပြတဲ့ နေ့စဉ်မှန်မှန် စွန့်ပစ်သင့်တဲ့ အမှိုက်တွေ အကြောင်း

0
151

junkအိမ်ထောင်စု တစ်စု စီတိုင်းမှာ နေ့စဉ် နေထိုင် စားသောက်မှုများက တစ်ဆင့် စွန့်ပစ် ပစ္စည်းတွေ အမှိုက်တွေ နေ့စဉ်လို ထွက်ပေါ်လျက် ရှိပါတယ်။ ဒီလို အမှိုက်တွေကို ဘယ်လို စနစ်တကျ စွန့်ပစ်ကြမလဲ ဆိုတဲ့ ကိစ္စကလည်း အိမ်သန့်ရှင်းရေး အတွက်သာမက ကျန်းမာရေး အတွက်ပါ အရေးကြီး နေပါတယ်။ ဒါကြောင့် နေ့စဉ် ပုံမှန် ချက်ရင်းပြုတ်ရင်း ထွက်ပေါ်လာတဲ့ စွန့်ပစ်  အမှိုက်ကျန်တွေ ကို သူတို့ ဘယ် လို စွန့်ပစ်ကြလဲဆိုတာ အိမ်ရှင်မ တချို့ကို မေးမြန်း တင်ဆက်လိုက်ရပါတယ်။

ဒေါ်မိမိနိုင် (ဒေါပုံ)

ကျွန်မတို့ကတော့ တစ်နေ့ အမှိုက်ကို တစ်နေ့ ပုံမှန်စွန့်ပစ်တယ်။ ညကကျန်တဲ့ အမှိုက်ကို မနက် ဈေးသွားရင် တစ်ခါပစ်တယ်။ ဟင်း တွေ ဘာတွေ ချက်ပြုတ်ပြီးတဲ့အခါကျ ရင် အသီးအရွက် အကျန်တွေ၊ အမှိုက်စိုတွေကို အိတ်တစ်လုံး နဲ့ သပ် သပ်ထည့်တယ်။ သာမာန် အမှိုက်တွေ ကို အိတ်တစ်လုံး နဲ့ထည့်တယ်။ ပြီးရင် အဲဒီနှစ်အိတ် ကို အိတ်အကြီး တစ်လုံးတည်း မှာ စုပြီး ညနေဆို သွားစွန့်ပစ်တယ်။ အမှိုက် ကား လာသိမ်းတဲ့ အမှိုက်ပုံးကလည်း လမ်းထိပ်မှာပဲဆိုတော့ အဆင်ပြေ တယ်။ အမှိုက်ပုံက အမှိုက်တွေကို လည်း အမှိုက် ကားက ညတိုင်းလာ သိမ်းတယ်။ အိမ်မှာကလေး အငယ် လည်းရှိတော့ အမှိုက်ကို အကြာကြီး မထားဘူး။ အနံ့အသက် လည်း မကောင်း မှာစိုးတော့ တစ်နေ့တစ်ခါ ပုံမှန်စွန့်ပစ်တယ်။

ဒေါ်ကြည်ကြည်ခင်(ပြည်)

ကျွန်မတို့ဆီမှာက ခြံလည်း ကျယ်တော့ အမှိုက်တွေ နဲ့ စွန့်ပစ် ပစ္စည်းတွေကို အိတ်နဲ့ ခပ်ဝေးဝေး ခြံထဲမှာပဲ ကျွင်းတူးပြီး မီးရှို့ မြေမြှုပ် ပစ်တယ်။ အဲ့ဒီအခါ ထွက်လာတဲ့ပြာ တွေက မြေသြဇာ အနေနဲ့လည်းပြန် ဖြစ်တယ်။ အဲ့ဒါတွေကို တစ်ချို့ အပင် ခြေရင်းတွေမှာလည်း ပုံထားတော့ မြေသြဇာ လည်းရတယ်။ ခြံထဲ မဟုတ်တဲ့ လမ်းမတန်းက အိမ်တွေက တော့ အမှိုက်ကား လာတဲ့ အချိန် စောင့်ပြီး ပစ်ကြ တယ်။ စားပြီးသား စားကြွင်း စားကျန်တွေ ကတော့ ဝက်စာ အနေနဲ့ အသုံးပြုတယ်။ ကျန်တာတွေကတော့ အမှိုက် အခြောက်တွေရော ဟင်းသီး ဟင်း ရွက် စတဲ့ အခြားစွန့်ပစ် ပစ္စည်းတွေကို ကျွင်းတူးပြီး မီးရှို့တယ်။

မယု (ဒလ)

ကျွန်မဆီမှာတော့ နေ့တိုင်း အမှိုက်ကား လာတဲ့အခါ နေ့စဉ်လို တော့ စွန့်ပစ်ဖြစ်တယ်။ အမှိုက်ပုံး အနေ နဲ့ အိမ်မှာလည်း သီးသန့်ထား တယ်။ အမှိုက်ပုံး ထဲမှာမှ အိတ်စွပ်ပြီး ပစ်တယ်။ ထမင်း၊ ဟင်းချက်တဲ့အခါ မှာလည်း မလိုတဲ့အမှိုက်တွေ ညမှာ အသီးအရွက် အကျန်တွေ၊ သားငါး အကျန်တွေကိုတော့ အိတ်သတ်သတ် နဲ့ ထည့်တယ်။ အရည်တွေ ဘာတွေဆို ရင်တော့ ပုံးသတ်သတ် နဲ့ထည့်ပြီး တစ်ခါတည်း ပစ်တယ်။ အမှိုက်က တော့ ကားနေ့တိုင်းလာရင်တော့ နေ့တိုင်းပစ်တယ်။ အမှိုက်ဆိုတာ ကြာကြာထားလို့မကောင်းဘူး။ ကြာကြာ ထားရင် ကျန်းမာ ရေး အတွက်လည်း မကောင်းဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here