အသက် ၂ဝ အရွယ်က သ ရု ပ်ေ ဆာ င် ခဲ့ တဲ့ ဇာတ်ကားအကြောင်းပြောပြသူ စိုးပြည့်သဇင်

0
307

Soe Pya Thazin 1 (2)

သရုပ်ဆောင် စိုးပြည့်သဇင်က ဒါရိုက်တာမီးပွား ရိုက်ကူးတဲ့ “ခေါက်ထီးလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မာနကြီးသလို၊ ရိုးသားပြီးထက်မြက်တဲ့ ရှေ့နေ မလေး အမွန် နေရာကနေ ပါဝင်သရုပ်ဆောင်ရတာဖြစ် သလို သူငယ်ချင်းကို အမှောင်လောကထဲကနေ ဆွဲထုတ်ဖို့အတွက် ကြိုးစားခဲ့တဲ့ သူငယ်ချင်းကောင်းနေရာကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရှေ့နေ မလေး အမွန်ရဲ့ ဇာတ်ရုပ်ကို ပေါ်လွင်အောင် ကြိုးစားခဲ့ရပုံများကို စိုးပြည့်သဇင်က…

” စိုးပြည့်ကိုယ်တိုင်ကလည်းအမွန်ဆိုတဲ့ ဇာတ်ရုပ်ပီပြင်ဖို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့တယ်။ ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၄နှစ် လောက်ကတည်းက ရိုက် ထားတာ။ အဲဒီတုန်းက စိုးပြည့်အသက်က ၂ဝပဲရှိသေးတာ။ အသက် ၂ဝအရွယ် နဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ရှေ့နေမလေးအဖြစ် လုပ်ရတာဆိုတော့ ရင့် ကျက်တဲ့ပုံစံ တော်တော် လေး လုပ်ယူခဲ့ရပါတယ်။ အသံတည်ငြိမ်မှု၊ သူငယ်ချင်း အပေါ် ကရုဏာသက်ဝင်မှု၊ အဝတ်အစားပိုင်းအစစအရာရာမှာ စိုးပြည့်ကြိုးစား အားထုတ်ခဲ့ရပါတယ်” လို့ ဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ပရိသတ်များကတော့ ဒီဇာတ် ကားနဲ့ စိုးပြည့်သဇင် ထပ်ဆင့် အကယ်ဒမီရဖို့ ခန့်မှန်းနေကြပါတယ်။ ဒီအကယ် ဒမီခန့်မှန်းမှု အပေါ်ကိုတော့ စိုးပြည့်သဇင်က…

” ဒီဇာတ်ကားလေး ကောင်းဖို့အတွက် ကြိုးစားမှုသည် စိုးပြည့်တို့ သရုပ်ဆောင်တွေရဲ့ အပိုင်းပေါ့နော်။ ကြိုးစားမှု ကို ပရိသတ်က အသိအမှတ်ပြုလို့လည်း စိုးပြည့် ဝမ်းသာ တယ်။ အကယ်ဒမီနဲ့ ပတ်သက်လို့ကတော့ စိုးပြည့်တို့ထက် အများကြီးတတ်ကျွမ်းတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ အဆုံးအဖြတ်ပေးမှုအပေါ်မှာပဲ စိုးပြည့်တို့ က လက်ခံနာယူရမှာပေါ့နော်” လို့ ပြောပြခဲ့ပါတယ်။ ဒါရိုက်တာ မီးပွား ရိုက်ကူးပြသတဲ့ “ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားဟာ ချစ်၊ ကြိုက်၊ ကွဲ၊ ညား ဇာတ် လမ်းတွေထက် ပညာပေးမက်ဆေ့စ်တွေ အများကြီးပါတဲ့ ဇာတ်ကား ဖြစ်သလို မိန်းကလေးထုလာရောက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း လေးတစ်ကားပါလို့ စိုးပြည့်သဇင်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊ ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here