တရားဝင် ဖြစ်လာတဲ့ Selena Gomez တို့ရဲ့ ဆက်ဆံရေး

0
257

rs_1024x759

အားလုံးသိကြတဲ့အတိုင်း Selena gomez နဲ့ the Weeknd တို့နှစ်ဦးရဲ့ ဆက်ဆံရေးက တစ်စနဲ့တစ်စခိုင်မြဲလို့လာပါတယ်။ The Starboy အဆိုတော်က သူနဲ့ Gomez တို့ရဲ့ စုံတွဲပုံကို Instagram မှာ ထပ်မံတင်ခဲ့တာကြောင့် သူတို့ရဲ့အချစ်တွေဟာ တိုးပွားလာတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ပါတယ်။ တင်ခဲ့တဲ့ ဓာတ်ပုံမှာ ခေါင်းစဉ်တပ်ထားခြင်းမရှိခဲ့ပေမယ့် ပရိသတ်တွေကလည်း ဓာတ်ပုံအောက်မှာစာများဝင်ရေးပြီး ထောက်ခံခဲ့ကြပါတယ်။ အားလုံး ပျော်ရွှင်နေတာတော့ မဟုတ်ပါဘူး။ The Weeknd ရဲ့ ရည်စားဟောင်း Bella Hadid ကတော့ The Weeknd ရဲ့ Instagram မှာ unfollow လုပ်ခဲ့တယ်လို့ Gulf News အရ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here