ပရိသတ် အားပေးရ ကျိုးနပ်ပြီး ပြည့်စုံတဲ့ အနုပညာရှင် တစ်ဦးဖြစ်အောင် ကြိုးစားသွားမှာပါ မင်းမော်ကွန်း

0
220

MinMawKunနှင်းဆီ အဖွဲ့သားတွေ နဲ့ ရိုက်ကူးသွားမယ့် Rose Rider ရုပ်ရှင် ဇာတ်ကားအတွက် မင်းသမီးအသစ် ရွေးချယ်သွားဖို့ရှိပြီး မင်းသမီး အသစ်ကို အဖွဲ့သားတွေ အားလုံး တိုင်ပင်ပြီး ရွေးချယ် ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း မင်းမော်ကွန်းက ပြောပါတယ်။

“ကျွန်တော်မြင်မိတာတော့ အသစ်လေး တစ်ယောက်ဖြစ်ဖို့ လိုတာပေါ့။ နောက်ပြီး အသက် ငယ်ငယ်လေး ဖြစ်ရမယ်။ ဒီလူတွေ အကုန်လုံး ကလည်း ညီမလေးလို ချစ်နိုင်မယ့် ရုပ်ရည်ကလေး မျိုးဖြစ်ရမယ်။ မြီးကောင်ပေါက် ကလေး ဖြစ်ရမယ်။ အဲဒါမျိုးလေးကို မြင်ပြီး အသစ်တင်ဖို့ စဉ်းစားဖြစ်တာပါ။ ကျွန်တော်တို့ ဇာတ်ရဲ့ လိုအပ်ချက်အရ မင်းသမီး တင်ဖြစ်တာပါ။ ရွေးချယ်တာက တော့ ကျွန်တော် တို့ အဖွဲ့သားတွေ အားလုံးကပဲ ရွေးချယ်သွားမှာပါ” လို့ပြော ပါတယ်။

အနုပညာ လောကထဲမှာ ရှေ့ဆက်ပြီး အကောင်း ဆုံး ကြိုးစားသွားနေဦး မှာဖြစ်ပြီး ပရိသတ် အားပေးရ ကျိုးနပ်ပြီး ပြည့်စုံတဲ့ အနုပညာရှင် တစ်ဦးဖြစ်အောင် ကြိုးစား သွားမှာဖြစ်ကြောင်းပြောပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းက “ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားမှာ ရှေ့နေ တစ်ဦးအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ် ကားက လွန်ခဲ့တဲ့ ၆နှစ် ဝန်းကျင်ခန့်က ရိုက် ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကား တစ် ကားဖြစ်ပြီး အခု နှစ်မှ ရုံတင်ရတာဖြစ်တဲ့ အတွက် စိုးရိမ်မှုတွေ ရှိ ခဲ့ပေမယ့် ဒီရုပ်ရှင်ဇာတ် ကားကို ကြည့်လိုက်တဲ့အ ချိန် မှာတော့ သဘောကျ ကျေနပ်မိကြောင်း မင်း မော်ကွန်း ကပြောပါတယ်။

“ဒရာမာ ဇာတ်ကား လေးပါ။ ကျွန်တော်လည်း ပြန်ကြည့်တဲ့ အချိန်မှာ ရင် ထဲမှာတော်တော် ခံစားရပါ တယ်။ ဒီလိုမြန်မာ ဇာတ် ကား ကောင်း တစ်ကား ကြည့်ခွင့်ရ တဲ့အတွက်လည်း ထုတ်လုပ်ရေး ကိုရော၊ ဒါရိုက်တာကိုရော ကျေးဇူး တင်ပါတယ်။ သူပေးချင်တဲ့ မက် ဆေ့ခ်ျလေးက တော့ ကိုယ်ချင်း စာနာတတ်ပြီး မိန်းကလေး တစ် ယောက်ရဲ့ ကိုယ်ကျင့်တရား အ ကြောင်းကို ရိုက်ကူး ထားတာပါ။ ကျွန်တော် က ဇာတ်ပို့ပေးရတာပါ။ အဓိကတော့ အေးမြတ်သူ နဲ့ စိုးပြည့်နဲ့ကို တတ်နိုင်သလောက် supporting  သဘော ပါပဲ” လို့ပြော ပါတယ်။

ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ် ကားတွေ ရိုက်ကူးထားပြီး “ခေါက်ထီး လေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကား ပြီးရင်လည်း နောက်ပိုင်းမှာ သူပါဝင် သရုပ်ဆောင် ထားတဲ့ ရုပ်ရှင် ဇာတ် ကားတွေ ရုံတင်သွားဖို့ရှိ ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here