Adele လက်ထပ်လိုက်ပြီလား..

0
126

SUNDAY-Konecki

Adele ရေ၊ ဂုဏ်ယူပါတယ်။ အသံအားပြင်းပြင်းနဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော်မလေး Adele က အိမ်ထောင်ပြုပြီလို့သိရပါတယ်။ သူမဟာ သြစတြေးလျ Brisbane မှာ ပြုလုပ်ခဲ့တဲ့ ရှိုးပွဲမှာ Someone Like you သီချင်းဆိုရင်း အတည်ပြုပေးခဲ့တာပါ။ သူမက ပရိသတ်တွေကို Someone Like you သီချင်းလုပ်တုန်းက ဘယ်မှာ သီချင်းသွင်းခဲ့ပြီး ဘယ်လိုခံစားခဲ့ရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ အခုဆို ကျွန်မ လက်ထပ်ပြီးသား မိန်းကလေးတစ်ဦးပါ။ ” ကျွန်မက သီချင်း သွင်းတုန်းက သူမရဲ့ဇာတ်လမ်းဟောင်းကို စဉ်းစားခဲ့ပါတယ်။ အချစ်ဦးအပေါ်မှာထားရှိတဲ့ ခံစားချက်၊ အချစ်က ဘယ်သူနဲ့မှ မတူနိုင်သလိုကွဲကွာခဲ့တယ်ဆိုရင်လည်း အဆိုးရွားဆုံး ဖြစ်သွားနိုင်ပါတယ်။

Adele က ဒီဇင်ဘာတုန်းက Simon နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး Grammy ဆုပေးပွဲမှာ Album of the Year ဆုလက်ခံရင်း အခုလို ” ခင်ပွန်းနဲ့ သားတို့ ဘေးမှာရှိပေးနေတာကြောင့် အခုလို ဆုမျိုးကို ရရှိခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။ Adele နဲ့ Simon တို့က ၂ဝ၁၁ ခုနှစ်ကတည်းကတွဲခဲ့ကြပြီး လေးနှစ်အရွယ်သားလေး Angelo ရှိခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here